YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 29:1-14

ယေရမိ 29:1-14 JBMLE

ရှင်​ဘု​ရင်​ယေ​ခေါ​နိ​နှင့်​တ​ကွ မိ​ဖု​ရား​အ​စ​ရှိ​သော မိန်း​မ​စိုး​များ၊ ယု​ဒ​ပြည် ယေ​ရု​ရှ​လင်​မြို့ မှူး​တော်​မတ်​တော်​များ၊ လက်​သ​မား၊ ပန်း​ပဲ​သ​မား​များ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​မှ သွား​သော​နောက်၊ ယု​ဒ​ရှင်​ဘု​ရင် ဇေ​ဒ​ကိ​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​ထံ၊ ဗာ​ဗု​လုန်​မြို့​သို့ စေ​လွှတ်​သော ရှာ​ဖန်​သား​ဧ​လာ​သာ​နှင့် ဟိ​လ​ခိ​သား ဂေ​မ​ရိ​တွင်၊ ပ​ရော​ဖက်​ယေ​ရ​မိ​သည်​စာ​ရေး၍ ယေ​ရု​ရှ​လင်​မြို့​မှ ဗာ​ဗု​လုန်​မြို့​သို့ နေ​ဗု​ခဒ်​နေ​ဇာ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော အ​သက်​ကြီး​သူ၊ ယဇ်​ပု​ရော​ဟိတ်၊ ပ​ရော​ဖက်၊ ဆင်း​ရဲ​သား ကျန်​ကြွင်း​သ​မျှ​တို့​နေ​ရာ​သို့ ယေ​ရု​ရှ​လင်​မြို့​မှ ပေး​လိုက်​သော​စာ​ဟူ​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရု​ရှ​လင်​မြို့​မှ ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​စေ​တော်​မူ​သော သူ​အ​ပေါင်း​တို့​အား​မိန့်​တော်​မူ​သည်​ကား၊ အိမ်​တို့​ကို​ဆောက်၍ နေ​ရာ​ချ​ကြ​လော့။ ဥ​ယျာဉ်​တို့​ကို စိုက်​ပျိုး၍ အ​သီး​ကို စား​ကြ​လော့။ သင်​တို့​သည် ထို​ပြည်၌ ခေါင်း​ပါး​ခြင်း​မ​ရှိ၊ တိုး​ပွား​များ​ပြား​မည်​အ​ကြောင်း၊ မ​ယား​နှင့်​နေ၍ သား​သ​မီး​ကို​ဖွား​မြင်​ကြ​လော့။ သား​သ​မီး​တို့​ကို​လည်း၊ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ပေး​စား၍၊ တစ်​ဖန် သား​သ​မီး​ကို ဖွား​မြင်​စေ​ကြ​လော့။ ငါ​သည် သင်​တို့​ကို သိမ်း​သွား​စေ​သော မြို့​သည်​လည်း၊ ငြိမ်​သက်​ခြင်း​ရှိ​မည်​အ​ကြောင်း​ကို ပြု​စု၍၊ ထို​မြို့​အ​ဖို့​အ​လို​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​အား မေ​တ္တာ​ပို့​ကြ​လော့။ ထို​မြို့၏​ငြိမ်​သက်​ခြင်း​အား​ဖြင့်၊ သင်​တို့​သည်​လည်း ငြိမ်​သက်​ခြင်း ရှိ​ကြ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​တွင်​ရှိ​သော ပ​ရော​ဖက်​ဆ​ရာ၊ အ​နာ​ဂတ်​ဆ​ရာ​တို့​သည် သင်​တို့​ကို မ​လှည့်​စား​ကြ​စေ​နှင့်။ သင်​တို့​မြင်​စေ​သော အိပ်​မက်​တို့​ကို​လည်း မ​ယုံ​မ​မှတ်​ကြ​နှင့်။ တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ထို​ဆ​ရာ​တို့​သည် ငါ​စေ​လွှတ်​သော​သူ မ​ဟုတ်​ဘဲ၊ ငါ့​နာ​မ​ကို အ​မှီ​ပြု၍ မု​သား​စ​ကား​ကို ဟော​ပြော​တတ်​ကြ၏။ တစ်​ဖန်​မိန့်​တော်​မူ​သည်​ကား၊ ဗာ​ဗု​လုန်​မြို့၌ အ​နှစ်​ခု​နစ်​ဆယ်​စေ့​သော​အ​ခါ၊ သင်​တို့​ကို ငါ​အ​ကြည့်​အ​ရှု ကြွ​လာ​မည်။ ငါ​ထား​သော က​တိ​ကောင်း​ကို တည်​စေ၍၊ သင်​တို့​ကို ဤ​ပြည်​သို့ ငါ​ပို့​ဆောင်​ဦး​မည်။ တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​ကို အ​ကျိုး​နည်း​စေ​ခြင်း​ငှာ ကြံ​စည်​သော​အ​ကြံ​မ​ဟုတ်​ဘဲ၊ သင်​တို့​သည် မျှော်​လင့်​သော​အ​ကျိုး​ကို​ရ​မည်​အ​ကြောင်း၊ ငြိမ်​ဝပ်​စေ​ခြင်း​ငှာ​သာ၊ သင်​တို့​အ​ဖို့ ကြံ​စည်​သော အ​ကြံ​တို့​ကို ငါ​သိ၏။ တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ငါ့​ကို​ခေါ်၍ သွား​လာ​ကြ​လိမ့်​မည်။ ဆု​တောင်း​သော​အ​ခါ သင်​တို့​စ​ကား​ကို ငါ​နား​ထောင်​မည်။ ငါ့​ကို​ရှာ​သော​အ​ခါ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​နှင့် ရှာ​လျှင် တွေ့​ကြ​လိမ့်​မည်။ ငါ​သည်​လည်း၊ သင်​တို့​အ​တွေ့​ကို​ခံ​မည်။ အ​ထက်​က ငါ​နှင်​ထုတ်၍ သင်​တို့​ခံ​ရ​သော သိမ်း​သွား​ခြင်း​အ​မှု​ကို ငါ​သည်​ဖြေ​ရှင်း​ခြင်း​ငှာ၊ တိုင်း​နိုင်​ငံ​အ​ရပ်​ရပ်​တို့​မှ သင်​တို့​ကို ငါ​စု​သိမ်း​ပြီး​လျှင်၊ အ​ထက်​က ငါ​နှင်​ထုတ်၍ သင်​တို့​ရှုံး​သော​ပြည်​သို့ တစ်​ဖန် ငါ​ဆောင်​ခဲ့​ဦး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။