YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 4:4-9

ရှင်ယောဟန် 4:4-9 JBMLE

ရှ​မာ​ရိ​ပြည်​အ​လယ်၌ လျှောက်​သွား​ရ၏။- ယာ​ကုပ်​သည် မိ​မိ​သား​ယော​သပ်​အား ပေး​သော မြေ​အ​ကွက်​နှင့်​အ​နီး၊ ရှ​မာ​ရိ​နယ်၊ ရှု​ခါ​အ​မည်​ရှိ​သော မြို့​သို့ ရောက်​တော်​မူ၏။- ထို​အ​ရပ်၌ ယာ​ကုပ်၏​ရေ​တွင်း​ရှိ၏။ ယေ​ရှု​သည် ခ​ရီး​သွား၍ ပင်​ပန်း​သော​ကြောင့် ရေ​တွင်း​နား​မှာ ထိုင်​တော်​မူ၏။ ထို​အ​ချိန်​သည် ခြောက်​နာ​ရီ​အ​ချိန်​ဖြစ်၏။ ရှ​မာ​ရိ​မိန်း​မ​တစ်​ယောက်​သည် ရေ​ခပ်​ခြင်း​ငှာ လာ၍၊ ယေ​ရှု​က၊ ငါ​သောက်​ဖို့​ရေ​ပေး​ပါ​ဟု ထို​မိန်း​မ​အား မိန့်​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ တ​ပည့်​တော်​တို့​သည် စား​စ​ရာ​ကို​ဝယ်​ခြင်း​ငှာ မြို့​ထဲ​သို့​သွား​ကြ​သည်​အ​ခိုက် ဖြစ်​သ​တည်း။- ထို​မိန်း​မ​က​လည်း၊ သင်​သည်​ယု​ဒ​လူ​ဖြစ်​လျက်​ပင်၊ ရှ​မာ​ရိ​မိန်း​မ​ဖြစ်​သော​အ​ကျွန်ုပ်​ကို အ​ဘယ်​ကြောင့် သောက်​ဖို့​တောင်း​သ​နည်း​ဟု​ဆို၏။ ဆို​သည်​အ​ကြောင်း​ကား၊ ယု​ဒ​လူ​တို့​သည် ရှ​မာ​ရိ​လူ​တို့​နှင့် ပေါင်း​ဖော်​ခြင်း​မ​ရှိ။

ရှင်ယောဟန် 4:4-9 အကြောင်း ဗီဒီယိုများ