YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 4:21-26

ရှင်ယောဟန် 4:21-26 JBMLE

ယေ​ရှု​က၊ အ​ချင်း​မိန်း​မ၊ ငါ့​စ​ကား​ကို​ယုံ​လော့။ ဤ​တောင်​သို့ မ​လာ၊ ယေ​ရု​ရှ​လင်​မြို့​သို့​မ​သွား​ဘဲ ခ​မည်း​တော်​ကို​ကိုး​ကွယ်​ရ​မည် အ​ချိန်​ကာ​လ ရောက်​ဆဲ​ရှိ၏။- သင်​တို့​သည် ကိုယ်​မ​သိ​သော​အ​ရာ​ကို ကိုး​ကွယ်​ကြ၏။ ငါ​တို့​သည် ကိုယ်​သိ​သော​အ​ရာ​ကို ကိုး​ကွယ်​ကြ၏။ အ​ကြောင်း​မူ​ကား၊ ယု​ဒ​လူ​တို့၌ ကယ်​တင်​ခြင်း​အ​ကြောင်း​ရှိ၏။- ကိုး​ကွယ်​သော​သူ​မှန်​သ​မျှ​တို့​သည် ခ​မည်း​တော်​ကို နာမ်​ဝိ​ညာဉ်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​တ​ရား​နှင့်​လည်း​ကောင်း၊ ကိုး​ကွယ်​ရ​မည့်​အ​ချိန်​ကာ​လ​သည် လာ၍ ယ​ခု​ပင်​ရောက်​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ထို​သို့​ကိုး​ကွယ်​သော​သူ​တို့​ကို ခ​မည်း​တော်​သည် အ​လို​ရှိ​တော်​မူ၏။- ဘု​ရား​သ​ခင်​သည် နာမ်​ဝိ​ညာဉ်​ဖြစ်​တော်​မူ၏။ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​သော​သူ​တို့​သည်၊ နာမ်​ဝိ​ညာဉ်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​နှင့်​လည်း​ကောင်း ကိုး​ကွယ်​ရ​မည်​ဟု မိန့်​တော်​မူ၏။- မိန်း​မ​က​လည်း၊ မေ​ရှိ​ယ​ကြွ​လာ​တော်​မူ​သည်​ဟု အ​ကျွန်ုပ်​သိ​ပါ၏။ ရောက်​တော်​မူ​သော​အ​ခါ အ​ကျွန်ုပ်​တို့​အား အ​လုံး​စုံ​တို့​ကို ဖော်​ပြ​တော်​မူ​မည်​ဟု လျှောက်​ပြန်၏။ မေ​ရှိ​ယ​အ​နက်​ကား၊ ခ​ရစ်​တော်​ဟု ဆို​လို​သ​တည်း။- ယေ​ရှု​က​လည်း၊ သင်​နှင့်​စ​ကား​ပြော​သော​ငါ​သည် မေ​ရှိ​ယ​ပင်​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။

​ရှင်ယောဟန် 4:21-26 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။