YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 4:1-9

ယေရမိ 4:1-9 JBMLE

အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​သည် ပြန်​လာ​လို​လျှင် ငါ့​ထံ​သို့​ပြန်​လာ​ပါ။ သင်၏​ရွံ​ရှာ​ဖွယ်​တို့​ကို ပယ်​လို​လျှင် ငါ့​ထံ​မှ​မ​ရွေ့ရ။ သင်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​ဟု သ​စ္စာ​စောင့်​ခြင်း၊ တ​ရား​စီ​ရင်​ခြင်း၊ ဖြောင့်​မတ်​ခြင်း​အား​ဖြင့် ကျိန်​ဆို​လိမ့်​မည်။ လူ​အ​မျိုး​မျိုး​တို့​သည်​လည်း၊ ထို​ဘု​ရား​သ​ခင်​အား​ဖြင့် မိ​မိ​တို့​ကို​ကောင်း​ချီး​ပေး၍၊ ထို​ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု​လျက် ဝါ​ကြွား​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့​အား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့၏​လယ်​ကို ထွန်​ကြ​လော့။ ဆူး​ပင်​တို့​တွင် မျိုး​စေ့​ကို မ​ကြဲ​ကြ​နှင့်။ အို ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​အ​လို​ငှာ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ၍၊ သင်​တို့​နှ​လုံး​အ​ရေ​ဖျား​ကို လှီး​ဖယ်​ကြ​လော့။ သို့​မ​ဟုတ်၊ သင်​တို့၏​အ​ကျင့် မ​ကောင်း​သော​ကြောင့်၊ ငါ့​အ​မျက်​သည် မီး​ကဲ့​သို့​ထွက်၍၊ အ​ဘယ်​သူ​မျှ မ​ငြိမ်း​နိုင်​အောင် လောင်​လိမ့်​မည်။ ယု​ဒ​ပြည်၌ တံ​ပိုး​မှုတ်​ကြ​လော့​ဟု၊ ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ တစ်​ပြည်​လုံး​ကြွေး​ကြော်၍ သ​တင်း​ကြား​ကြ​လော့။ စည်း​ဝေး၍ ခိုင်​ခံ့​သော​မြို့​များ အ​တွင်း​သို့ ဝင်​ကြ​ကုန်​အံ့​ဟု အ​ရပ်​ရပ်၌ အ​နှံ့​အ​ပြား ကြွေး​ကြော်​ကြ​လော့။ ဇိ​အုန်​တောင်​ပေါ်​မှာ အ​လံ​ကို​ထူ​ကြ​လော့။ လွတ်​အောင်​ပြေး​ကြ​လော့။ ရပ်၍ မ​နေ​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ ကြီး​စွာ​သော​ပျက်​စီး​ခြင်း ဘေး​ဥ​ပဒ်​ကို မြောက်​မျက်​နှာ​မှ ငါ​သည်​ဆောင်​ခဲ့​မည်။ ခြင်္သေ့​သည် မိ​မိ​နေ​ရာ​ခြုံ​ထဲ​က ထွက်​လာ​ပြီ။ တိုင်း​နိုင်​ငံ​တို့​ကို ဖျက်​ဆီး​သော​သူ​သည် လမ်း၌​လာ​ဆဲ​ရှိ၏။ သင်၏​ပြည်​ကို လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​စေ​ခြင်း​ငှာ၊ သူ​သည် မိ​မိ​နေ​ရာ​မှ ထွက်​လာ​သည်​ဖြစ်၍၊ သင်၏​မြို့​တို့​သည် လူ​မ​နေ​နိုင်​အောင်​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ ထို​အ​ကြောင်း​ကြောင့် လျှော်​တေ​အ​ဝတ်​ကို ဝတ်​စည်း​လျက်၊ ငို​ကြွေး​မြည်​တမ်း၍ အော်​ဟစ်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏ ပြင်း​စွာ​သော အ​မျက်​တော်​သည် ငါ​တို့​မှ​လွှဲ​ရှောင်၍​မ​သွား​သေး။ ထို​အ​ခါ ရှင်​ဘု​ရင်​နှင့် မှူး​မတ်​တို့​သည် စိတ်​ပျက်​ကြ​လိမ့်​မည်။ ယဇ်​ပု​ရော​ဟိတ်​တို့​သည် မိန်း​မော​တွေ​ဝေ​လျက်၊ ပ​ရော​ဖက်​တို့​သည် ထိတ်​လန့်​လျက်​ရှိ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။