YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 13:31-38

ရှင်ယောဟန် 13:31-38 JBMLE

ထို​သူ​သွား​သည်​နောက်၊ ယေ​ရှု​က၊ ယ​ခု​တွင်​လူ​သား​သည် ဘုန်း​ထင်​ရှား​ခြင်း​ရှိ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်​သည်​လည်း လူ​သား​အား​ဖြင့် ဘုန်း​တော်​ထင်​ရှား​ခြင်း​ရှိ၏။- ဘု​ရား​သ​ခင်​သည် လူ​သား​အား​ဖြင့် ဘုန်း​တော်​ထင်​ရှား​ခြင်း​ရှိ​လျှင်၊ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​တိုင်​အား​ဖြင့် သူ၏​ဘုန်း​ကို ထင်​ရှား​စေ​တော်​မူ​လိမ့်​မည်။ ကာ​လ​မ​ကြာ​မ​မြင့်​မီ သူ၏​ဘုန်း​ကို ထင်​ရှား​စေ​တော်​မူ​လိ​မ့်​မည်။- ချစ်​သား​တို့၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ ခ​ဏ​သာ​နေ​ရ၏။ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လိမ့်​မည်။ ငါ​သွား​ရာ အ​ရပ်​သို့ သင်​တို့​မ​ရောက်​နိုင်​ကြ​ဟု ယု​ဒ​လူ​တို့​အား ငါ​ပြော​သ​ကဲ့​သို့ ယ​ခု​သင်​တို့​အား ငါ​ပြော၏။- သင်​တို့​သည် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် ချစ်​ကြ​လော့။ ငါ​သည်​သင်​တို့​ကို ချစ်​သည်​နည်း​တူ အ​ချင်း​ချင်း​ချစ်​ကြ​လော့​ဟု ပ​ညတ်​သစ်​ကို ငါ​ပေး၏။- သင်​တို့​သည် အ​ချင်း​ချင်း​ချစ်​ကြ​လျှင်၊ လူ​အ​ပေါင်း​တို့​သည် ထို​မေ​တ္တာ​ကို​ထောက်၍ သင်​တို့​သည် ငါ၏​တ​ပည့်​ဖြစ်​သည်​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ ရှိ​မုန်​ပေ​တ​ရု​က၊ သ​ခင်၊ ကိုယ်​တော်​သည် အ​ဘယ်​အ​ရပ်​သို့ ကြွ​တော်​မူ​မည်​နည်း​ဟု မေး​လျှောက်​လျှင်၊ ယေ​ရှု​က၊ ငါ​သွား​ရာ​အ​ရပ်​သို့ သင်​သည်​ယ​ခု​မ​လိုက်​နိုင်။ နောက်​မှ​လိုက်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- ပေ​တ​ရု​က​လည်း၊ သ​ခင်၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​နှင့်​အ​တူ အ​ဘယ်​ကြောင့် ယ​ခု​မ​လိုက်​နိုင်​သ​နည်း။ ကိုယ်​တော်​အ​ဖို့ အ​ကျွန်ုပ်၏​အ​သက်​ကို စွန့်​ပါ​မည်​ဟု​လျှောက်​လျှင်၊- ယေ​ရှု​က၊ ငါ့​အ​ဖို့ သင့်​အ​သက်​ကို​စွန့်​မည်​လော။ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ကြက်​မ​တွန်​မီ သင်​သည် သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို​ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ရှင်ယောဟန် 13:31-38 အကြောင်း ဗီဒီယိုများ