YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 3:22-36

ရှင်ယောဟန် 3:22-36 JBMLE

ထို​နောက်​မှ ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​အ​တူ ယု​ဒ​ပြည်၏​ကျေး​လက်​သို့ ကြွ​တော်​မူ​လျှင်၊ ထို​အ​ရပ်၌ တ​ပည့်​တော်​တို့​နှင့်​တ​ကွ နေ​တော်​မူ၍ ဗ​တ္တိ​ဇံ​ကို ပေး​လေ၏။- ယော​ဟန်​သည်​လည်း၊ ရှာ​လိမ်​မြို့​နှင့်​အ​နီး အဲ​နုန်​အ​ရပ်၌ ရေ​များ​သော​ကြောင့်၊ ဗ​တ္တိ​ဇံ​ကို​ပေး၍ နေ​သ​ဖြင့်၊ လူ​များ​တို့​သည်​လာ၍ ဗ​တ္တိ​ဇံ​ကို ခံ​ကြ၏။- ယော​ဟန်​သည် ထောင်​ထဲ​သို့​မ​ရောက်​သေး။ ထို​အ​ခါ ယော​ဟန်၏​တ​ပည့်​တို့​သည် စင်​ကြယ်​ခြင်း​ကို အ​ကြောင်း​ပြု၍ ယု​ဒ​လူ​နှင့် ဆွေး​နွေး​ငြင်း​ခုံ​ခြင်း​ရှိ​ကြ​သ​ဖြင့်၊- ယော​ဟန်​ထံ​သို့​လာ၍၊ အ​ရှင်​ဘု​ရား၊ ယော်​ဒန်​မြစ်​တစ်​ဖက်၌ ကိုယ်​တော်​နှင့်​တ​ကွ​ရှိ၍၊ ကိုယ်​တော် သက်​သေ​ပေး​သော​သူ​သည် ဗ​တ္တိ​ဇံ​ကို​ပေး​လျက်​နေ၏။ ထို​သူ​ထံ​သို့ လူ​အ​ပေါင်း​တို့​သည် ရောက်​ကြ​ပါ၏​ဟု လျှောက်​လျှင်၊- ယော​ဟန်​က၊ ကောင်း​ကင်​ဘုံ​မှ ပေး​တော်​မ​မူ​လျှင် လူ​သည် အ​ဘယ်​အ​ရာ​ကို​မျှ မ​ခံ​နိုင်​ရာ။ ငါ​သည် ခ​ရစ်​တော်​မ​ဟုတ်။- ခ​ရစ်​တော်​ရှေ့၌ စေ​လွှတ်​သော​သူ​ဖြစ်​သည်​ဟု ငါ​ဆို​သည်​ကို သင်​တို့​သည် ငါ၏​သက်​သေ​ဖြစ်​ကြ၏။- မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​ကို ရ​သော​သူ​သည် မင်္ဂ​လာ​ဆောင်​လု​လင်​ဖြစ်၏။ မင်္ဂ​လာ​ဆောင်​လု​လင်၏ အ​နား​မှာ​နေ၍ သူ၏​စ​ကား​ကို​ကြား​ရ​သော အ​ဆွေ​ခင်​ပွန်း​သည် ထို​စ​ကား​သံ​ကို​ကြား​သော​အား​ဖြင့် ဝမ်း​မြောက်​ခြင်း​ရှိ၏။ ထို​နည်း​တူ ငါ၏​ဝမ်း​မြောက်​ခြင်း ပြည့်​စုံ၏။- ထို​သ​ခင်​သည် တိုး​ပွား​ခြင်း​ရှိ​ရ​မည်။ ငါ​မူ​ကား ဆုတ်​ယုတ်​ခြင်း​ရှိ​ရ​မည်။ အ​ထက်​မှ​လာ​သော​သူ​သည် အ​လုံး​စုံ​တို့၏ အ​ထွတ်​ဖြစ်၏။ မြေ​ကြီး​မှ​ဖြစ်​သော​သူ​သည် မြေ​ကြီး​နှင့် စပ်​ဆိုင်၍ မြေ​ကြီး​အ​ရာ​ကို​ပြော​တတ်၏။ ကောင်း​ကင်​ဘုံ​မှ ကြွ​လာ​သော​သူ​သည် အ​လုံး​စုံ​တို့၏​အ​ထွတ်ဖြစ်​တော်​မူ၏။- မြင်​သ​မျှ​ကြား​သ​မျှ​တို့​ကို​လည်း သက်​သေ​ခံ​တော်​မူ၏။ ထို​သက်​သေ​ခံ​ချက်​ကို အ​ဘယ်​သူ​မျှ​မ​ခံ​မ​ယူ၊- သက်​သေ​ခံ​တော်​မူ​ချက်​ကို ခံ​ယူ​သော​သူ​သည်​ကား၊ ဘု​ရား​သ​ခင်​သည် သ​စ္စာ​စောင့်​တော်​မူ​သည်​ဟု တံ​ဆိပ်​ခတ်၏။- ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ​သော​သူ​သည် ဘု​ရား​သ​ခင်၏​စ​ကား​တော်​ကို ပြော​ဆို​တတ်၏။ ထို​သူ​အား ဘု​ရား​သ​ခင်​သည် ဝိ​ညာဉ်​တော်​ကို အ​တိုင်း​အ​ရှည်​မ​ရှိ​ဘဲ ပေး​တော်​မူ၏။- ခ​မည်း​တော်​သည် သား​တော်​ကို ချစ်​တော်​မူ၍၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သား​တော်​လက်​သို့ အပ်​ပေး​တော်​မူ​ပြီ။ - သား​တော်​ကို ယုံ​ကြည်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ၏။ သား​တော်​ကို ပယ်​သော​သူ​မူ​ကား အ​သက်​ကို မ​တွေ့​ရ။ ထို​သူ၏​အ​ပေါ်၌ ဘု​ရား​သ​ခင်၏ အ​မျက်​တော်​တည်​နေ​သည်​ဟု ယော​ဟန်​ဟော​လေ၏။

ရှင်ယောဟန် 3:22-36 အကြောင်း ဗီဒီယိုများ