YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 29:11-14

ယေရမိ 29:11-14 JBMLE

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​ကို အ​ကျိုး​နည်း​စေ​ခြင်း​ငှာ ကြံ​စည်​သော​အ​ကြံ​မ​ဟုတ်​ဘဲ၊ သင်​တို့​သည် မျှော်​လင့်​သော​အ​ကျိုး​ကို​ရ​မည်​အ​ကြောင်း၊ ငြိမ်​ဝပ်​စေ​ခြင်း​ငှာ​သာ၊ သင်​တို့​အ​ဖို့ ကြံ​စည်​သော အ​ကြံ​တို့​ကို ငါ​သိ၏။ တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ငါ့​ကို​ခေါ်၍ သွား​လာ​ကြ​လိမ့်​မည်။ ဆု​တောင်း​သော​အ​ခါ သင်​တို့​စ​ကား​ကို ငါ​နား​ထောင်​မည်။ ငါ့​ကို​ရှာ​သော​အ​ခါ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​နှင့် ရှာ​လျှင် တွေ့​ကြ​လိမ့်​မည်။ ငါ​သည်​လည်း၊ သင်​တို့​အ​တွေ့​ကို​ခံ​မည်။ အ​ထက်​က ငါ​နှင်​ထုတ်၍ သင်​တို့​ခံ​ရ​သော သိမ်း​သွား​ခြင်း​အ​မှု​ကို ငါ​သည်​ဖြေ​ရှင်း​ခြင်း​ငှာ၊ တိုင်း​နိုင်​ငံ​အ​ရပ်​ရပ်​တို့​မှ သင်​တို့​ကို ငါ​စု​သိမ်း​ပြီး​လျှင်၊ အ​ထက်​က ငါ​နှင်​ထုတ်၍ သင်​တို့​ရှုံး​သော​ပြည်​သို့ တစ်​ဖန် ငါ​ဆောင်​ခဲ့​ဦး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

​ယေရမိ 29:11-14 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။