YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 32:37-41

ယေရမိ 32:37-41 JBMLE

ငါ​သည် အ​မျက်​ဟုန်း​ဟုန်း​ထွက်၍၊ အ​မျက်​အ​ရှိန်​အား​ကြီး​သည်​နှင့်၊ သူ​တို့​ကို​နှင်​ထုတ်​ရာ တိုင်း​ပြည်​ရှိ​သ​မျှ​တို့​မှ၊ တစ်​ဖန်​စု​သိမ်း၍ ဤ​အ​ရပ်​သို့ ဆောင်​ခဲ့​ပြီး​လျှင်၊ ငြိမ်​ဝပ်​စွာ​နေ​စေ​မည်။ သူ​တို့​သည် ငါ၏​လူ​ဖြစ်​ကြ​လိမ့်​မည်။ ငါ​သည်​လည်း သူ​တို့၏ ဘု​ရား​သ​ခင် ဖြစ်​မည်။ ကိုယ်​အ​ကျိုး​အ​လို​ငှာ​လည်း​ကောင်း၊ နောက်​ဖြစ်​လ​တ္တံ့​သော သား​သ​မီး​တို့၏ အ​ကျိုး​အ​လို​ငှာ​လည်း​ကောင်း၊ ငါ့​ကို အ​စဉ် ကြောက်​ရွံ့​စေ​ခြင်း​ငှာ တ​ညီ​တ​ညွတ်​တည်း ကျင့်​ကြံ​နိုင်​သော​သ​ဘော​ကို ငါ​ပေး​မည်။ သူ​တို့​ကို မ​စွန့်​ပစ်​ဘဲ အ​စဉ်​ကျေး​ဇူး​ပြု​ခြင်း​ငှာ၊ သူ​တို့၌ ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ကို ငါ​ထား​မည်။ သူ​တို့​သည်​လည်း ငါ့​ထံ​မှ မ​ထွက်​မ​သွား​မည်​အ​ကြောင်း၊ ငါ့​ကို ကြောက်​ရွံ့​သော​သ​ဘော​နှင့် ပြည့်​စုံ​စေ​မည်။ သူ​တို့​အား ကျေး​ဇူး​ပြု​ခြင်း​အ​မှု၌ ငါ​သည် အား​ရ​ဝမ်း​မြောက်၍၊ ငါ့​စိတ်​နှ​လုံး​နှင့် နာမ်​ဝိ​ညာဉ် အ​ကြွင်း​မဲ့​ပါ​လျက်၊ သူ​တို့​ကို ဤ​ပြည်၌ ဆက်​ဆက်​နေ​ရာ​ချ​မည်။