YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 39:11-14

ယေရမိ 39:11-14 JBMLE

ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ယေ​ရ​မိ​အ​မှု၌၊ ကိုယ်​ရံ​တော်​မှူး​နေ​ဗု​ဇာ​ရ​ဒန်​ကို မှာ​ထား​နှင့်​သည်​ကား၊ ယေ​ရ​မိ​ကို​ယူ၍ ကောင်း​မွန်​စွာ​ကြည့်​ရှု​လော့။ မ​ညှဉ်း​ဆဲ​နှင့်။ သူ​ပြော​သည်​အ​တိုင်း သူ့​ကို​ပြု​လော့​ဟု မှာ​ထား​တော်​မူ​သည်​နှင့် အ​ညီ၊ ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်၊ မိန်း​မ​စိုး​အုပ် နေ​ဗု​ရှာ​ဇ​ဗန်၊ မာ​ဂု​ပ​ညာ​ရှိ​အုပ် နေ​ရ​ဂါ​လ​ရှ​ရေဇာ​အ​စ​ရှိ​သော ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ မှူး​မတ်​အ​ပေါင်း​တို့​သည် လူ​ကို​စေ​လွှတ်၍၊ ယေ​ရ​မိ​ကို ထောင်​ဝင်း​ထဲ​က နုတ်​ယူ​ပြီး​လျှင်၊ သူ၏​နေ​ရာ​သို့​ပို့​ဆောင်​စေ​ခြင်း​ငှာ၊ ရှာ​ဖန်​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား​ဂေ​ဒ​လိ၌ အပ်​ကြ၏။ သို့​ဖြစ်၍၊ ယေ​ရ​မိ​သည် ပြည်​သား​များ​နှင့်​အ​တူ နေ​ရ​လေ၏။