ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတစ်ပါးတို့က၊ သင်သည် စွန့်ပစ်ခြင်းကို ခံရသောသူဟူ၍လည်းကောင်း၊ အဘယ်သူမျှ မကြည့်ရှု မပြုစုသော ဇိအုန်မြို့ဟူ၍လည်းကောင်းခေါ်သော်လည်း၊ သင်၏အနာရောဂါများကိုငါပျောက်စေ၍၊ ကျန်းမာပကတိ ဖြစ်စေမည်။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိမ်းသွားခြင်းကိုခံရသော ယာကုပ်အမျိုးသားတို့၏တဲများကို ငါဆောင်ခဲ့ဦးမည်။ သူတို့အိမ်များကိုသနားဦးမည်။ မြို့သည်လည်း၊ မိမိကုန်းပေါ်မှာ တစ်ဖန်တည်လျက်ရှိလိမ့်မည်။ နန်းတော်၌လည်း၊ ရှေးထုံးစံအတိုင်း နေကြလိမ့်မည်။ ထိုသူတို့အထဲက ကျေးဇူးကိုချီးမွမ်းခြင်းအသံ၊ ရွှင်မြူးသောသူတို့၏အသံသည် ထွက်လိမ့်မည်။ ငါသည် သူတို့ကို မနည်းစေဘဲ များပြားစေမည်။ နှိမ့်ချခြင်းသို့ မရောက်၊ ချီးမြှောက်ခြင်းသို့ ရောက်စေမည်အကြောင်း စီရင်မည်။ အမျိုးသားတို့သည် အရင်ကဲ့သို့ဖြစ်၍၊ ပရိသတ်တို့သည် ငါ့ရှေ့မှာ တည်ကြလိမ့်မည်။ ညှဉ်းဆဲသော သူအပေါင်းတို့ကို ငါသည် အပြစ်ပေးမည်။ သူတို့၏မင်းသည် သူတို့အမျိုး ဖြစ်လိမ့်မည်။ သူတို့အထဲက ပေါ်ထွန်းသောသူသည် သူတို့ကို အုပ်စိုးရလိမ့်မည်။ ငါသွေးဆောင်၍ သူတို့သည် ငါ့ထံသို့ ချဉ်းကပ်ကြလိမ့်မည်။ ငါ့ထံသို့ ချဉ်းကပ်လိုသောငှာ၊ အဘယ်သူသည် မိမိစိတ်ကိုတန်းစေသနည်း။ ထိုအခါ သင်တို့သည် ငါ၏လူဖြစ်၍၊ ငါသည်လည်း သင်တို့၏ဘုရားသခင်ဖြစ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
ယေရမိ 30 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယေရမိ 30:17-22
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ