YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 33:1-11

ယေရမိ 33:1-11 JBMLE

ယေ​ရ​မိ​သည် ထောင်​ဝင်း​ထဲ​မှာ အ​ချုပ်​ခံ​လျက်​နေ​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ဒု​တိ​ယ​အ​ကြိမ် ရောက်​လာ၍၊ ဤ​အ​မှု​ကို ပြု​သော​ဘု​ရား၊ ဤ​အ​မှု​ကို ဖန်​ဆင်း​စီ​ရင်​သော​ဘု​ရား၊ ယေ​ဟော​ဝါ အ​မည်​ရှိ​သော ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ့​ကို​ခေါ်​လော့။ ငါ​ထူး​မည်။ ကြီး​သော​အ​ရာ၊ သင်​မ​သိ​နိုင်​အောင် နက်​နဲ​သော​အ​ရာ​တို့​ကို ငါ​ပြ​မည်။ ပြ​အိုး​မြေ​ရိုး​ဖြင့်​လည်း​ကောင်း၊ ဓား​ဖြင့်​လည်း​ကောင်း ပြို​ပျက်​သော ဤ​မြို့၏​အိမ်​များ၊ ယု​ဒ​ရှင်​ဘု​ရင်၏ ဘုံ​ဗိ​မာန်​များ​ကို ရည်​မှတ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ခါ​လ​ဒဲ​လူ​တို့​သည် စစ်​တိုက်​ခြင်း​ငှာ လာ​ကြ၏။ ငါ​သည် ပြင်း​စွာ အ​မျက်​ထွက်၍ ကွပ်​မျက်​သော​သူ​တို့၏ အ​သေ​ကောင်​များ​နှင့် ထို​အိမ်​များ​ကို ပြည့်​စေ​ခြင်း​ငှာ လာ​ကြ၏။ ထို​သူ​တို့၏​ဒု​စ​ရိုက်​များ​ကြောင့်၊ ဤ​မြို့​မှ ငါ​သည်​မျက်​နှာ​ကို​လွှဲ​ပြီ။ သို့​ရာ​တွင်၊ ငါ​သည် ဤ​မြို့၏​အ​နာ​ကို​ဆေး​အုံ၍ ပျောက်​စေ​မည်။ မြို့​သား​တို့​သည် ကျန်း​မာ​မည်​အ​ကြောင်း၊ မြဲ​သော​စည်း​စိမ်​ချမ်း​သာ​နှင့် ပြည့်​စုံ​မည်​အ​ကြောင်း​ကို ငါ​ပြ​မည်။ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​ယု​ဒ​အ​မျိုး​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို တစ်​ဖန်​ငါ​ဆောင်​ခဲ့၍ အ​ရင်​ကဲ့​သို့ တည်​ဆောက်​မည်။ သူ​တို့​သည် ငါ့​ကို​ပြစ်​မှား​သ​မျှ​သော​အ​ပြစ်​တို့​ကို ငါ​ဖြေ​ရှင်း​မည်။ ငါ့​ကို​ပြစ်​မှား၍ ငါ၏​တ​ရား​ကို လွန်​ကျူး​သ​မျှ​သော​အ​ပြစ်​တို့​ကို ငါ​လွှတ်​မည်။ ဤ​မြို့​သည် ငါ​ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း၊ မြေ​ပေါ်​မှ ခပ်​သိမ်း​သော​လူ​မျိုး​တို့​တွင် ချီး​မွမ်း​စ​ရာ​အ​ကြောင်း၊ ဂုဏ်​အ​သ​ရေ​တော် ကျော်​စော​စ​ရာ​အ​ကြောင်း ဖြစ်​လိမ့်​မည်။ ဤ​မြို့​သား​တို့​အား ငါ​ပြု​သ​မျှ​သော​ကျေး​ဇူး​ကို လူ​အ​မျိုး​မျိုး​တို့​သည် ကြား​သိ​ကြ​လိမ့်​မည်။ ဤ​မြို့၌ ငါ​ပြု​စု​သ​မျှ​သော စည်း​စိမ်​ချမ်း​သာ​ကို​ထောက်၍ ကြောက်​ရွံ့​တုန်​လှုပ်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ လူ​မ​ရှိ၊ တိ​ရ​စ္ဆာန်​မ​ရှိ၊ ဆိတ်​ညံ​ပြီ​ဟု သင်​တို့​ဆို​တတ်​သော ဤ​အ​ရပ်၌​လည်း​ကောင်း၊ လူ​မ​ရှိ၊ တိ​ရ​စ္ဆာန်​မ​ရှိ၊ နေ​သော​သူ​မ​ရှိ၊ ဆိတ်​ညံ​သော​ယု​ဒ​မြို့​များ၊ ယေ​ရု​ရှ​လင်​လမ်း​များ​တို့၌​လည်း​ကောင်း၊ နောက်​တစ်​ဖန် ဝမ်း​မြောက်​သော​အ​သံ၊ ရွှင်​လန်း​သော​အ​သံ၊ မင်္ဂ​လာ​ဆောင် သ​တို့​သား​အ​သံ၊ မင်္ဂ​လာ​ဆောင် သ​တို့​သ​မီး​အ​သံ၊ ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍ က​ရု​ဏာ​တော်​သည် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့​ဟု​ဆို​သော သူ​တို့၏​အ​သံ၊ ချီး​မွမ်း​ရာ​ပူ​ဇော်​သ​ကာ​ကို ဗိ​မာန်​တော်​သို့​ဆောင်​ခဲ့​သော သူ​တို့၏ အ​သံ​ကို ကြား​ရ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ပြည်​သား​တို့​ကို ငါ​ဆောင်​ခဲ့၍၊ အ​ရင်​ကဲ့​သို့ နေ​စေ​မည်​ဟု မိန့်​တော်​မူ၏။