YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 1:6-32

ရှင်ယောဟန် 1:6-32 JBMLE

ယော​ဟန်​အ​မည်​ရှိ​သော သူ​တစ်​ယောက်​ကို ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ၏။- ထို​သူ​ကို​လူ​အ​ပေါင်း​တို့​သည် အ​မှီ​ပြု၍ ယုံ​ကြည်​ခြင်း​သို့ ရောက်​မည်​အ​ကြောင်း ထို​သူ​သည် သက်​သေ​ခံ​ဖြစ်၍၊ အ​လင်း​တော်၏​အ​ကြောင်း​ကို သက်​သေ​ခံ​ခြင်း​ငှာ​လာ၏။- ထို​သူ​သည် အ​လင်း​တော်​မ​ဟုတ်။ အ​လင်း​တော်၏​အ​ကြောင်း​ကို သက်​သေ​ခံ​ခြင်း​ငှာ​သာ​လာ၏။- ဟုတ်​မှန်​သော​အ​လင်း​မူ​ကား၊ ဤ​လော​က​သို့​ကြွ​လာ​လျက် ခပ်​သိမ်း​သော​လူ​အ​ပေါင်း​တို့​အား အ​လင်း​ကို​ပေး​သော​သူ ဖြစ်​သ​တည်း။ ထို​သူ​သည် ဤ​လော​က၌​ရှိ​တော်​မူ​ပြီ။ ဤ​လော​က​ကို​လည်း ဖန်​ဆင်း​တော်​မူ​ပြီ။ သို့​သော်​လည်း ဤ​လော​က​သည် ထို​သူ​ကို​မ​သိ။- သူ​သည် မိ​မိ​ဒေ​သ​အ​ရပ်​သို့ ကြွ​လာ​သော်​လည်း၊ မိ​မိ​လူ​မျိုး​တို့​သည် သူ့​ကို​လက်​မ​ခံ​ဘဲ နေ​ကြ၏။- ထို​သူ​ကို​လက်​ခံ​သ​မျှ​သော သူ​တည်း​ဟူ​သော ကိုယ်​တော်​ကို ယုံ​ကြည်​သော​သူ​တို့​အား၊ ဘု​ရား​သ​ခင်၏ သား​ဖြစ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။- ထို​သား​တို့​မူ​ကား၊ လူ​မျိုး​နှင့်​စပ်​ဆိုင်၍ ဖွား​သော​သား​မ​ဟုတ်။ မေ​ထုန်​သံ​ဝါ​သ​အား​ဖြင့် ဖွား​သော​သား​မ​ဟုတ်။ လူ​အ​လို​အ​လျောက် ဖွား​သော​သား​မ​ဟုတ်။ ဘု​ရား​သ​ခင်​ဖွား​တော်​မူ​သော​သား ဖြစ်​သ​တည်း။ နှုတ်​က​ပတ်​တော်​သည်​လည်း လူ​ဇာ​တိ​အ​ဖြစ်​ကို​ခံ​ယူ၍၊ ကျေး​ဇူး​တော်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​တော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​လျက် ငါ​တို့​တွင် တည်​နေ​တော်​မူ​သည်​ဖြစ်၍၊ ခ​မည်း​တော်၌ တစ်​ပါး​တည်း​သော​သား​တော်၏ ဘုန်း​ကဲ့​သို့ သူ၏​ဘုန်း​တော်​ကို ငါ​တို့​သည် မြင်​ရ​ကြ​ပြီ။- ယော​ဟန်​သည် ထို​သ​ခင်၏​အ​ကြောင်း​ကို သက်​သေ​ခံ၍ ကြွေး​ကြော်​သည်​ကား၊ ငါ့​နောက်​ကြွ​လာ​သော​သူ​သည် ငါ​မ​ရှိ​မီ ရှိ​နှင့်​သည်​ဖြစ်၍၊ ငါ့​ထက်​သာ၍ ကြီး​မြတ်​သည်​ဟု ငါ​ဆို​ရာ၌၊ ထို​သူ​ကို​ဆို​လို​သည်​ဟု သက်​သေ​ခံ​လေ၏။- ထို​သူ၏​ပြည့်​စုံ​ခြင်း​မှ​လည်း ကျေး​ဇူး​တစ်​ပါး၌ ထပ်​ဆင့်၍ ကျေး​ဇူး​တစ်​ပါး​ကို ငါ​တို့​ရှိ​သ​မျှ​သည်​ခံ​ရ​ကြ​ပြီ။- အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တ​ရား​တော်​ကို မော​ရှေ​လက်​တွင် ပေး​တော်​မူ၏။ ကျေး​ဇူး​တ​ရား​နှင့် သ​စ္စာ​တ​ရား​မူ​ကား ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဖြစ်​သ​တည်း။- ဘု​ရား​သ​ခင်​ကို အ​ဘယ်​သူ​မျှ မ​မြင်​စ​ဖူး​သော်​လည်း၊ ခ​မည်း​တော်၏​ရင်​ခွင်၌​ရှိ​သော တစ်​ပါး​တည်း​သော​သား​တော်​သည် ဘု​ရား​သ​ခင်​ကို ထင်​ရှား​စေ​တော်​မူ​ပြီ။ ယု​ဒ​လူ​တို့​က၊ သင်​သည်​အ​ဘယ်​သူ​နည်း​ဟု ယော​ဟန်​ကို​မေး​မြန်း​စေ​ခြင်း​ငှာ ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​လူ​တို့​ကို ယေ​ရု​ရှ​လင်​မြို့​မှ စေ​လွှတ်​သော​အ​ခါ၊ ယော​ဟန်​သည် သက်​သေ​ခံ​လေ​သည်​မှာ၊- ငါ​သည် ခ​ရစ်​တော်​မ​ဟုတ်​ဟု ထိမ်​ဝှက်​ခြင်း​မ​ရှိ။ အ​တည့်​အ​လင်း ပြော​ဆို၏။- ထို​သူ​တို့​က​လည်း၊ သို့​ဖြစ်​လျှင် သင်​သည် အ​ဘယ်​သူ​နည်း။ ဧ​လိ​ယ​ဖြစ်​သ​လော​ဟု မေး​မြန်း​ပြန်၏။ ယော​ဟန်​က၊ ငါ​သည် ဧ​လိ​ယ​မ​ဟုတ်​ဟု ဆို၏။ ဤ​မည်​သော ပ​ရော​ဖက်​ဖြစ်​သ​လော​ဟု မေး​ပြန်​လျှင်၊ မ​ဟုတ်​ဟု ဆို​ပြန်၏။- ထို​သူ​တို့​က​လည်း၊ သင်​သည် အ​ဘယ်​သူ​နည်း။ ငါ​တို့​ကို​စေ​လွှတ်​သော​သူ​တို့​အား ပြန်​လျှောက်​စ​ရာ ရှိ​စေ​ခြင်း​ငှာ၊ သင်​သည်​ကိုယ်​ကို အ​ဘယ်​သို့​ဆို​သ​နည်း​ဟု မေး​ပြန်​ကြ၏။- ယော​ဟန်​က​လည်း၊ ငါ​သည်​ပ​ရော​ဖက်​ဟေ​ရှာ​ယ ဟော​ပြော​သည်​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား၏ လမ်း​ခ​ရီး​တော်​ကို ဖြောင့်​စေ​ကြ​လော့​ဟု တော၌ ဟစ်​ကြော်​သော​သူ၏​အ​သံ​ဖြစ်​သည်​ဟု ဆို၏။- အ​စေ​ခံ​သော​သူ​တို့​ကား၊ ဖာ​ရိ​ရှဲ​ဖြစ်​ကြ​သ​တည်း။- ထို​သူ​တို့​က​လည်း၊ သင်​သည် ခ​ရစ်​တော်​မ​ဟုတ်၊ ဧ​လိ​ယ​မ​ဟုတ်၊ ဤ​မည်​သော ပ​ရော​ဖက်​မ​ဟုတ်​သည်​မှန်​လျှင် အ​ဘယ်​ကြောင့် ဗ​တ္တိ​ဇံ​ကို​ပေး​သ​နည်း​ဟု မေး​ပြန်​ကြ၏။- ယော​ဟန်​က​လည်း၊ ငါ​သည် ရေ၌ ဗ​တ္တိ​ဇံ​ကို​ပေး၏။ သင်​တို့​အ​လယ်၌ သင်​တို့​မ​သိ​သော သူ​တစ်​ယောက်​ရှိ၏။- ထို​သူ​သည် ငါ့​နောက်​ကြွ​လာ​သော်​လည်း ငါ့​ထက်​သာ၍​ကြီး​မြတ်၏။ ထို​သူ၏​ခြေ​နင်း​တော်​ကြိုး​ကို​မျှ ဖြည်​ခြင်း​ငှာ ငါ​မ​ထိုက်​ဟု ပြန်​ပြော၏။- ယော​ဟန်​သည် ဗ​တ္တိ​ဇံ​ကို​ပေး​ရာ​အ​ရပ်၊ ယော်​ဒန်​မြစ်​တစ်​ဖက် ဗေ​သ​နိ​ရွာ၌ ဤ​အ​မှု​အ​ရာ​ဖြစ်​သ​တည်း။ နက်​ဖြန်​နေ့၌ ယေ​ရှု​ကြွ​လာ​တော်​မူ​သည်​ကို ယော​ဟန်​သည်​မြင်​လျှင်၊ ဤ​လော​က၏​အ​ပြစ်​ကို ဆောင်​သွား​သော ဘု​ရား​သ​ခင်၏ သိုး​သ​ငယ်​ကို​ကြည့်​လော့။- ငါ​မ​ရှိ​မီ​ရှိ​နှင့်​သည်​ဖြစ်၍၊ ငါ့​ထက်​သာ၍ ကြီး​မြတ်​သော​သူ​သည် ငါ့​နောက်​ကြွ​လာ​သည်​ဟု ငါ​ဆို​ရာ၌၊ ထို​သူ​ကို​ဆို​လို၏။- အ​စ​က ထို​သူ​ကို​ငါ​မ​သိ။ သို့​သော်​လည်း ထို​သူ​ကို ဣ​သ​ရေ​လ​လူ​တို့​အား ထင်​ရှား​စေ​ခြင်း​ငှာ ငါ​သည် ရေ၌ ဗ​တ္တိ​ဇံ​ကို​ပေး​လျက်​လာ၏။- ထို​မှ​တစ်​ပါး ဝိ​ညာဉ်​တော်​သည်​ကောင်း​ကင်​မှ ချိုး​ငှက်​ကဲ့​သို့ ဆင်း​သက်၍ ထို​သူ၏​အ​ပေါ်၌ နား​တော်​မူ​သည်​ကို ငါ​မြင်​ရ​ပြီ။