YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 17:10-19

ရှင်ယောဟန် 17:10-19 JBMLE

အ​ကျွန်ုပ်​နှင့်​စပ်​ဆိုင်​သော အ​ရာ​ရှိ​သ​မျှ​တို့​သည် ကိုယ်​တော်​နှင့် စပ်​ဆိုင်​ကြ​ပါ၏။ ကိုယ်​တော်​နှင့်​စပ်​ဆိုင်​သော အ​ရာ​ရှိ​သ​မျှ​တို့​သည်​လည်း၊ အ​ကျွန်ုပ်​နှင့်​စပ်​ဆိုင်၍ ထို​အ​ရာ​တို့​အား​ဖြင့် အ​ကျွန်ုပ်​သည် ဘုန်း​ထင်​ရှား​ပါ၏။- ယ​ခု​မှ​စ၍​အ​ကျွန်ုပ်​သည် ဤ​လော​က၌​မ​ရှိ​ပါ၊ ဤ​သူ​တို့​မူ​ကား၊ ဤ​လော​က၌ ရှိ​ရစ်​ရ​ကြ​ပါ​မည်။ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​သို့ သွား​ရ​ပါ​မည်။ သန့်​ရှင်း​တော်​မူ​သော​အ​ဘ၊ ကိုယ်​တော်​နှင့် အ​ကျွန်ုပ်​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သ​ကဲ့​သို့ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော ဤ​သူ​တို့​သည် ဖြစ်​ရ​ပါ​မည်​အ​ကြောင်း၊ သူ​တို့​ကို ကိုယ်​တော်၏ နာ​မ၌​တည်​စေ​တော်​မူ​ပါ။- အ​ကျွန်ုပ်​သည် ဤ​လော​က၌ ဤ​သူ​တို့​နှင့်​တ​ကွ ရှိ​စဉ်​ကာ​လ၊ သူ​တို့​ကို​ကိုယ်​တော်၏​နာ​မ၌ တည်​စေ​ပါ​ပြီ။ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​သူ​တို့​ကို အ​ကျွန်ုပ်​စောင့်​မ​ပါ​ပြီ။ ထို​သူ​တို့​တွင် ပျက်​စီး​ခြင်း၏​သား​တစ်​ယောက်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ပျက်​စီး​ခြင်း​သို့​မ​ရောက်​ပါ။ ထို​သူ​သည် ပျက်​စီး​ခြင်း​သို့ ရောက်​သည်​အ​ကြောင်း​ကား၊ ကျမ်း​စာ ပြည့်​စုံ​မည်​အ​ကြောင်း​တည်း။ ယ​ခု​တွင် အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​သို့​သွား​ရ​မည်​ဖြစ်၍၊ ဤ​သူ​တို့​သည် အ​ကျွန်ုပ်​ကို အ​မှီ​ပြု​သ​ဖြင့် ဝမ်း​မြောက်​ခြင်း​နှင့် ပြည်​စုံ​မည်​အ​ကြောင်း၊ ဤ​စ​ကား​ကို ဤ​လော​က၌ အ​ကျွန်ုပ်​ပြော​ပါ၏။- ကိုယ်​တော်၏​နှုတ်​က​ပတ်​တ​ရား​ကို ဤ​သူ​တို့​အား အ​ကျွန်ုပ်​ပေး​ပါ​ပြီ။ အ​ကျွန်ုပ်​သည် ဤ​လော​က​နှင့် မ​ဆက်​ဆံ​သ​ကဲ့​သို့ ဤ​သူ​တို့​သည် မ​ဆက်​ဆံ​သော​ကြောင့်၊ လော​ကီ​သား​တို့​သည် ဤ​သူ​တို့​ကို မုန်း​ကြ​ပါ၏။- ဤ​သူ​တို့​ကို ဤ​လော​က​မှ နုတ်​ယူ​တော်​မူ​မည်​အ​ကြောင်း အ​ကျွန်ုပ်​တောင်း​သည် မ​ဟုတ်​ပါ။ မ​ကောင်း​သော​အ​မှု​အ​ရာ​နှင့် ကင်း​လွတ်​စေ​ခြင်း​ငှာ စောင့်​မ​တော်​မူ​မည်​အ​ကြောင်း​ကို​သာ တောင်း​ပါ၏။- အ​ကျွန်ုပ်​သည် ဤ​လော​က​နှင့် မ​ဆက်​ဆံ​သ​ကဲ့​သို့ ဤ​သူ​တို့​သည် မ​ဆက်​ဆံ​ကြ​ပါ။- ကိုယ်​တော်၏​သ​မ္မာ​တ​ရား​အား​ဖြင့် သူ​တို့​ကို သန့်​ရှင်း​စေ​တော်​မူ​ပါ။ ကိုယ်​တော်၏​နှုတ်​က​ပတ်​သည် သ​မ္မာ​တ​ရား​ဖြစ်​ပါ၏။- ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သည်​နည်း​တူ၊ အ​ကျွန်ုပ်​သည် ဤ​သူ​တို့​ကို စေ​လွှတ်​ပါ၏။- သ​မ္မာ​တ​ရား​အား​ဖြင့် သူ​တို့​ကို သန့်​ရှင်း​စေ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​သည် သူ​တို့​အ​ဖို့​အ​လို​ငှာ ကိုယ်​ကို သန့်​ရှင်း​စေ​ပါ၏။

ရှင်ယောဟန် 17:10-19 အကြောင်း ဗီဒီယိုများ