YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 22:13-19

ယေရမိ 22:13-19 JBMLE

မ​တ​ရား​သော​အ​မှု​အား​ဖြင့် မိ​မိ​အိမ်​ကို​လည်း​ကောင်း၊ အ​ဓ​မ္မ​ပြု၍ အ​ထက်​ခန်း​တို့​ကို​လည်း​ကောင်း ဆောက်​သော​သူ၊ အိမ်​နီး​ချင်း​ကို အ​ခ​မ​ပေး​ဘဲ​စေ​စား၍၊ အ​လုပ်​လုပ်​သည်​အ​တွက်​ဆု​မ​ချ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။ ကြီး​သော​အိမ်၊ ကျယ်​သော​အ​ထက်​ခန်း​တို့​ကို ငါ​ဆောက်​မည်​ဟု ဆို​လျက်၊ ပြတင်း​ပေါက်​ကို ဖောက်၍၊ အာ​ရဇ်​သစ်​သား​နှင့် မိုး​ပြီး​မှ၊ ဟ​င်္သာ​ပ​ဒါး​နှင့် ချယ်​လှယ်​ပြီ​တ​ကား။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် အာ​ရဇ်​သစ်​သား၏​ဂုဏ်​ကို ကိုး​စား​သော​ကြောင့် စိုး​စံ​ရ​မည်​လော။ သင်၏​အ​ဘ​သည် ဝ​စွာ​စား​သောက်​ရ​သည် မ​ဟုတ်​လော။ တ​ရား​သ​ဖြင့် စီ​ရင်​ဆုံး​ဖြတ်​သည် မ​ဟုတ်​လော။ ထို​သို့​ပြု၍ ကောင်း​စား​ခြင်း​ရှိ၏။ သူ​သည် ဆင်း​ရဲ​ငတ်​မွတ်​သော သူ​တို့​အ​မှု​ကို​စောင့်၍ တ​ရား​သ​ဖြင့် စီ​ရင်၏။ ထို​သို့​ပြု၍ ကောင်း​စား​ခြင်း​ရှိ၏။ ငါ့​ကို​သိ​သော အ​ကျိုး​မ​ဟုတ်​လော။ သင်၏​မျက်​စိ​နှင့် သင်၏​နှ​လုံး​မူ​ကား၊ လော​ဘ​လွန်​ကျူး​ခြင်း၊ အ​ပြစ်​မ​ရှိ​သော​သူ​ကို သတ်​ခြင်း၊ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​မှ​တစ်​ပါး၊ အ​ဘယ်​အ​မှု​ကို​မျှ မ​မှတ်​တတ်။ ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ရှင်​ဘု​ရင် ယော​ရှိ​မင်း​ကြီး၏​သား ယော​ယ​ကိမ်​ကို ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊ ထို​မင်း​သေ​သော​အ​ခါ လူ​များ​တို့​က၊ ဩ ငါ့​အစ်​ကို၊ ဩ ငါ့​နှ​မ​ဟူ၍ မ​ငို​ကြွေး​ရ​ကြ။ သူ၏​အ​တွက်​လည်း၊ ဩ သ​ခင်၊ ဩ အ​ရှင်​မ၏​ဘုန်း​ဟူ၍ မ​မြည်​တမ်း​ရ​ကြ။ ယေ​ရု​ရှ​လင်​မြို့​ပြင်​သို့ ဆွဲ​သွား၍ ပစ်​ထား​သ​ဖြင့်၊ မြည်း​ကို သင်္ဂြိုဟ်​သ​ကဲ့​သို့ ထို​မင်း​ကို သင်္ဂြိုဟ်​ရ​လိမ့်​မည်။