YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 2:1-13

ယေရမိ 2:1-13 JBMLE

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်၍၊ သင်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ပြီး​လျှင်၊ အော်​ဟစ်​ရ​မည်​အ​ရာ​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​က၊ လယ်​မ​လုပ်​သော​တော​အ​ရပ်၌ သင်​သည် ငါ့​နောက်​သို့ လိုက်​သော​အ​ခါ၊ အ​သက်​အ​ရွယ်​နု​ငယ်၍ ခံ​ရ​သော​ကျေး​ဇူး​ကို​လည်း​ကောင်း၊ ထိမ်း​မြား​ပေး​စား​ခြင်း​နှင့် ယှဉ်​သော ချစ်​ခြင်း​မေ​တ္တာ​ကို​လည်း​ကောင်း ငါ​အောက်​မေ့၏။ ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း၏။ စီး​ပွား​တော်​အ​ဖို့ အ​ဦး​သီး​သော အ​သီး​ဖြစ်၏။ သူ​တို့​ကို လု​ယူ​သော​သူ အ​ပေါင်း​တို့​သည် အ​ပြစ်​ရှိ​ကြ၏။ ထို​သူ​တို့​အ​ပေါ်​မှာ ဘေး​ဥ​ပဒ်​ရောက်​ရ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ အို ယာ​ကုပ်​အ​မျိုး​နှင့် ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ကို နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့၏​ဘိုး​ဘေး​တို့​သည် ငါ့​ထံ​မှ​ဝေး​စွာ​ထွက်​သွား၍၊ အ​န​တ္တ​လမ်း​သို့​လိုက်​လျက်၊ အ​န​တ္တ​သက်​သက် ဖြစ်​ရ​မည်​အ​ကြောင်း၊ ငါ၌​အ​ဘယ်​မည်​သော​အ​ပြစ်​ကို တွေ့​ကြ​သ​နည်း။ သူ​တို့​က၊ ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​ကယ်​နုတ်၍၊ တော​တစ်​လျှောက်​လုံး၊ လွင်​ပြင်၊ မြေ​တွင်း​နှင့် ပြည့်​စုံ​သော​ပြည်၊ သွေ့​ခြောက်၍ သေ​မင်း​အ​ရိပ် လွှမ်း​မိုး​သော​ပြည်၊ ခ​ရီး​သွား​သော​သူ၊ နေ​ရာ​ကျ​သော​သူ မ​ရှိ​သော ပြည်​တစ်​လျှောက်​လုံး​သို့ ပို့​ဆောင်​သော ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​မှာ​ရှိ​တော်​မူ​သ​နည်း​ဟု မ​မေး​ကြ။ ဝ​ပြော​သော​ပြည်၏​အ​သီး​အ​နှံ ဆီ​ဥ​ဆီ​ကြည်​ကို​စား​စေ​ခြင်း​ငှာ သင်​တို့​ကို ငါ​ဆောင်​သွင်း၍၊ သင်​တို့​သည် ဝင်​စား​သော​အ​ခါ၊ ငါ့​ပြည်​ကို ညစ်​ညူး​စေ၍၊ ငါ၏​အ​မွေ​ကို ရွံ​ရှာ​ဖွယ်​ဖြစ်​စေ​ကြ​သည်​တ​ကား။ ယဇ်​ပု​ရော​ဟိတ်​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​မှာ​ရှိ​တော်​မူ​သ​နည်း​ဟု မ​မေး​ကြ။ ကျမ်း​တတ်​တို့​သည် ငါ့​ကို​မ​သိ​ကြ။ သင်း​အုပ်​တို့ သည် ငါ့​ကို​ပြစ်​မှား​ကြ၏။ ပ​ရော​ဖက်​တို့​သည် ဗာ​လ​ကို​အ​မှီ​ပြု၍ ဟော​ပြော​လျက်၊ ကျေး​ဇူး​မဲ့​သော​လမ်း​သို့ လိုက်​ကြ၏။ ထို​ကြောင့်၊ သင်​တို့​နှင့် သင်​တို့​သား​သ​မီး​များ​ကို ငါ​စစ်​ကြော​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ခိ​တ္တိမ်​ကျွန်း​တို့​သို့ ကူး၍ ကြည့်​ရှု​ကြ​လော့။ ကေ​ဒါ​ပြည်​သို့ လူ​ကို​စေ​လွှတ်၍၊ ထို​သို့​ဖြစ်​ဖူး​ပြီ​လော​ဟု စေ့​စေ့​ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ အ​ခြား​တစ်​ပါး​သော​လူ​မျိုး ကိုး​ကွယ်​သော​ဘု​ရား​သည် ဘု​ရား​မ​ဟုတ်​သော်​လည်း၊ ပြောင်း​လဲ​ဖူး​ပြီ​လော။ ငါ၏​လူ​မျိုး​သည် ကျေး​ဇူး​မ​ပြု​နိုင်​သော အ​ရာ​ဖို့ မိ​မိ​တို့​ဘုန်း​ကို ပြောင်း​လဲ​ကြ​ပြီ​တ​ကား။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အို မိုး​ကောင်း​ကင်​တို့၊ ထို​အ​မှု​ကို မိန်း​မော​တွေ​ဝေ၍၊ ကြက်​သီး​မွေး​ညင်း ထ​သည်​တိုင်​အောင် ထိတ်​လန့်​လျက်​နေ​ကြ​လော့။ ငါ၏​လူ​တို့​သည် အ​သက်​စမ်း​ရေ​တွင်း​တည်း​ဟူ​သော၊ ငါ့​ကို​စွန့်​ပစ်၍၊ ရေ​မ​လုံ၊ ပဲ့​ပျက်​သော​ရေ​ကျင်း​တို့​ကို တူး​သော​အား​ဖြင့် ဒု​စ​ရိုက်​နှစ်​ပါး​ကို ပြု​ကြ​ပြီ။

​ယေရမိ 2:1-13 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။