ယုဒလူတို့တွင် အရာရှိဖြစ်သော နိကောဒင်အမည်ရှိသော ဖာရိရှဲတစ်ယောက်သည်၊- ညအခါ ယေရှုထံတော်သို့လာ၍၊ အရှင်ဘုရား၊ ကိုယ်တော်သည်ပြတော်မူသော ဤနိမိတ်လက္ခဏာတို့ကို ဘုရားသခင်၏အခွင့်မရှိလျှင် အဘယ်သူမျှ မပြနိုင်သည်ကို အကျွန်ုပ်တို့သည်ထောက်၍၊ ကိုယ်တော်သည် ဘုရားသခင့်အထံတော်မှ ကြွလာတော်မူသော ဆရာဖြစ်ကြောင်းကို သိကြပါ၏ဟုလျှောက်သော်၊- ယေရှုက၊ ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန်ဆိုသည်ဟု ပြန်၍မိန့်တော်မူ၏။- နိကောဒင်ကလည်း၊ အသက်ကြီးသောသူသည် မွေးခြင်းကိုအဘယ်သို့ခံနိုင်ပါမည်နည်း။ အမိဝမ်းထဲသို့ တစ်ဖန်ဝင်၍ မွေးခြင်းကို ခံနိုင်ပါမည်လောဟု လျှောက်၏။- ယေရှုကလည်း၊ ရေနှင့် ဝိညာဉ်တော် မမွေးသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်သို့ မဝင်ရဟု ငါအမှန်အကန်ဆို၏။- ဇာတိပကတိမွေးသောအရာသည် ဇာတိပကတိဖြစ်၏။ ဝိညာဉ်တော်မွေးသောအရာသည် ဝိညာဉ်ဖြစ်၏။- ဒုတိယမွေးခြင်းကို ခံရမည်ဟု ငါဟောပြောသည်ကို အံ့ဩခြင်းမရှိနှင့်။- လေသည် အလိုရှိတိုင်းသွားလာ၏။ လေ၏အသံကို သင်သည်ကြားရသော်လည်း အဘယ်အရပ်ကဖြစ်သည်၊ အဘယ်အရပ်သို့သွားသည်ကို မသိနိုင်။ ထိုနည်းတူ ဝိညာဉ်တော်မွေးသောသူဖြစ်သည်ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 3 ကို ဖတ်ရှုရန်
နားထောင်ရန် ရှင်ယောဟန် 3
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန် 3:1-8
၅ ရက်
သင်တို့သည် လောက၏အလင်းဖြစ်ကြ၏ ၏ လူတိုင်းမြင်စေခြင်းငှါ၊ ထွန်းလင်းကြလော့။ (မ၊ ၅း၁၄) ကျမ်းစာကိုနေ့တိုင်းဖတ်ရှုဆင်ခြင်ပြီး အသက်တာ၌ကျင့်သုံးသောအခါ ရန်သူစာတန်၏ ဖန်တီးထားသောအလင်းများကို ပို၍လွယ်ကူစွာသိမြင်နိုင်လာပြီး၊ ဘုရား၏ထွန်းလင်းပေးသောလမ်းတွင် အမြဲတည်နေ၍ သင်၏အိမ်ထောင်နှင့် အဖွဲ့အစည်း၌ ခရစ်တော်အတွက် င်ထင်ရှားရှားအလင်းပေးနိုင်လာမည်။
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ