ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာမင်းကြီးသည် ဗိုလ်ခြေအပေါင်း၊ အစိုးရတော်မူသမျှသော တိုင်းနိုင်ငံသား၊ လူမျိုးအသီးအသီး အပေါင်းတို့နှင့်တကွ၊ ယေရုရှလင်မြို့ကိုလည်းကောင်း၊ ထိုမြို့နှင့်ဆိုင်သမျှသော မြို့ရွာတို့ကိုလည်းကောင်း တိုက်သောအခါ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ယုဒရှင်ဘုရင် ဇေဒကိကို သွား၍ပြောရမည်မှာ၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့ကို ဗာဗုလုန် ရှင်ဘုရင်လက်သို့ ငါအပ်၍၊ သူသည် မီးရှို့လိမ့်မည်။ သင်သည် ထိုမင်းလက်နှင့် မလွတ်ရ။ စင်စစ် သင့်ကိုဖမ်းဆီး၍ ထိုမင်းလက်သို့ အပ်ကြလိမ့်မည်။ သင်သည် ဗာဗုလုန်ရှင်ဘုရင်ကို မျက်နှာချင်းဆိုင်၍ တစ်ယောက်နှင့်တစ်ယောက် စကားပြောရလိမ့်မည်။ ဗာဗုလုန်မြို့သို့လည်း သွားရလိမ့်မည်။ သို့ရာတွင်၊ ယုဒရှင်ဘုရင် ဇေဒကိမင်းကြီး၊ ထာဝရဘုရား၏စကားတော်ကို နားထောင်လော့။ မင်းကြီးကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ဓားဖြင့်အသေမခံရ။ ငြိမ်ဝပ်စွာသေ၍ သင့်ရှေ့မှာ စိုးစံသော ဘိုးတော်ဘေးတော်တို့အဖို့ ပြုဖူးသည်နည်းတူ၊ သင့်အဖို့ နံ့သာပေါင်းကို မီးရှို့လျက်၊ ဩ သခင်ဟူ၍ ငိုကြွေးမြည်တမ်းကြလိမ့်မည်၊ ငါပြောထားပြီဟု ထာဝရဘုရား မိန့်တော်မူ၏။ ဗာဗုလုန် ရှင်ဘုရင်၏ဗိုလ်ခြေတို့သည် ယေရုရှလင်မြို့ကိုလည်းကောင်း၊ ယုဒပြည်၌ ခိုင်ခံ့၍ ကျန်ကြွင်းသောမြို့၊ လာခိရှမြို့၊ အဇေကာမြို့ တည်းဟူသော ယုဒပြည်၌ ကျန်ကြွင်းသော မြို့တို့ကိုလည်းကောင်း တိုက်သောအခါ၊ ပရောဖက်ယေရမိသည် ထိုစကားအလုံးစုံတို့ကို ယုဒရှင်ဘုရင်ဇေဒကိအား ဆင့်ဆိုလေ၏။
ယေရမိ 34 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယေရမိ 34:1-7
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ