YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 7:37-44

ရှင်ယောဟန် 7:37-44 JBMLE

ထို​ပွဲ​ကို​ခံ၍ နောက်​ဆုံး​ဖြစ်​သော​နေ့​မြတ်၌ ယေ​ရှု​သည်​ရပ်၍ ကြွေး​ကြော်​တော်​မူ​သည်​ကား၊ ရေ​ငတ်​သော​သူ​ရှိ​လျှင် ငါ့​ထံ​သို့​လာ၍ သောက်​လော့။- ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် ကျမ်း​စာ​လာ​သည်​အ​တိုင်း အ​သက်​ရေ​ထွက်​ရာ စမ်း​ရေ​တွင်း​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- ထို​သို့​မိန့်​တော်​မူ​သော်၊ ယုံ​ကြည်​သော​သူ​တို့​သည် ခံ​ရ​လ​တ္တံ့​သော​ဝိ​ညာဉ်​တော်​ကို ရည်​မှတ်၍ မိန့်​တော်​မူ၏။ ယေ​ရှု​သည် ဘုန်း​ပွင့်​တော်​မ​မူ​သေး​သော​ကြောင့် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ပေး​တော်​မ​မူ​သေး။ စ​ကား​တော်​ကို ကြား​သော​လူ​အ​များ​တို့​က၊ ဤ​သူ​သည် လာ​လ​တ္တံ့​သော​ပ​ရော​ဖက် အ​မှန်​ဖြစ်​သည်​ဟု ဆို​ကြ၏။- အ​ချို့​က​လည်း၊ ဤ​သူ​သည် ခ​ရစ်​တော်​ဖြစ်​သည်​ဟု ဆို​ကြ၏။ အ​ချို့​က​လည်း၊ ခ​ရစ်​တော်​သည် ဂါ​လိ​လဲ​ပြည်​သား ဖြစ်​ရ​သ​လော။- ခ​ရစ်​တော်​သည် ဒါ​ဝိဒ်​အ​မျိုး၊ ဒါ​ဝိဒ်​နေ​ရာ​ဌာ​န၊ ဗက်​လင်​ရွာ​သား​ဖြစ်​ရ​မည်​ဟု ကျမ်း​စာ​လာ​သည် မ​ဟုတ်​လော​ဟု ဆို​ကြ၏။- ထို​သို့​လူ​များ​တို့​သည် ကွဲ​ပြား​ကြ​သည်​ဖြစ်၍၊ အ​ချို့​တို့​သည် ကိုယ်​တော်​ကို​ဖမ်း​ဆီး​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။- သို့​သော်​လည်း အ​ဘယ်​သူ​မျှ မ​ဖမ်း​မ​ဆီး​ကြ။