YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 10:17-25

ယေရမိ 10:17-25 JBMLE

အို ရဲ​တိုက်၌​နေ​သော​သူ၊ မြေ​ပေါ်​မှာ​ရှိ​သော သင်၏​ဥ​စ္စာ​ပ​ရိ​ကံ​များ​ကို စု​သိမ်း​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ယ​ခု​ပင်​ငါ​သည် လောက်​လွှဲ​စာ​ကို​ပစ်​သ​ကဲ့​သို့၊ ပြည်​သား​များ​ကို လောက်​လွှဲ​ထဲ​က​ပစ်၍၊ ရန်​သူ​တို့​လက်​သို့ ရောက်​စေ​ခြင်း​ငှာ ညှဉ်း​ဆဲ​မည်​ဟု မိန့်​တော်​မူ၏။ ငါ​သည် ချိုး​ဖျက်​ခြင်း​ကို ခံ​ရ​သော​ကြောင့် အ​မင်္ဂ​လာ​ရှိ၏။ ငါ့​အ​နာ​ပြင်း​လှ၏။ သို့​သော်​လည်း၊ ငါ​တွေ့​သော ဤ​ဒု​က္ခ​ဝေ​ဒ​နာ​ကို ဆက်​ဆက်​ခံ​ရ​မည်​ဟု ငါ​ဆို၏။ ငါ့​တဲ​လည်း​ပျက်၏။ ငါ့​ကြိုး​ရှိ​သ​မျှ​တို့​လည်း ပြတ်​ကြ၏။ ငါ့​သား​တို့​လည်း ငါ့​ထံ​မှ​ထွက်​သွား၍ ပျောက်​ကြ၏။ နောက်​တစ်​ဖန် ငါ့​တဲ​ကို ဆောက်​ရ​သော​သူ၊ ငါ့​ကု​လား​ကာ​တို့​ကို ဆွဲ​ကာ​ရ​သော​သူ မ​ရှိ။ အ​ကြောင်း​မူ​ကား၊ သိုး​ထိန်း​တို့​သည် တိ​ရ​စ္ဆာန်​သ​ဘော​ရှိ၍၊ ထာ​ဝ​ရ​ဘု​ရား​ကို​မ​ရှာ​ဖွေ​သော​ကြောင့် အ​ကြံ​မ​မြောက်​ရ​ကြ။ သိုး​စု​အ​ပေါင်း​တို့​သည် အ​ရပ်​ရပ်​သို့ ကွဲ​ပြား​ရ​ကြ၏။ အ​သံ​ကို ကြား​ရ၏။ အ​နီး​သို့​လာ၏။ ယု​ဒ​မြို့​တို့​ကို ဖျက်​ဆီး၍၊ မြေ​ခွေး​နေ​ရာ​တွင်း​ဖြစ်​စေ​ခြင်း​ငှာ၊ ကြီး​သော အ​သံ​ဗ​လံ​သည် မြောက်​မျက်​နှာ​က​လာ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ လူ​သည် မိ​မိ​သွား​ရာ​လမ်း​ကို အ​စိုး​မ​ရ။ သွား​စဉ်​အ​ခါ မိ​မိ​ခြေ​ရာ​တို့​ကို မ​စီ​ရင်​တတ်​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​ဆုံး​မ​တော်​မူ​လျှင်၊ အ​ကျိုး​နည်း​စေ​ခြင်း​ငှာ အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ တ​ရား​တော်​အ​တိုင်း​သာ ဆုံး​မ​တော်​မူ​ပါ။ ကိုယ်​တော်​ကို​မ​သိ​သော တစ်​ပါး​အ​မျိုး​သား​တို့ အ​ပေါ်​သို့​လည်း​ကောင်း၊ နာ​မ​တော်​ကို ပ​တ္ထ​နာ​မ​ပြု​သော အ​မျိုး​အ​နွယ်​တို့ အ​ပေါ်​သို့​လည်း​ကောင်း အ​မျက်​တော်​ကို သွန်း​လောင်း​တော်​မူ​ပါ။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ယာ​ကုပ်​အ​မျိုး​ကို အ​ကုန်​အ​စင်​ကိုက်​စား၍၊ သူ၏​နေ​ရာ​ကို သုတ်​သင်​ပယ်​ရှား​ကြ​ပါ​ပြီ။