YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 21:22-25

ရှင်ယောဟန် 21:22-25 JBMLE

ယေ​ရှု​က၊ ငါ​ကြွ​လာ​သည်​ကာ​လ​တိုင်​အောင် ထို​သူ​ကို​နေ​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ​လျှင် သင်​သည် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ သင်​မူ​ကား ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ၏။- ထို​စ​ကား​တော်​ကို​ထောက်​လျှင်၊ ညီ​အစ်​ကို​တို့​က၊ ထို​တ​ပည့်​တော်​သည် မ​သေ​ရ​ဟု အ​နှံ့​အ​ပြား ပြော​ဆို​ကြ၏။ သို့​သော်​လည်း ထို​သူ​သည်​မ​သေ​ရ​ဟု ယေ​ရှု​မိန့်​တော်​မူ​သည် မ​ဟုတ်။ ငါ​ကြွ​လာ​သည်​ကာ​လ​တိုင်​အောင် ထို​သူ​ကို​နေ​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ​လျှင် သင်​သည် အ​ဘယ်​သို့​ဆိုင်​သ​နည်း​ဟု မိန့်​တော်​မူ​သ​တည်း။ ထို​တ​ပည့်​တော်​ကား၊ ဤ​အ​ကြောင်း​အ​ရာ​တို့​ကို သက်​သေ​ခံ၍ ရေး​ထား​သော​သူ​ဖြစ်၏။ သူ၏​သက်​သေ​ခံ​ချက် မှန်​သည်​ကို ငါ​တို့​သိ​ကြ၏။ ယေ​ရှု​ပြု​တော်​မူ​သော အ​ခြား​အ​မှု​အ​ရာ​အ​များ ရှိ​သေး၏။ ထို​အ​မှု​အ​ရာ​ရှိ​သ​မျှ​တို့​ကို အ​သီး​အ​ခြား​ရေး​ထား​လျှင်၊ မြေ​ကြီး​မ​ဆံ့​နိုင်​အောင် ကျမ်း​စာ​များ​ပြား​လိမ့်​မည်​ဟု ထင်​မှတ်​ခြင်း​ရှိ၏။ ရှင်​ယော​ဟန်​ခ​ရစ်​ဝင်​ပြီး၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။