YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 42:10-12

ယေရမိ 42:10-12 JBMLE

အ​ကယ်​စင်​စစ် သင်​တို့​သည် ဤ​ပြည်၌​နေ​လျှင်၊ ငါ​သည် သင်​တို့​ကို မ​ဖြို​မ​ဖျက်၊ တည်​ဆောက်​မည်။ သင်​တို့​ကို မ​နုတ်၊ စိုက်​ပျိုး​မည်။ ငါ​သည် သင်​တို့၌​ရောက်​စေ​သော ဘေး​ဒဏ်​ကြော​င့် နောင်​တ​ရ၏။ သင်​တို့​ကြောက်​တတ်​သော ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ကို မ​ကြောက်​ကြ​နှ​င့်။ ထာ၀​ရ​ဘု​ရား​မိ​န့်​တော်​မူ​သည်​ကား၊ ထို​ရှင်​ဘု​ရင်​ကို မ​ကြောက်​ကြ​နှ​င့်။ ငါ​သည် သင်​တို့​ကို​ကယ်​တင်၍၊ ထို​မင်း​လက်​မှ နုတ်​ယူ​ခြင်း​ငှာ သင်​တို့​ဘက်၌​ရှိ၏။ သင်​တို့​ကို ငါ​ကယ်​မ​သ​နား​သော​အား​ဖြ​င့်၊ ထို​ရှင်​ဘု​ရင်​သည် သင်​တို့​ကို​သ​နား၍၊ နေ​ရင်း​ပြည်​သို့ ပြန်​စေ​ရ​လိ​မ့်​မည်။