YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 4:11-15

ရှင်ယောဟန် 4:11-15 JBMLE

မိန်း​မ​က၊ သ​ခင်၌ ရေ​ခပ်​စ​ရာ​မ​ရှိ၊ ရေ​တွင်း​လည်း နက်​သည်​ဖြစ်၍၊ အ​သက်​ရေ​ကို အ​ဘယ်​သို့​ရ​ပါ​မည်​နည်း။- ဤ​ရေ​တွင်း​ကို ငါ​တို့​အ​ဘ​ယာ​ကုပ်​သည် ငါ​တို့​အား ပေး၏။ သူ့​ကိုယ်​တိုင်​မှ​စ၍၊ သား​သ​မီး၊ တိ​ရ​စ္ဆာန်​များ​တို့​သည် ဤ​တွင်း​ရေ​ကို သောက်​ကြ​ပြီ။ သ​ခင်​သည် ထို​သူ​ထက် ကြီး​မြတ်​သ​လော​ဟု​ဆို၏။- ယေ​ရှု​က​လည်း၊ ဤ​ရေ​ကို​သောက်​သော​သူ​သည် နောက်​တစ်​ဖန် ရေ​ငတ်​ဦး​မည်။- ငါ​ပေး​သော​ရေ​ကို သောက်​သော​သူ​မူ​ကား၊ ရေ​ငတ်​ခြင်း​နှင့်​အ​စဉ်​မ​ပြတ် ကင်း​လွတ်​လိမ့်​မည်။ ငါ​ပေး​သော​ရေ​သည် ထို​သူ၌ ထာ​ဝ​ရ​အ​သက်​ရှင်​ခြင်း​အ​လို​ငှာ ထွက်​သော​စမ်း​ရေ​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- မိန်း​မ​က​လည်း၊ သ​ခင်၊ ကျွန်ုပ်​သည် ရေ​ငတ်​ခြင်း​နှင့်​လည်း​ကောင်း၊ သည်​ကို​လာ၍ ရေ​ခပ်​ခြင်း​နှင့်​လည်း​ကောင်း ကင်း​လွတ်​မည်​အ​ကြောင်း ထို​ရေ​ကို​ပေး​ပါ​ဟု တောင်း​လျှင်၊

ရှင်ယောဟန် 4:11-15 အကြောင်း ဗီဒီယိုများ