YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 10:7-16

ရှင်ယောဟန် 10:7-16 JBMLE

ထို​ကြောင့် တစ်​ဖန်​ယေ​ရှု​က၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​သည် သိုး​ဝင်​သော​တံ​ခါး​ဝ ဖြစ်၏။- ငါ​ရှေ့၌ ပေါ်​လာ​သော​သူ​ရှိ​သ​မျှ​တို့​သည် သူ​ခိုး​ဓား​ပြ​ဖြစ်​ကြ၏။ ထို​သူ​တို့၏​စ​ကား​သံ​ကို သိုး​တို့​သည် နား​မ​ထောင်​ကြ။- ငါ​သည် တံ​ခါး​ဝ​ဖြစ်၏။ ငါ​ဖြင့်​ဝင်​သော​သူ​သည် ဘေး​နှင့် ကင်း​လွတ်​လျက် ထွက်​ဝင်၍ ကျက်​စား​ရာ​ကို တွေ့​ရ​လိမ့်​မည်။- သူ​ခိုး​သည်​ခိုး​ခြင်း၊ သတ်​ခြင်း၊ ဖျက်​ဆီး​ခြင်း​ငှာ​သာ လာ​တတ်၏။ ငါ​မူ​ကား၊ သိုး​တို့​သည် အ​သက်​လွတ်​ရုံ​မျှ​မ​က အ​ထူး​သ​ဖြင့် အ​သက်​နှင့် ပြည့်​စုံ​စေ​ခြင်း​ငှာ လာ​သ​တည်း။ ငါ​သည် ကောင်း​သော​သိုး​ထိန်း​လည်း​ဖြစ်၏။ ကောင်း​သော​သိုး​ထိန်း​သည် သိုး​တို့​အ​ဖို့​အ​လို​ငှာ မိ​မိ​အ​သက်​ကို စွန့်​တတ်၏။- သိုး​များ​ကို​ပိုင်​သော သိုး​ထိန်း​မ​ဟုတ်၊ သူ​ငှား​ဖြစ်​သော​သူ​မူ​ကား၊ တော​ခွေး​လာ​သည်​ကို​မြင်​လျှင်၊ သိုး​တို့​ကို ပစ်​ထား၍ ထွက်​ပြေး​တတ်၏။ တော​ခွေး​သည်​လည်း၊ သိုး​တို့​ကို လု​ယက်၍ ကွဲ​လွင့်​စေ၏။- သူ​ငှား​သည် သူ​ငှား​ဖြစ်၍ သိုး​တို့၏​အ​ကျိုး​ကို မ​မှတ်​သော​ကြောင့် ထွက်​ပြေး​တတ်၏။- ငါ​သည် ကောင်း​သော​သိုး​ထိန်း​ဖြစ်၏။ ခ​မည်း​တော်​သည် ငါ့​ကို​သိ​တော်​မူ၍၊ ငါ​သည်​လည်း ခ​မည်း​တော်​ကို သိ​သ​ကဲ့​သို့ ငါ၏​သိုး​တို့​ကို ငါ​သိ၏။ ငါ့​သိုး​တို့​သည်​လည်း ငါ့​ကို​သိ​ကြ၏။- ငါ​သည် ကိုယ်​အ​သက်​ကို သိုး​တို့​အ​ဖို့​အ​လို​ငှာ စွန့်၏။- ဤ​သိုး​ခြံ​သို့​မ​ဝင်​သော အ​ခြား​သိုး​တို့​ကို​လည်း ငါ​ပိုင်​သေး၏။ ထို​သိုး​တို့​ကို ငါ​ဆောင်​ခဲ့​ရ​မည်။ သူ​တို့​သည်​လည်း ငါ့​စ​ကား​သံ​ကို နား​ထောင်​သ​ဖြင့်၊ သိုး​ခြံ​တစ်​ခု သိုး​ထိန်း​တစ်​ပါး​တည်း ရှိ​ရ​လိမ့်​မည်။

​ရှင်ယောဟန် 10:7-16 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။