YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 5:1-9

ရှင်ယောဟန် 5:1-9 JBMLE

ထို​နောက်​မှ ယု​ဒ​ပွဲ​ခံ​စဉ်​တွင်၊ ယေ​ရှု​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ကြွ​တော်​မူ၏။- ယေ​ရု​ရှ​လင်​မြို့၌ သိုး​တံ​ခါး​နား​မှာ ဟေ​ဗြဲ​ဘာ​သာ​စ​ကား​အား​ဖြင့် ဗေ​သေ​သ​ဒ​အ​မည်​ရှိ​သော ရေ​ကန်​ရှိ၏။ ထို​ရေ​ကန်​သည် က​နား​ပြင်​ငါး​ဆောင်​နှင့် ပြည့်​စုံ၏။- ထို​က​နား​ပြင်​တို့၌ မျက်​စိ​ကန်း၊ ခြေ​မ​စွမ်း၊ ကိုယ်​ပိန်​ခြောက်​သော​သူ​တို့​မှ​စ၍ အ​နာ​ရော​ဂါ​စွဲ​သော​သူ​များ အ​ပေါင်း​တို့​သည် ရေ​လှုပ်​ရှား​ခြင်း​ကို မျှော်​လင့်၍ နေ​ကြ၏။- အ​ကြောင်း​မူ​ကား၊ အ​ချိန်​တန်​လျှင် ကောင်း​ကင်​တ​မန်​သည် ရေ​ကန်​သို့​ဆင်း​သက်၍ ရေ​ကို လှုပ်​ရှား​တတ်၏။ ထို​သို့​ရေ​လှုပ်​ရှား​သည်​နောက်၊ ရှေ့ ဦး​စွာ ဝင်​သော​သူ​သည် မိ​မိ၌​စွဲ​သ​မျှ​သော​အ​နာ​ရော​ဂါ​နှင့် ကင်း​လွတ်​ခြင်း​သို့ ရောက်​တတ်၏။ ထို​အ​ခါ သုံး​ဆယ်​ရှစ်​နှစ်​ပတ်​လုံး ရော​ဂါ​စွဲ​သော​သူ​တစ်​ယောက်​သည် ရေ​ကန်​နား​မှာ​ရှိ၏။- ထို​သူ​သည် တုံး​လုံး​နေ​သည်​ကို ယေ​ရှု​မြင်​တော်​မူ၍ ကြာ​လှ​ပြီ​ဟု သိ​တော်​မူ​လျှင်၊ သင်​သည် ကျန်း​မာ​ခြင်း​သို့ ရောက်​လို​သ​လော​ဟု မေး​တော်​မူ၏။- နာ​သော​သူ​က​လည်း၊ သ​ခင်၊ ရေ​လှုပ်​ရှား​သော​အ​ခါ ရေ​ကန်​ထဲ​သို့ အ​ကျွန်ုပ်​ကို သွင်း​ထား​မည့်​သူ​မ​ရှိ​ပါ။ အ​ကျွန်ုပ်​သွား​စဉ်​တွင် အ​ခြား​သော​သူ​သည် အ​ကျွန်ုပ်​ရှေ့​မှာ ဝင်​တတ်​ပါ​သည်​ဟု လျှောက်၏။- ယေ​ရှု​က​လည်း​ထ​လော့။ ကိုယ်​အိပ်​ရာ​ကို ဆောင်၍ လှမ်း​သွား​လော့​ဟု မိန့်​တော်​မူ​သည်၊- ခ​ဏ​ချင်း​တွင် ထို​သူ​သည် ပ​က​တိ​အ​ဖြစ်​သို့​ရောက်၍၊ မိ​မိ​အိပ်​ရာ​ကို​ဆောင်​လျက် လှမ်း​သွား၏။

​ရှင်ယောဟန် 5:1-9 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။