YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 11:13-18

ယောဘ 11:13-18 JBMLE

သင်​သည် စိတ်​နှ​လုံး​ကို​ပြင်​ဆင်၍ လက်​တို့​ကို ဘု​ရား​သ​ခင်​ထံ​တော်​သို့ ဆန့်​လျှင်​လည်း​ကောင်း၊ သင်​ပြု​သော​ဒု​စ​ရိုက်​ကို ပယ်၍ သင့်​အိမ်၌ ဆိုး​ညစ်​သော​အ​မှု​ကို လက်​မ​ခံ​လျှင်​လည်း​ကောင်း၊ အ​ညစ်​အ​ကြေး​နှင့်​ကင်း​လွတ်​သော မျက်​နှာ​ကို ပြ​ရ​လိမ့်​မည်။ စိုး​ရိမ်​စ​ရာ​အ​ကြောင်း​မ​ရှိ၊ တည်​ကြည်​လိမ့်​မည်။ ခံ​ပြီး​သော​ဒု​က္ခ​ဆင်း​ရဲ​ကို မေ့​လျော့​လိမ့်​မည်။ လွန်​သွား​ပြီး​သော ရေ​ကို​ကဲ့​သို့ အောက်​မေ့​လိမ့်​မည်။ သင်၏​အ​သက်​သည် မွန်း​တည့်​အ​ရောင်​ထက် ထွန်း​လင်း​လိမ့်​မည်။ ယ​ခု​မှောင်​မိုက်​သော်​လည်း နံ​နက်​ကဲ့​သို့​လင်း​လိမ့်​မည်။ မျှော်​လင့်​စ​ရာ​ရှိ​သော​ကြောင့် မ​စိုး​ရိမ်​ဘဲ​နေ​လိမ့်​မည်။ ယ​ခု​အ​ရှုံး​ခံ​ရ​သော်​လည်း လုံ​ခြုံ​စွာ​ငြိမ်​ဝပ်​လိမ့်​မည်။