YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 2:12-25

ရှင်ယောဟန် 2:12-25 JBMLE

ထို​နောက် မယ်​တော်​မှ​စ၍​ညီ​တော်၊ တ​ပည့်​တော်​တို့​နှင့်​တ​ကွ၊ က​ပေ​ရ​နောင်​မြို့​သို့ ကြွ​တော်​မူ၏။ ထို​မြို့​မှာ ကြာ​မြင့်​စွာ​မ​နေ​ဘဲ၊ ယု​ဒ​ပ​သ​ခါ​ပွဲ​ခံ​ချိန် နီး​သည်​ရှိ​သော်၊ ယေ​ရု​ရှ​လင်​မြို့​သို့ ကြွ​တော်​မူ၏။- ဗိ​မာန်​တော်၌ သိုး၊ နွား၊ ချိုး​ငှက် ရောင်း​သော သူ​တို့​ကို​လည်း​ကောင်း၊ ပွဲ​စား​များ ထိုင်​လျက်​ရှိ​သည်​ကို​လည်း​ကောင်း တွေ့​တော်​မူ​လျှင်၊- ရိုက်​စ​ရာ​ဖို့ ကြိုး​သေး​များ​ကို ပြု​ပြင်​ပြီး​မှ၊ ထို​သူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ သိုး၊ နွား​များ​ကို​လည်း​ကောင်း၊ ဗိ​မာန်​တော်​မှ​နှင်​ထုတ်​တော်​မူ၍၊ ပွဲ​စား​တို့၏ ငွေ​တင်​ခုံ​များ​ကို တွန်း​ပစ်​မှောက်​ထား​တော်​မူ၏၊- ချိုး​ငှက်​ရောင်း​သော သူ​တို့​အား​လည်း၊ ဤ​ဥ​စ္စာ​ကို ယူ​သွား​ကြ။ ငါ့​အ​ဘ၏​အိမ်​တော်​ကို ပွဲ​တဲ​မ​လုပ်​ကြ​နှင့်​ဟု မိန့်​တော်​မူ၏။- ကိုယ်​တော်၏​အိမ်​တော်၌ စွဲ​လမ်း​ပူ​ပန်​ခြင်း​စိတ်​သည် အ​ကျွန်ုပ်​ကို​စား​ပါ၏​ဟူ၍ ကျမ်း​စာ​လာ​သည်​ကို၊ ထို​အ​ခါ​တ​ပည့်​တော်​တို့​သည် မှတ်​မိ​ကြ၏။ ယု​ဒ​လူ​တို့​က​လည်း၊ သင်​သည် ဤ​သို့​ပြု​လျှင် အ​ဘယ်​နိ​မိတ်​လ​က္ခ​ဏာ​ကို ငါ​တို့​အား ပြ​မည်​နည်း​ဟု ဆို​ကြ၏။- ယေ​ရှု​က​လည်း၊ ဤ​ဗိ​မာန်​တော်​ကို ဖြို​ဖျက်​ကြ​လော့။ သုံး​ရက်​အ​တွင်း​တွင် ငါ​တည်​ဆောက်​မည်​ဟု မိန့်​တော်​မူ၏။- ယု​ဒ​လူ​တို့​က၊ အ​နှစ်​လေး​ဆယ်​ခြောက်​နှစ်​ပတ်​လုံး ဤ​ဗိ​မာန်​တော်​ကို တည်​ဆောက်​ရ​ကြ၏။ သင်​မူ​ကား၊ သုံး​ရက်​တည်း​နှင့် တည်​ဆောက်​မည်​လော​ဟု ဆို​ကြ၏။- ထို​သို့​မိန့်​တော်​မူ​ရာ၌ မိ​မိ​ကိုယ်​တည်း​ဟူ​သော ဗိ​မာန်​ကို​အ​မှတ်​ပြု၍ မိန့်​တော်​မူ၏။- ထို​ကြောင့် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သည်​နောက် ထို​စ​ကား​တော်​ကို တ​ပည့်​တော်​တို့​သည် မှတ်​မိ​ကြ​သ​ဖြင့်၊ ကျမ်း​စာ​ကို​လည်း​ကောင်း၊ ယေ​ရှု၏ နှုတ်​က​ပတ်​တော်​ကို​လည်း​ကောင်း ယုံ​ကြ၏။ ပ​သ​ခါ​ပွဲ​အ​တွင်း​တွင် ယေ​ရှု​သည် ယေ​ရု​ရှ​လင်​မြို့၌​ရှိ၍၊ ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို များ​စွာ​သော​သူ​တို့​သည် မြင်​ရ​သ​ဖြင့် ကိုယ်​တော်​ကို ယုံ​ကြည်​ခြင်း​သို့ ရောက်​ကြ၏။- သို့​သော်​လည်း​ယေ​ရှု​သည် ထို​သူ​တို့၌ ကိုယ်​ကို​အပ်​တော်​မ​မူ။ အ​ကြောင်း​မူ​ကား၊ ခပ်​သိမ်း​သော​သူ​တို့​ကို သိ​တော်​မူ၏။- လူ၏​အ​ထဲ၌​ရှိ​သ​မျှ​ကို သိ​တော်​မူ​သော​ကြောင့်၊ လူ၏​အ​ကြောင်း​ကို သက်​သေ​ခံ​စေ​ခြင်း​ငှာ အ​ဘယ်​သူ​ကို​မျှ အ​လို​တော်​မ​ရှိ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။