YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 3:10-21

ရှင်ယောဟန် 3:10-21 JBMLE

တစ်​ဖန်​ယေ​ရှု​က၊ သင်​သည် ဣ​သ​ရေ​လ​လူ​တို့​တွင် ဓ​မ္မ​ဆ​ရာ​ဖြစ်​လျက်​ပင် ဤ​အ​မှု​အ​ရာ​ကို မ​သိ​သ​လော။- ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​တို့​သည် ကိုယ်​သိ​သော​အ​ရာ​ကို ပြော၏၊ ကိုယ်​မြင်​သော​အ​ရာ​ကို သက်​သေ​ခံ၏။ သို့​သော်​လည်း ငါ​တို့၏​သက်​သေ​ခံ​ချက်​ကို သင်​တို့​သည် မ​ခံ​မ​ယူ​ကြ။- မြေ​ကြီး​အ​ရာ​ကို ငါ​ပြော၍ သင်​တို့​သည် မ​ယုံ​လျှင်၊ ကောင်း​ကင်​အ​ရာ​ကို ငါ​ပြော​သော​အ​ခါ အ​ဘယ်​သို့ ယုံ​ကြ​လိမ့်​မည်​နည်း။- ကောင်း​ကင်​ဘုံ​က​ဆင်း​သက်၍ ကောင်း​ကင်​ဘုံ၌​ရှိ​နေ​သော လူ​သား​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ကောင်း​ကင်​ဘုံ​သို့ မ​တက်​ပြီ။- မော​ရှေ​သည်​တော၌ မြွေ​ကို မြှောက်​ထား​သ​ကဲ့​သို့ လူ​သား​သည် မြှောက်​ထား​ခြင်း​ကို ခံ​ရ​မည်။- အ​ကြောင်း​မူ​ကား၊ ထို​သား​တော်​ကို ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည် ပျက်​စီး​ခြင်း​သို့​မ​ရောက်၊ ထာ​ဝ​ရ​အ​သက်​ကို ရ​မည်​အ​ကြောင်း​တည်း။- ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည်၊ ပျက်​စီး​ခြင်း​သို့​မ​ရောက်၊ ထာ​ဝ​ရ​အ​သက်​ကို ရ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် မိ​မိ၌ တစ်​ပါး​တည်း​သော သား​တော်​ကို စွန့်​တော်​မူ​သည်​တိုင်​အောင် လော​ကီ​သား​တို့​ကို ချစ်​တော်​မူ၏။- လော​ကီ​သား​တို့​အား အ​ပြစ်​စီ​ရင်​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည်​သား​တော်​ကို ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သည်​မ​ဟုတ်။ လော​ကီ​သား​တို့​သည် ကိုယ်​တော်​အား​ဖြင့် ကယ်​တင်​ခြင်း​သို့​ရောက်​မည်​အ​ကြောင်း စေ​လွှတ်​တော်​မူ၏။- သား​တော်​ကို​ယုံ​ကြည်​သော​သူ​သည် အ​ပြစ်​စီ​ရင်​ခြင်း​ကို မ​ခံ​ရ။ မ​ယုံ​ကြည်​သော​သူ​မူ​ကား၊ ဘု​ရား​သ​ခင်၌ တစ်​ပါး​တည်း​သော​သား​တော်​ကို မ​ယုံ​ကြည်​သော​ကြောင့် ယ​ခု​ပင် အ​ပြစ်​စီ​ရင်​ခြင်း​ကို​ခံ​ရ၏။- အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြောင်း​ကား၊ အ​လင်း​သည် ဤ​လော​က​သို့​ဝင်၍၊ လူ​တို့​သည် မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​ကြောင့်၊ အ​လင်း​ထက် မှောင်​မိုက်​ကို သာ၍​နှစ်​သက်​ကြ၏။- ဆိုး​ယုတ်​သော​အ​ကျင့်​ကို ကျင့်​သော​သူ​အ​ပေါင်း​တို့​သည် အ​လင်း​ကို​မြင်​ပြင်း၍ မိ​မိ​တို့​အ​ကျင့်၌ အ​ပြစ်​ပါ​သည်​ကို​မ​ထင်​ရှား​စေ​ခြင်း​ငှာ အ​လင်း​သို့ မ​ချဉ်း​ကပ်​ကြ။- သ​မ္မာ​တ​ရား​ကို ကျင့်​သော​သူ​မူ​ကား၊ မိ​မိ​အ​ကျင့်​တို့​သည် ဘု​ရား​သ​ခင်၏​အ​လို​တော်​နှင့် ညီ​သည်​ကို ထင်​ရှား​စေ​ခြင်း​ငှာ အ​လင်း​သို့​ချဉ်း​ကပ်​သည်​ဟု ဟော​တော်​မူ၏။

ရှင်ယောဟန် 3:10-21 အကြောင်း ဗီဒီယိုများ