YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 4:1-26

ရှင်ယောဟန် 4:1-26 JBMLE

ယေ​ရှု​သည် ကိုယ်​တိုင်​ဗ​တ္တိ​ဇံ​ကို ပေး​တော်​မ​မူ။- တ​ပည့်​တော်​တို့​သာ​လျှင် ပေး​ကြ​သော်​လည်း၊ ယေ​ရှု​သည် ယော​ဟန်​ထက် သာ၍​များ​သော သူ​တို့​ကို တ​ပည့်​တော်​ဖြစ်​စေ၍၊ ဗ​တ္တိ​ဇံ​ကို​ပေး​ကြောင်း​ကို ဖာ​ရိ​ရှဲ​တို့​သည် ကြား​ပြီ​ဟု သ​ခင်​ဘု​ရား​သိ​တော်​မူ​သော​အ​ခါ၊- ယု​ဒ​ပြည်​မှ ထွက်​သွား၍ ဂါ​လိ​လဲ​ပြည်​သို့ တစ်​ဖန် ကြွ​တော်​မူ​စဉ်​တွင်၊- ရှ​မာ​ရိ​ပြည်​အ​လယ်၌ လျှောက်​သွား​ရ၏။- ယာ​ကုပ်​သည် မိ​မိ​သား​ယော​သပ်​အား ပေး​သော မြေ​အ​ကွက်​နှင့်​အ​နီး၊ ရှ​မာ​ရိ​နယ်၊ ရှု​ခါ​အ​မည်​ရှိ​သော မြို့​သို့ ရောက်​တော်​မူ၏။- ထို​အ​ရပ်၌ ယာ​ကုပ်၏​ရေ​တွင်း​ရှိ၏။ ယေ​ရှု​သည် ခ​ရီး​သွား၍ ပင်​ပန်း​သော​ကြောင့် ရေ​တွင်း​နား​မှာ ထိုင်​တော်​မူ၏။ ထို​အ​ချိန်​သည် ခြောက်​နာ​ရီ​အ​ချိန်​ဖြစ်၏။ ရှ​မာ​ရိ​မိန်း​မ​တစ်​ယောက်​သည် ရေ​ခပ်​ခြင်း​ငှာ လာ၍၊ ယေ​ရှု​က၊ ငါ​သောက်​ဖို့​ရေ​ပေး​ပါ​ဟု ထို​မိန်း​မ​အား မိန့်​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ တ​ပည့်​တော်​တို့​သည် စား​စ​ရာ​ကို​ဝယ်​ခြင်း​ငှာ မြို့​ထဲ​သို့​သွား​ကြ​သည်​အ​ခိုက် ဖြစ်​သ​တည်း။- ထို​မိန်း​မ​က​လည်း၊ သင်​သည်​ယု​ဒ​လူ​ဖြစ်​လျက်​ပင်၊ ရှ​မာ​ရိ​မိန်း​မ​ဖြစ်​သော​အ​ကျွန်ုပ်​ကို အ​ဘယ်​ကြောင့် သောက်​ဖို့​တောင်း​သ​နည်း​ဟု​ဆို၏။ ဆို​သည်​အ​ကြောင်း​ကား၊ ယု​ဒ​လူ​တို့​သည် ရှ​မာ​ရိ​လူ​တို့​နှင့် ပေါင်း​ဖော်​ခြင်း​မ​ရှိ။- ယေ​ရှု​က​လည်း၊ ဘု​ရား​သ​ခင် ကျေး​ဇူး​တော်​ကို​လည်း​ကောင်း၊ ငါ​သောက်​ဖို့​ရေ​ပေး​ပါ​ဟု ဆို​သော​သူ​ကား အ​ဘယ်​သူ​ဖြစ်​သည်​ကို​လည်း​ကောင်း သင်​သည်​သိ​လျှင် ထို​သူ​ကို​တောင်း​လိမ့်​မည်။ ထို​သူ​သည်​လည်း အ​သက်​ရေ​ကို ပေး​လိမ့်​မည်​ဟု ပြန်၍ မိန့်​တော်​မူ​သော်၊- မိန်း​မ​က၊ သ​ခင်၌ ရေ​ခပ်​စ​ရာ​မ​ရှိ၊ ရေ​တွင်း​လည်း နက်​သည်​ဖြစ်၍၊ အ​သက်​ရေ​ကို အ​ဘယ်​သို့​ရ​ပါ​မည်​နည်း။- ဤ​ရေ​တွင်း​ကို ငါ​တို့​အ​ဘ​ယာ​ကုပ်​သည် ငါ​တို့​အား ပေး၏။ သူ့​ကိုယ်​တိုင်​မှ​စ၍၊ သား​သ​မီး၊ တိ​ရ​စ္ဆာန်​များ​တို့​သည် ဤ​တွင်း​ရေ​ကို သောက်​ကြ​ပြီ။ သ​ခင်​သည် ထို​သူ​ထက် ကြီး​မြတ်​သ​လော​ဟု​ဆို၏။- ယေ​ရှု​က​လည်း၊ ဤ​ရေ​ကို​သောက်​သော​သူ​သည် နောက်​တစ်​ဖန် ရေ​ငတ်​ဦး​မည်။- ငါ​ပေး​သော​ရေ​ကို သောက်​သော​သူ​မူ​ကား၊ ရေ​ငတ်​ခြင်း​နှင့်​အ​စဉ်​မ​ပြတ် ကင်း​လွတ်​လိမ့်​မည်။ ငါ​ပေး​သော​ရေ​သည် ထို​သူ၌ ထာ​ဝ​ရ​အ​သက်​ရှင်​ခြင်း​အ​လို​ငှာ ထွက်​သော​စမ်း​ရေ​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- မိန်း​မ​က​လည်း၊ သ​ခင်၊ ကျွန်ုပ်​သည် ရေ​ငတ်​ခြင်း​နှင့်​လည်း​ကောင်း၊ သည်​ကို​လာ၍ ရေ​ခပ်​ခြင်း​နှင့်​လည်း​ကောင်း ကင်း​လွတ်​မည်​အ​ကြောင်း ထို​ရေ​ကို​ပေး​ပါ​ဟု တောင်း​လျှင်၊- ယေ​ရှု​က၊ သွား​လော့။ သင်၏​လင်​ကို​ခေါ်၍ သည်​ကို​လာ​ဦး​လော့​ဟု မိန့်​တော်​မူ၏။- မိန်း​မ​က​လည်း၊ အ​ကျွန်ုပ်၌ လင်​မ​ရှိ​ဟု​ဆို​လျှင်၊ ယေ​ရှု​က၊ လင်​မ​ရှိ​ဟူ​သော​စ​ကား​သည် မှန်၏။- အ​ကြောင်း​မူ​ကား၊ သင်၌ လင်​ငါး​ယောက်​ရှိ​ဖူး​ပြီ။ ယ​ခု​သင်​နှင့်​နေ​သော​သူ​သည် သင်၏​လင်​မ​ဟုတ်။ ဤ​အ​ရာ၌ သင်​သည်​မှန်​သော စ​ကား​ကို​ပြော​ပြီ​ဟု မိန့်​တော်​မူ၏။ ထို​မိန်း​မ​က​လည်း၊ သ​ခင်၊ ကိုယ်​တော်​သည် ပ​ရော​ဖက်​ဖြစ်​သည်​ကို အ​ကျွန်ုပ်​ရိပ်​မိ​ပါ၏။- အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​များ​သည် ဤ​တောင်​ပေါ်၌ ကိုး​ကွယ်​လေ့​ရှိ​ကြ၏။ ယေ​ရု​ရှ​လင်​မြို့၌​သာ ကိုး​ကွယ်​ရ​မည်​ဟု သင်​တို့​သည် ဆို​တတ်​ကြ၏​ဟု လျှောက်​လျှင်၊- ယေ​ရှု​က၊ အ​ချင်း​မိန်း​မ၊ ငါ့​စ​ကား​ကို​ယုံ​လော့။ ဤ​တောင်​သို့ မ​လာ၊ ယေ​ရု​ရှ​လင်​မြို့​သို့​မ​သွား​ဘဲ ခ​မည်း​တော်​ကို​ကိုး​ကွယ်​ရ​မည် အ​ချိန်​ကာ​လ ရောက်​ဆဲ​ရှိ၏။- သင်​တို့​သည် ကိုယ်​မ​သိ​သော​အ​ရာ​ကို ကိုး​ကွယ်​ကြ၏။ ငါ​တို့​သည် ကိုယ်​သိ​သော​အ​ရာ​ကို ကိုး​ကွယ်​ကြ၏။ အ​ကြောင်း​မူ​ကား၊ ယု​ဒ​လူ​တို့၌ ကယ်​တင်​ခြင်း​အ​ကြောင်း​ရှိ၏။- ကိုး​ကွယ်​သော​သူ​မှန်​သ​မျှ​တို့​သည် ခ​မည်း​တော်​ကို နာမ်​ဝိ​ညာဉ်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​တ​ရား​နှင့်​လည်း​ကောင်း၊ ကိုး​ကွယ်​ရ​မည့်​အ​ချိန်​ကာ​လ​သည် လာ၍ ယ​ခု​ပင်​ရောက်​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ထို​သို့​ကိုး​ကွယ်​သော​သူ​တို့​ကို ခ​မည်း​တော်​သည် အ​လို​ရှိ​တော်​မူ၏။- ဘု​ရား​သ​ခင်​သည် နာမ်​ဝိ​ညာဉ်​ဖြစ်​တော်​မူ၏။ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​သော​သူ​တို့​သည်၊ နာမ်​ဝိ​ညာဉ်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​နှင့်​လည်း​ကောင်း ကိုး​ကွယ်​ရ​မည်​ဟု မိန့်​တော်​မူ၏။- မိန်း​မ​က​လည်း၊ မေ​ရှိ​ယ​ကြွ​လာ​တော်​မူ​သည်​ဟု အ​ကျွန်ုပ်​သိ​ပါ၏။ ရောက်​တော်​မူ​သော​အ​ခါ အ​ကျွန်ုပ်​တို့​အား အ​လုံး​စုံ​တို့​ကို ဖော်​ပြ​တော်​မူ​မည်​ဟု လျှောက်​ပြန်၏။ မေ​ရှိ​ယ​အ​နက်​ကား၊ ခ​ရစ်​တော်​ဟု ဆို​လို​သ​တည်း။- ယေ​ရှု​က​လည်း၊ သင်​နှင့်​စ​ကား​ပြော​သော​ငါ​သည် မေ​ရှိ​ယ​ပင်​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။

​ရှင်ယောဟန် 4:1-26 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။