YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 1:13-22

ယောဘ 1:13-22 JBMLE

တစ်​နေ့​သ၌ ယော​ဘ၏​သား​သ​မီး​တို့​သည် အစ်​ကို​အ​ကြီး​အိမ်​တွင် စား၍ စ​ပျစ်​ရည်​ကို​သောက်​လျက် နေ​ကြ​စဉ်၊ ယော​ဘ​ထံ​သို့ တစ်​မန်​တစ်​ယောက်​လာ၍၊ နွား​တို့​သည် လယ်​ထွန်​လျက်၊ သူ​တို့​အ​နား​မှာ မြည်း​မ​တို့​သည် ကျက်​စား​လျက်​ရှိ​ကြ​သော​အ​ခါ၊ ရှေ​ဘ​အ​မျိုး​သား​တို့​သည် တိုက်​ယူ​သွား​ကြ​ပါ​ပြီ။ လူ​စောင့်​တို့​ကို​လည်း ဓား​နှင့်​သတ်၍ ကျွန်​တော်​တစ်​ယောက်​တည်း ကျန်​ရစ်​လျက်၊ ကိုယ်​တော်​အား သ​တင်း​ကြား​ပြော​ရ​ပါ​သည်​ဟု လျှောက်​လေ၏။ ထို​သို့​လျှောက်​စဉ်​တွင်၊ အ​ခြား​သော​သူ​တစ်​ယောက်​သည် လာ၍၊ ဘု​ရား​သ​ခင်၏​မီး​သည် မိုး​ကောင်း​ကင်​မှ ကျ​သ​ဖြင့်၊ သိုး​များ​နှင့် လူ​စောင့်​များ​တို့​ကို လောင်၍ သူ​တို့​သည် ကျွမ်း​ကုန်​ကြ​ပါ​ပြီ။ ကျွန်​တော်​တစ်​ယောက်​တည်း ကျန်​ရစ်​လျက်၊ ကိုယ်​တော်​အား သ​တင်း​ကြား​ပြော​ရ​ပါ​သည်​ဟု လျှောက်​လေ၏။ ထို​သို့​လျှောက်​စဉ်​တွင်၊ အ​ခြား​သော​သူ​တစ်​ယောက်​သည် လာ၍၊ ခါ​လ​ဒဲ​အ​မျိုး​သား တပ်​သုံး​တပ်​တို့​သည် ချီ၍ ကု​လား​အုတ်​တို့​ကို တိုက်​ယူ​သွား​ကြ​ပါ​ပြီ။ လူ​စောင့်​တို့​ကို​လည်း ဓား​နှင့်​သတ်၍ ကျွန်​တော်​တစ်​ယောက်​တည်း ကျန်​ရစ်​လျက်၊ ကိုယ်​တော်​အား သ​တင်း​ကြား​ပြော​ရ​ပါ​သည်​ဟု လျှောက်​လေ၏။ ထို​သို့​လျှောက်​စဉ်​တွင်၊ အ​ခြား​သော​သူ​တစ်​ယောက်​သည် လာ၍၊ ကိုယ်​တော်၏​သား​သ​မီး​တို့​သည် အစ်​ကို​အ​ကြီး​အိမ်၌ စား၍ စ​ပျစ်​ရည်​ကို​သောက်​လျက် နေ​ကြ​သော​အ​ခါ၊ တော​မှ လေ​ကြီး​လာ၍ အိမ်​လေး​ထောင့်​ကို တိုက်​သ​ဖြင့်၊ အိမ်​သည် ထို​လု​လင်​တို့​အ​ပေါ်၌ ပြို​လဲ​ပါ၏။ သူ​တို့​သည်​သေ၍ ကျွန်​တော်​တစ်​ယောက်​တည်း ကျန်​ရစ်​လျက်၊ ကိုယ်​တော်​အား သ​တင်း​ကြား​ပြော​ရ​ပါ​သည်​ဟု လျှောက်​လေ၏။ ထို​အ​ခါ ယော​ဘ​သည်​ထ၍ မိ​မိ​ဝတ်​လုံ​ကို ဆုတ်​လေ၏။ ဆံ​ပင်​ကို​လည်း​ရိတ်၍ မြေ​ပေါ်​မှာ​ဝပ်​လျက် ကိုး​ကွယ်​ပြီး​လျှင်၊ ငါ​သည် အ​ဝတ်​မ​ပါ​ဘဲ အ​မိ​ဝမ်း​ထဲ​က ထွက်​လာ၏။ အ​ဝတ်​မ​ပါ​ဘဲ အ​မိ​ဝမ်း​ထဲ​သို့ ပြန်​သွား​တော့​မည်။ ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​လည်း ရုပ်​သိမ်း​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​သည် မင်္ဂ​လာ​ရှိ​ပါ​စေ​သ​တည်း​ဟု ဆို​လေ၏။ ယော​ဘ​သည် ဤ​အ​မှု​များ​နှင့် တွေ့​ကြုံ​သော်​လည်း မ​မှား​ယွင်း။ ထာ​ဝ​ရ​ဘု​ရား​ကို​လည်း အ​ပြစ်​မ​တင်​ဘဲ နေ၏။

​ယောဘ 1:13-22 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။