လေဗနုန်တောင်ပေါ်သို့ တက်၍ ကြွေးကြော်လော့။ ဗာရှန်ပြည်၌ အော်ဟစ်လော့။ အာဗရိမ်အရပ်မှာ အသံကိုလွှင့်လော့။ အကြောင်းမူကား၊ သင်၏မိတ်ဆွေအပေါင်းတို့သည် ပျက်စီးခြင်းသို့ ရောက်ကြပြီ။ သင်သည် ကောင်းစားသောအခါ ငါသတိပေး၏။ သင်က၊ ငါနားမထောင်ဟု ပြန်ပြော၏။ ငယ်သောအရွယ်မှစ၍ ငါ့စကားကို နားမထောင်ဘဲ နေမြဲရှိ၏။ သင့်ကို ကျွေးမွေးသောသူအပေါင်းတို့ကို လေသည် စားလိမ့်မည်။ သင်၏မိတ်ဆွေတို့ကို ရန်သူတို့သည် သိမ်းသွားကြလိမ့်မည်။ ထိုအခါ သင်သည် ကိုယ်ပြုသမျှသော ဒုစရိုက်တို့ကြောင့် အမှန်ရှက်ကြောက်၍ စိတ်ပျက်ခြင်းရှိလိမ့်မည်။ အာရဇ်ပင်တို့၌ အသိုက်လုပ်တတ်သော လေဗနုန်တောင်သား၊ သားဖွားခြင်းဝေဒနာကို မိန်းမခံရသကဲ့သို့၊ သင်သည် နာကျင်ခြင်းဝေဒနာကိုခံရသောအခါ၊ အဘယ်မျှလောက် သနားဖွယ်ဖြစ်လိမ့်မည်တကား။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ယုဒရှင်ဘုရင် ယောယကိမ်မင်းကြီး၏သား ခေါနိသည်၊ ငါ့လက်ယာလက်၌ပါသော တံဆိပ်လက်စွပ်မှန်သော်လည်း၊ ငါအသက်ရှင်သည်အတိုင်း သင့်ကို ငါပယ်ပစ်မည်။ သင့်အသက်ကို သတ်ချင်သောသူ၊ သင်အလွန်ကြောက်သောသူတည်းဟူသော ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာမင်းမှစ၍ ခါလဒဲလူတို့လက်သို့ ငါအပ်မည်။ သင့်ကိုလည်းကောင်း၊ သင့်ကိုဖွားမြင်သော သင်၏အမိကိုလည်းကောင်း၊ မွေးဖွားရာဌာန မဟုတ်သောပြည်သို့ ငါနှင်ထုတ်သဖြင့်၊ ထိုပြည်၌ သင်တို့သည် သေကြလိမ့်မည်။ ပြန်လိုသောပြည်သို့ နောက်တစ်ဖန်ပြန်၍မလာရကြ။ ဤမင်းသားခေါနိသည် ရိုသေဖွယ်မဟုတ်၊ ကျိုးပဲ့သောရုပ်တုဖြစ်သလော။ အဘယ်သူမျှ မနှစ်သက်သောတန်ဆာ ဖြစ်သလော။ သူနှင့်တကွ သူ၏သားမြေးတို့ကို နှင်ထုတ်၍၊ သူတို့မသိဖူးသောပြည်၌ အဘယ်ကြောင့် ချပစ်ရသနည်း။ အို မြေကြီး၊ မြေကြီး၊ မြေကြီး၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်လော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမင်းကို သားမရှိသောသူဟူ၍လည်းကောင်း၊ တစ်သက်လုံး မကောင်းစားသောသူ ဟူ၍လည်းကောင်း ရေးမှတ်လော့။ သူ၏သားမြေး တစ်စုံတစ်ယောက်မျှ ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်မှာ ထိုင်ရသောအခွင့်နှင့်၊ ယုဒပြည်ကို စိုးစံရသောအခွင့်မရှိရ။
ယေရမိ 22 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယေရမိ 22:20-30
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ