YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 1:35-42

ရှင်ယောဟန် 1:35-42 JBMLE

တစ်​ဖန် ယော​ဟန်​သည် နက်​ဖြန်​နေ့၌ တ​ပည့်​နှစ်​ယောက်​တို့​နှင့် အ​တူ​ရပ်​နေ၍၊- ယေ​ရှု​ကြွ​တော်​မူ​သည်​ကို​မြင်​လျှင်၊ ဘု​ရား​သ​ခင်၏ သိုး​သ​ငယ်​ကို ကြည့်​လော့​ဟု​ဆို၏။- တ​ပည့်​နှစ်​ယောက်​တို့​သည် ထို​စ​ကား​ကို​ကြား​လျှင်၊ ယေ​ရှု​နောက်​တော်​သို့ လိုက်​ကြ၏။- ယေ​ရှု​သည်​လှည့်၍ ထို​သူ​တို့ လိုက်​ကြ​သည်​ကို မြင်​တော်​မူ​လျှင်၊ အ​ဘယ်​အ​လို​ရှိ​သ​နည်း​ဟု မေး​တော်​မူ၏။ ထို​သူ​တို့​က၊ ရ​ဗ္ဗိ၊ ကိုယ်​တော်​သည် အ​ဘယ်​မှာ​နေ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​ကြ၏။ ရ​ဗ္ဗိ၊ အ​နက်​ကား၊ အ​ရှင်​ဘု​ရား​ဟု ဆို​လို​သ​တည်း။- ယေ​ရှု​က​လည်း လာ၍​ကြည့်​ကြ​လော့​ဟု မိန့်​တော်​မူ၏။ ထို​သူ​တို့​သည်​သွား၍ နေ​တော်​မူ​ရာ​အ​ရပ်​ကို ကြည့်​ကြ၏။ ထို​အ​ချိန်​သည် ဆယ်​နာ​ရီ​အ​ချိန်​ဖြစ်၍ မိုး​ချုပ်​သည်​တိုင်​အောင် အ​ထံ​တော်၌​နေ​ကြ၏။- ယော​ဟန်၏​စ​ကား​ကို​ကြား၍ နောက်​တော်​သို့ လိုက်​သော​သူ​နှစ်​ယောက်​တို့​တွင် တစ်​ယောက်​ကား ရှိ​မုန်​ပေ​တ​ရု​ညီ အ​န္ဒြေ​ပေ​တည်း။- ထို​သူ​သည် မိ​မိ​အစ်​ကို​ရှိ​မုန်​ကို ရှေ့​ဦး​စွာ​တွေ့​လျှင်၊ ငါ​တို့​သည် မေ​ရှိ​ယ​ကို​တွေ့​ကြ​ပြီ​ဟု ပြော​ဆို​လျက်၊- သူ့​ကို ယေ​ရှု​ထံ​သို့ ပို့​ဆောင်​လေ၏။ မေ​ရှိ​ယ​အ​နက်​ကား ခ​ရစ်​တော်​ဟု​ဆို​လို​သ​တည်း။ ယေ​ရှု​သည် ထို​သူ​ကို​ကြည့်​ရှု၍၊ သင်​သည် ယော​န၏​သား​ရှိ​မုန်​ဖြစ်၏။ ကေ​ဖ​အ​မည်​သစ်​ကို ရ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏၊ ကေ​ဖ​အ​နက်​ကား ပေ​တ​ရု​ဟု ဆို​လို​သ​တည်း။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။