ထိုသူသည် တုံးလုံးနေသည်ကို ယေရှုမြင်တော်မူ၍ ကြာလှပြီဟု သိတော်မူလျှင်၊ သင်သည် ကျန်းမာခြင်းသို့ ရောက်လိုသလောဟု မေးတော်မူ၏။- နာသောသူကလည်း၊ သခင်၊ ရေလှုပ်ရှားသောအခါ ရေကန်ထဲသို့ အကျွန်ုပ်ကို သွင်းထားမည့်သူမရှိပါ။ အကျွန်ုပ်သွားစဉ်တွင် အခြားသောသူသည် အကျွန်ုပ်ရှေ့မှာ ဝင်တတ်ပါသည်ဟု လျှောက်၏။- ယေရှုကလည်းထလော့။ ကိုယ်အိပ်ရာကို ဆောင်၍ လှမ်းသွားလော့ဟု မိန့်တော်မူသည်၊- ခဏချင်းတွင် ထိုသူသည် ပကတိအဖြစ်သို့ရောက်၍၊ မိမိအိပ်ရာကိုဆောင်လျက် လှမ်းသွား၏။
ရှင်ယောဟန် 5 ကို ဖတ်ရှုရန်
နားထောင်ရန် ရှင်ယောဟန် 5
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန် 5:6-9
7 နေ့ရက်များ
ယေရှု၏အံ့ဖွယ်အမှုများကို စူးစမ်းလေ့လာပြီး တစ်ခုစီတိုင်းသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း သူ၏ဝိသေသလက္ခဏာကို ဖေါ်ပြကြသည်။ အရေးကြီးသောအံ့ဖွယ်အမှုကို နေ့စဉ် ဗီဒီယိုအတိုတစ်ခုဖြင့် သရုပ်ဖေါ် ထားပါသည်။
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ