YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 11:11-15

ရှင်ယောဟန် 11:11-15 JBMLE

ငါ​တို့​အ​ဆွေ လာ​ဇ​ရု​သည် အိပ်​ပျော်၏။ သူ့​ကို​နှိုး​ခြင်း​အ​လို​ငှာ ငါ​သွား​မည်​ဟု မိန့်​တော်​မူ၏။- တ​ပည့်​တော်​တို့​က​လည်း၊ သ​ခင်၊ သူ​သည် အိပ်​ပျော်​လျှင် သက်​သာ​ရ​လိမ့်​မည်​ဟု လျှောက်​ကြ၏။- ယေ​ရှု​သည် လာ​ဇ​ရု​သေ​ကြောင်း​ကို​ရည်​မှတ်၍ မိန့်​တော်​မူ​သော်​လည်း၊ ပ​က​တိ​အိပ်​ပျော်​ကြောင်း​ကို မိန့်​တော်​မူ​သည်​ဟု တ​ပည့်​တော်​တို့​သည် ထင်​မှတ်​ကြ၏။- ထို​ကြောင့်​ယေ​ရှု​က၊ လာ​ဇ​ရု​သေ​ပြီ။ သင်​တို့​သည် ယုံ​ကြည်​မည်​အ​ကြောင်း၊- ထို​အ​ရပ်၌ ငါ​မ​ရှိ​သည်​ကို​ထောက်၍ သင်​တို့​အ​တွက် ငါ​ဝမ်း​မြောက်​ခြင်း​ရှိ၏။ သူ့​ဆီ​သို့ ငါ​တို့​သွား​ကြ​ကုန်​အံ့​ဟု အ​တည့်​အ​လင်း မိန့်​တော်​မူ၏။

ရှင်ယောဟန် 11:11-15 အကြောင်း ဗီဒီယိုများ