YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 11:41-44

ရှင်ယောဟန် 11:41-44 JBMLE

ထို​အ​ခါ သေ​လွန်​သော​သူ၏​သင်္ချိုင်း​မှ ကျောက်​ကို ရွှေ့​ကြ၏။ ယေ​ရှု​သည်​လည်း အ​ထက်​သို့​ကြည့်​မျှော်​လျက်၊ အ​ဘ၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​တော်​မူ​သော​ကြောင့် ကျေး​ဇူး​တော်​ကြီး​လှ​ပါ၏။- ကိုယ်​တော်​သည် အ​ကျွန်ုပ်​စ​ကား​ကို အ​စဉ်​မ​ပြတ်​နား​ထောင်​တော်​မူ​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။ သို့​သော်​လည်း ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို စေ​လွှတ်​တော်​မူ​သည်​ကို ဝန်း​ရံ​လျက်​ရှိ​သော ဤ​လူ​အ​ပေါင်း​တို့​သည် ယုံ​ကြည်​စေ​ခြင်း​ငှာ သူ​တို့၏​အ​ကျိုး​ကို​ထောက်၍ ဤ​သို့ အ​ကျွန်ုပ်​လျှောက်​ပါ၏​ဟု မိန့်​မြွက်​တော်​မူ​ပြီး​မှ၊- လာ​ဇ​ရု ထွက်၍​လာ​လော့​ဟု ကြီး​စွာ​သော​အ​သံ​နှင့် ဟစ်​ခေါ်​တော်​မူ၏။- ထို​အ​ခါ သေ​လွန်​သော​သူ​သည် မိ​မိ​ခြေ​လက်၌ ပု​ဆိုး​နံ​ငယ်​နှင့်​ရစ်​ပတ်​လျက်၊ မျက်​နှာ​ကို​လည်း ပု​ဝါ​နှင့် စည်း​လျက်​ထွက်​လာ၏။ ယေ​ရှု​က​လည်း၊ သူ့​ကို​ဖြည်၍ လွှတ်​ကြ​လော့​ဟု မိန့်​တော်​မူ၏။

ရှင်ယောဟန် 11:41-44 အကြောင်း ဗီဒီယိုများ