YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 38:1-7

ယောဘ 38:1-7 JBMLE

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ယော​ဘ​စ​ကား​ကို လှန်​ပြန်၍၊ မိုး​သက်​မုန်​တိုင်း​ထဲ​က မိန့်​တော်​မူ​သည်​ကား၊ ပ​ညာ​မ​ရှိ​ဘဲ စ​ကား​ပြော​ကာ​မျှ​နှင့် ငါ့​အ​ကြံ​ကို​မိုက်​စေ​သော ဤ​သူ​ကား အ​ဘယ်​သူ​နည်း။ လူ​ယောက်ျား​ကဲ့​သို့ သင့်​ခါး​ကို စီး​လော့။ ငါ​မေး​မြန်း​သော ပြဿ​နာ​တို့​ကို ဖြေ​လော့။ မြေ​ကြီး​အ​မြစ်​ကို ငါ​တည်​သော​အ​ခါ၊ သင်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ နား​လည်​လျှင် ဖော်​ပြ​လော့။ မြေ​ကြီး​အ​တိုင်း​အ​ရှည် ပ​မာ​ဏ​ကို အ​ဘယ်​သူ စီ​ရင်​သ​နည်း။ နား​လည်​လျှင် ပြော​လော့။ မျဉ်း​ကြိုး​ကို အ​ဘယ်​သူ​တန်း၍ ချ​သ​နည်း။ မြေ​ကြီး​တိုက်​မြစ်​ကို အ​ဘယ်​အ​ရပ်၌ စွဲ​စေ​သ​နည်း။ နံ​နက်​ကြယ်​တို့​သည် တ​ညီ​တ​ညွတ်​တည်း သီ​ချင်း​ဆို၍၊ ဘု​ရား​သ​ခင်​သား​အ​ပေါင်း​တို့​သည် ဝမ်း​မြောက်​သ​ဖြင့်၊ ကြွေး​ကြော်​ကြ​စဉ်၊ တိုက်​ထောင့်​အ​ထွတ်​ကျောက်​ကို အ​ဘယ်​သူ​တင်​ထား​သ​နည်း။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။