ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဘေးသည် တစ်ပြည်မှတစ်ပြည်သို့ ကူးသွားလိမ့်မည်။ မြေကြီးအစွန်းအနားတို့မှ ပြင်းစွာသော လေပွေသည် ထလိမ့်မည်။ ထိုအခါ ထာဝရဘုရား ကွပ်မျက်တော်မူခြင်းကို ခံရသောသူတို့သည် မြေကြီးတစ်ဖက်မှ တစ်ဖက်တိုင်အောင် နှံ့ပြားကြလိမ့်မည်။ သူတို့ကို မမြည်တမ်းရ။ မစုမပုံရ။ မသင်္ဂြိုဟ်ရ။ မြေပေါ်မှာ မစင်ကဲ့သို့ ဖြစ်ကြလိမ့်မည်။ အို သိုးထိန်းတို့၊ ငိုကြွေး အော်ဟစ်ကြလော့။ အို သိုးကြီးသိုးမြတ်တို့၊ ပြာ၌လူးလည်းလျက် နေကြလော့။ သင်တို့ကို သတ်ရသောအချိန် ရောက်လေပြီ။ အရပ်ရပ်သို့ ငါမောင်းသဖြင့်၊ သင်တို့သည် အဖိုးထိုက်သော တန်ဆာကျသကဲ့သို့ ဖြစ်ရကြလိမ့်မည်။ သိုးထိန်းတို့သည် ပြေးစရာလမ်းမရှိ။ သိုးကြီးသိုးမြတ်တို့သည် လွတ်ရာလမ်းကို ရှာ၍ မတွေ့ရကြ။ သိုးထိန်းများ ငိုကြွေးသံနှင့် သိုးကြီးသိုးမြတ်များ မြည်သံကို ကြားရ၏။ အကြောင်းမူကား၊ ထာဝရဘုရားသည် သူတို့ကျက်စားရာအရပ်ကို ဖျက်ဆီးတော်မူ၏။ ထာဝရဘုရားသည် ပြင်းစွာအမျက်ထွက်တော်မူသောအားဖြင့် ငြိမ်ဝပ်စွာ နေရာအရပ်တို့သည်လည်း ပယ်ရှင်းဖျက်ဆီးခြင်းကို ခံရကြ၏။ ခြင်္သေ့ဘာသာဓလေ့၊ နေတော်မူရာခြုံကို စွန့်ထွက်တော်မူပြီ။ ညှဉ်းဆဲသောသူ၏ပြင်းထန်ခြင်း၊ ပြင်းစွာ အမျက်ထွက်ခြင်းအားဖြင့်၊ သူတို့ပြည်သည် လူဆိတ်ညံရာအရပ် ဖြစ်ရ၏။
ယေရမိ 25 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယေရမိ 25:32-38
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ