လမ်း၌သွားတော်မူစဉ်၊ အမိဝမ်းတွင်းကပင် မျက်စိကန်းသောသူတစ်ယောက်ကို တွေ့မြင်သော်မူ၏။- တပည့်တော်တို့က၊ အရှင်ဘုရား၊ ဤသူသည် အဘယ်သူ၏အပြစ်ကြောင့် မျက်စိကန်းသနည်း။ ကိုယ်အပြစ်ကြောင့် ကန်းသလော။ မိဘအပြစ်ကြောင့် ကန်းသလောဟု မေးလျှောက်ကြ၏။- ယေရှုကလည်း၊ ကိုယ်အပြစ်ကြောင့်မဟုတ်။ မိဘအပြစ်ကြောင့်လည်း မဟုတ်။ ဘုရားသခင်၏အမှုတော်ကို သူ၌ထင်ရှားစေမည်အကြောင်းတည်း။- ငါ့ကို စေလွှတ်တော်မူသောသူ၏အမှုကို နေ့အချိန်၌ရှိစဉ်တွင် ငါပြုရမည်။ အဘယ်သူမျှ အမှုမပြုနိုင်သော အချိန်တည်းဟူသော ညအချိန်လာသေး၏။- ငါသည် ဤလောက၌ ရှိစဉ်တွင် ဤလောက၏အလင်းဖြစ်၏ဟု မိန့်တော်မူပြီးလျှင်၊- မြေပေါ်မှာ ထွေး၍ တံတွေးနှင့်ရွှံ့လုပ်ပြီးမှ၊ ကန်းသောသူ၏မျက်စိကိုရွှံ့နှင့်လူး၍၊- သင်သွားလော့။ ရှိလောင်ရေကန်၌ မျက်စိကိုဆေးလော့ဟု မိန့်တော်မူ၏။ ရှိလောင်အနက်ကား စေလွှတ်သည်ဟု ဆိုလိုသတည်း။ ထိုသူသည် သွား၍ဆေးပြီးမှ၊ မျက်စိမြင်လျက်ပြန်လေ၏။ သူသည် သူတောင်းစားဖြစ်သည်ကို အိမ်နီးချင်းမှစ၍ မြင်ဖူးသောသူတို့က၊ ဤသူသည် ထိုင်၍ တောင်းသောသူ မဟုတ်လောဟု ဆိုကြ၏။- လူအချို့က၊ ဟုတ်ကဲ့ဟုဆိုကြ၏။ အချို့ကလည်း၊ ထိုသူနှင့်တူသည်ဟု ဆိုကြ၏။ ထိုသူကလည်း၊ အကျွန်ုပ်သည် ထိုသူပင်ဖြစ်သည်ဟု ဆို၏။- သူတို့ကလည်း၊ အဘယ်သို့ သင်၏မျက်စိပွင့်သနည်းဟု မေးမြန်းကြလျှင်၊- ထိုသူက၊ ယေရှုအမည်ရှိသော သူတစ်ယောက်သည် ရွှံ့လုပ်၍ ကျွန်ုပ်မျက်စိကိုလူးပြီးမှ၊ ရှိလောင်ရေကန်သို့သွား၍ မျက်စိကိုဆေးလော့ဟု ဆိုသည်အတိုင်း အကျွန်ုပ်သွား၍ဆေးလျှင် မျက်စိမြင်သည်ဟုဆို၏။
ရှင်ယောဟန် 9 ကို ဖတ်ရှုရန်
နားထောင်ရန် ရှင်ယောဟန် 9
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန် 9:1-11
5 Days
When we become followers of Jesus, we begin a lifelong journey of growth. A part of growing in our faith is learning how to share the good news about Jesus with other people. In this 5-day Plan, we’ll learn how to share the hope and peace we have in Christ—and how that could change someone's life!
7 နေ့ရက်များ
ယေရှု၏အံ့ဖွယ်အမှုများကို စူးစမ်းလေ့လာပြီး တစ်ခုစီတိုင်းသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း သူ၏ဝိသေသလက္ခဏာကို ဖေါ်ပြကြသည်။ အရေးကြီးသောအံ့ဖွယ်အမှုကို နေ့စဉ် ဗီဒီယိုအတိုတစ်ခုဖြင့် သရုပ်ဖေါ် ထားပါသည်။
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ