YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 5:11-16

ယောဘ 5:11-16 JBMLE

ထို​သို့ နှိမ့်​ချ​လျက်​ရှိ​သော​သူ​တို့​ကို ချီး​မြှောက်​တော်​မူ၏။ ငြို​ငြင်​သော​သူ​တို့​ကို​လည်း ဝမ်း​သာ​စေ​တော်​မူ၏။ ပ​ရိ​ယာယ်​ပြု​သော​သူ​တို့၏ အ​မှု​ကို မ​အောင်​စေ​ခြင်း​ငှာ သူ​တို့​အ​ကြံ​ကို ဖျက်​တော်​မူ၏။ ပ​ညာ​ရှိ​တို့​ကို သူ​တို့၏​ပ​ရိ​ယာယ်​အား​ဖြင့် ဖမ်း​ဆီး​တော်​မူ၏။ လှည့်​စား​တတ်​သော​သူ​တို့၏ တိုင်​ပင်​ခြင်း​ကို အ​ချည်း​နှီး ဖြစ်​စေ​တော်​မူ၏။ ထို​သူ​တို့​သည် နေ့​အ​ချိန်၌ မှောင်​မိုက်​ကို​တွေ့၍၊ ည​အ​ချိန်၌​ကဲ့​သို့ မွန်း​တည့်​အ​ချိန်၌ စမ်း​သပ်​လျက် သွား​လာ​ကြ၏။ ထို​သူ​တို့​စီ​ရင်​သော ဓား​ဘေး​မှ​လည်း​ကောင်း၊ အား​ကြီး​သော​သူ​တို့၏ လက်​မှ​လည်း​ကောင်း၊ ဆင်း​ရဲ​သား​တို့​ကို ကယ်​နုတ်​တော်​မူ၏။ ထို​သို့ ဆင်း​ရဲ​သား​တို့​သည် မျှော်​လင့်​ရာ​အ​ခွင့် ရှိ​ကြ၏။ အ​ဓ​မ္မ​သည်​လည်း မိ​မိ​နှုတ်​ကို ပိတ်​ထား​ရ၏။