YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 6:1-40

တရားသူကြီး 6:1-40 JBMLE

တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​သော​ကြောင့်၊ သူ​တို့​ကို မိ​ဒျန်​အ​မျိုး​လက်၌ ခု​နစ်​နှစ်​ပတ်​လုံး​အပ်​တော်​မူ​သ​ဖြင့်၊ မိ​ဒျန်​အ​မျိုး​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို နိုင်၍ ညှဉ်း​ဆဲ​သော​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တောင်​ရိုး၌ ခိုင်​ခံ့​သော ဥ​မင်​မြေ​တွင်း​တို့​ကို လုပ်​ရ​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​သည် လယ်​လုပ်​ပြီး​မှ၊ မိ​ဒျန်​ပြည်​သား​နှင့် အာ​မ​လက်​ပြည်​သား အ​စ​ရှိ​သော အ​ရှေ့​ပြည်​သား​တို့​သည် ချီ​လာ၍၊ တပ်​ချ​သ​ဖြင့်၊ ဂါ​ဇ​မြို့​တိုင်​အောင် မြေ​အ​သီး​အ​နှံ​ကို သုတ်​သင်​ပယ်​ရှင်း​လျက် စား​စ​ရာ​ကို ချန်၍​မ​ထား။ သိုး​နွား​မြည်း​ကို​လည်း ချန်၍​မ​ထား​ကြ။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သူ​တို့​သည် တိ​ရ​စ္ဆာန်​များ၊ တဲ​များ​ပါ​လျက်၊ ကျိုင်း​ကောင်​များ​ပြား​သ​ကဲ့​သို့၊ သူ​တို့​နှင့် ကု​လား​အုတ်​တို့​သည် မ​ရေ​တွက်​နိုင်​အောင် များ​ပြား​သ​ဖြင့် ဣ​သ​ရေ​လ​ပြည်​ကို ဖျက်​ဆီး​လျက် လာ​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​ဒျန်​အ​မျိုး​သား​တို့​ကြောင့် အ​လွန်​ဆင်း​ရဲ၍ ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ကြော်​ကြ၏။ ထို​သို့ မိ​ဒျန်​အ​မျိုး​သား​တို့​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ကြော်​ကြ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​တစ်​ယောက်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့ စေ​လွှတ်​တော်​မူ၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ သင်​တို့​ကို ငါ​နုတ်​ဆောင်​ပြီ။ အဲ​ဂု​တ္တု​ပြည်​သား​လက်​မှ​လည်း​ကောင်း၊ ညှဉ်း​ဆဲ​သော​သူ​အ​ပေါင်း​တို့ လက်​မှ​လည်း​ကောင်း၊ သင်​တို့​ကို​ကယ်​နုတ်၍၊ သူ​တို့​ကို သင်​တို့​ရှေ့​မှ နှင်​ထုတ်​သ​ဖြင့် သူ​တို့​ပြည်​ကို​ပေး​ပြီ။ ငါ​သည် သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ သင်​တို့​နေ​သော အာ​မော​ရိ​ပြည်​သား ကိုး​ကွယ်​သော ဘု​ရား​တို့​ကို မ​ကြောက်​ရွံ့​ကြ​နှင့်​ဟု ငါ​ပ​ညတ်​သော်​လည်း၊ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်​ကြ​ဟု မိန့်​တော်​မူ၏။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် လာ၍၊ ဩ​ဖ​ရ​ရွာ​မှာ အ​ဗျေ​ဇာ​အ​မျိုး​သား​ယော​ရှ​ပိုင်​သော သ​ပိတ်​ပင်​အောက်၌ ထိုင်​လေ၏။ ယော​ရှ​သား​ဂိ​ဒေါင်​သည် မိ​မိ​စ​ပါး​ကို မိ​ဒျန်​လူ​တို့ မ​တွေ့​စေ​ခြင်း​ငှာ၊ စ​ပျစ်​သီး​နယ်​ရာ တန်​ဆာ​အ​နား​မှာ စ​ပါး​ကို​နယ်​လျက်​နေ၏။ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ကိုယ်​ထင်​ရှား၍၊ ခွန်​အား​ကြီး​သော အ​ချင်း​သူ​ရဲ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ ရှိ​တော်​မူ၏​ဟု​ဆို​လျှင်၊ ဂိ​ဒေါင်​က၊ အို​သ​ခင်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​သည်​မှန်​လျှင် အ​ဘယ်​ကြောင့် ဤ​အ​မှု​ကြီး ရောက်​ရ​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သည် မ​ဟုတ်​လော​ဟု အ​ကျွန်ုပ်​တို့​အ​ဘ​များ ပြော​သည်​အ​တိုင်း ပြု​တော်​မူ​သော၊ အံ့​ဖွယ်​သော အ​မှု​ရှိ​သ​မျှ​တို့​သည် အ​ဘယ်​မှာ ရှိ​ပါ​သ​နည်း။ ယ​ခု​မှာ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​ကို​စွန့်၍ မိ​ဒျန်​လူ​တို့​လက်​သို့ အပ်​တော်​မူ​ပြီ​တ​ကား​ဟု ဆို​လေ​သော်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ့​ကို​ကြည့်​ရှု၍ ယ​ခု သင်​ရ​သော​တန်​ခိုး​ကို အ​မှီ​ပြု​လျက် သွား​လော့။ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို မိ​ဒျန်​လူ​တို့​လက်​မှ ကယ်​နုတ်​လိမ့်​မည်။ သင့်​ကို ငါ​စေ​ခိုင်း​သည် မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။ ဂိ​ဒေါင်​က​လည်း၊ အို​သ​ခင်၊ အ​ကျွန်ုပ်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​ဘယ်​သို့ ကယ်​နုတ်​နိုင်​ပါ​မည်​နည်း။ အ​ကျွန်ုပ်​အ​ဆွေ​အ​မျိုး​သည် မ​နာ​ရှေ​အ​မျိုး၌ သာ၍​ဆင်း​ရဲ​ပါ၏။ အ​ကျွန်ုပ်​သည်​လည်း၊ ကိုယ်​အ​ဆွေ​အ​မျိုး၌ အ​ယုတ်​ဆုံး​သော သူ​ဖြစ်​ပါ၏​ဟု လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က၊ အ​ကယ်​စင်​စစ် ငါ​သည် သင်​နှင့်​အ​တူ​ရှိ​သ​ဖြင့်၊ သင်​သည် လူ​တစ်​ယောက်​ကို လုပ်​ကြံ​သ​ကဲ့​သို့၊ မိ​ဒျန်​လူ​တို့​ကို လုပ်​ကြံ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ ဂိ​ဒေါင်​က​လည်း၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌ မျက်​နှာ​ရ​ပါ​လျှင် အ​ကျွန်ုပ်​နှင့် ယ​ခု​နှုတ်​ဆက်​တော်​မူ​ကြောင်း ထင်​ရှား​သော နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် တစ်​ဖန်​လာ​ပြန်၍၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ဆောင်​ခဲ့​သ​ဖြင့်၊ ကိုယ်​တော်​ရှေ့၌ မ​တင်​မီ​တိုင်​အောင်၊ ဤ​အ​ရပ်​က ကြွ​သွား​တော်​မ​မူ​ပါ​နှင့်​ဟု တောင်း​ပန်​လျှင်၊ သင်​သည် ပြန်၍ မ​လာ​မီ​တိုင်​အောင် ငါ​နေ​မည်​ဟု မိန့်​တော်​မူ၏။ ဂိ​ဒေါင်​သည် သွား၍ ဆိတ်​သ​ငယ်​တစ်​ကောင်​ကို​လည်း​ကောင်း၊ မုန့်​ညက်​တစ်​ဧ​ဖာ​နှင့် လုပ်​သော တ​ဆေး​မဲ့​မုန့်​ပြား​တို့​ကို​လည်း​ကောင်း ပြင်​ဆင်​လေ၏။ ဆိတ်​သား​ကို တောင်း၌​ထည့်၍၊ ဆိတ်​သား​ပြုတ်​ရည်​ကို အိုး၌​လောင်း​ပြီး​မှ၊ ကောင်း​ကင်​တ​မန်​ရှိ​ရာ သ​ပိတ်​ပင်​အောက်​သို့ ဆောင်​ခဲ့၍ ဆက်​လေ၏။ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​က​လည်း၊ အ​မဲ​သား​နှင့် တ​ဆေး​မဲ့​မုန့်​ပြား​တို့​ကို​ယူ၍ ဤ​ကျောက်​ပေါ်​မှာ တင်​ထား​လော့။ အ​မဲ​သား​ပြုတ်​ရည်​ကို သွန်း​လောင်း​လော့​ဟု ဆို​လျှင်၊ ဆို​သည်​အ​တိုင်း ဂိ​ဒေါင်​သည် ပြု​လေ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် မိ​မိ​ကိုင်​သော တောင်​ဝှေး​ကို​ဆန့်၍၊ အ​မဲ​သား​နှင့် တ​ဆေး​မဲ့​မုန့်​ပြား​တို့​ကို တို့​သ​ဖြင့်၊ ကျောက်​ထဲ​က​မီး​ထ၍ အ​မဲ​သား​နှင့် တ​ဆေး​မဲ့​မုန့်​ပြား​တို့​ကို လောင်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ကွယ်​လေ၏။ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​ဖြစ်​သည်​ကို ဂိ​ဒေါင်​သည် သိ​မြင်​သော​အ​ခါ၊ အို​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​ကို မျက်​နှာ​ချင်း​ဆိုင်၍ မြင်​ရ​ပါ​ပြီ​တ​ကား​ဟု လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ ချမ်း​သာ​ပါ​စေ။ မ​စိုး​ရိမ်​နှင့်။ သင်​သည် သေ​ဘေး​နှင့် လွတ်​လျက်​ရှိ​သည်​ဟု မိန့်​တော်​မူ၏။ ထို​အ​ရပ်၌ ဂိ​ဒေါင်​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်၍၊ ယေ​ဟော​ဝါ​ရှာ​လုံ​အ​မည်​ဖြင့် မှည့်​လေ၏။ အ​ဗျေ​ဇာ​သား၏​နေ​ရာ ဩ​ဖ​ရ​ရွာ၌ ယ​နေ့​တိုင်​အောင်​ရှိ​သ​တည်း။ ထို​နေ့​ည​မှာ ထာ​ဝ​ရ​ဘု​ရား​က၊ သင့်​အ​ဘ၏​နွား​ပိုက်​နှင့် အ​သက်​ခု​နစ်​နှစ်​ရှိ​သော ဒု​တိ​ယ​နွား​ထီး​ကို ယူ​ပြီး​လျှင်၊ သင့်​အ​ဘ​တည်​သော ဗာ​လ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ကို ဖြို​ဖျက်၍၊ ယဇ်​ပ​လ္လင်​အ​နား​မှာ​ရှိ​သော အာ​ရှ​ရ​ပင်​ကို ခုတ်​လှဲ​လော့။ ငါ​စီ​ရင်​သည်​အ​တိုင်း၊ ဤ​ကျောက်​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​ပြီး​လျှင်၊ ခုတ်​လှဲ​သော​သစ်​သား​ဖြင့် ဒု​တိ​ယ​နွား​ကို မီး​ရှို့၍ ယဇ်​ပူ​ဇော်​လော့​ဟု မိန့်​တော်​မူ၏။ ဂိ​ဒေါင်​လည်း မိ​မိ​ကျွန်​ဆယ်​ယောက်​တို့​ကို ခေါ်၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​လေ၏။ မိ​မိ​အ​ဘ၏ အိမ်​သား​တို့​ကို​လည်း​ကောင်း၊ မြို့​သား​တို့​ကို​လည်း​ကောင်း ကြောက်၍၊ နေ့​အ​ချိန်၌ မ​ပြု​ဝံ့​သော​ကြောင့်၊ ည​အ​ချိန်၌ ပြု၏။ နံ​နက်​စော​စော မြို့​သား​တို့​သည် ထ​ကြ​သော​အ​ခါ၊ ဗာ​လ​ဘု​ရား၏ ယဇ်​ပ​လ္လင်​သည် ပြို​ပျက်​လျက်၊ အ​နား​မှာ​ရှိ​သော အာ​ရှ​ရ​ပင်​လည်း​လဲ​လျက်၊ နောက်​တည်​သော ယဇ်​ပ​လ္လင်​ပေါ်​မှာ ဒု​တိ​ယ​နွား​ထီး​ကို ပူ​ဇော်​လျက်​ရှိ​သည်​ကို တွေ့​ကြ​လျှင်၊ ဤ​အ​မှု​ကို အ​ဘယ်​သူ​ပြု​သ​နည်း​ဟု တစ်​ယောက်​ကို​တစ်​ယောက် မေး​မြန်း​စစ်​ကြော​လျှင်၊ ဤ​အ​မှု​ကို ယော​ရှ​သား​ဂိ​ဒေါင်​ပြု​ပြီ​ဟု လူ​အ​ချို့​တို့​သည် ဆို​ကြ၏။ ထို​အ​ခါ မြို့​သား​တို့​သည် ယော​ရှ​အား၊ သင်၏​သား​သည် ဗာ​လ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ကို​ဖြို​ဖျက်၍ အ​နား​မှာ​ရှိ​သော အာ​ရှ​ရ​ပင်​ကို ခုတ်​လှဲ​သော​ကြောင့်၊ သူ့​ကို အ​သေ​ခံ​စေ​ခြင်း​ငှာ ထုတ်​လော့​ဟု ဆို​သော်​လည်း၊ ယော​ရှ​သည် တစ်​ဖက်၌​နေ​သော သူ​အ​ပေါင်း​တို့​အား၊ သင်​တို့​သည် ဗာ​လ​ဘု​ရား​ဘက်၌ အ​မှု​စောင့်​မည်​လော။ သူ့​ကို ကယ်​တင်​မည်​လော။ သူ့​ဘက်၌ အ​မှု​စောင့်​သော​သူ​သည်၊ နံ​နက်​မ​လွန်​မီ အ​သေ​ခံ​ပါ​လေ​စေ။ ဗာ​လ​သည် ဘု​ရား​မှန်​လျှင်၊ သူ၏​ယဇ်​ပ​လ္လင်​ကို တစ်​စုံ​တစ်​ယောက် ဖြို​ဖျက်​သော​ကြောင့်၊ မိ​မိ​အ​မှု​ကို မိ​မိ​စောင့်​ပါ​လေ​စေ​ဟု ပြန်​ပြော၏။ ထို​သို့ ဗာ​လ​ဘု​ရား​သည် သူ၏​ယဇ်​ပ​လ္လင်​ကို တစ်​စုံ​တစ်​ယောက် ဖြို​ဖျက်​သော​ကြောင့်၊ ထို​သူ​တစ်​ဖက် မိ​မိ​အ​မှု​ကို မိ​မိ​စောင့်​ပါ​လေ​စေ​ဟု ဆို​လျက် သူ၏​သား​ကို ထို​နေ့၌ ယေ​ရု​ဗ္ဗာ​လ​အ​မည်​ဖြင့် မှည့်​သ​တည်း။ ထို​အ​ခါ မိ​ဒျန်​ပြည်​သား၊ အာ​မ​လက်​ပြည်​သား၊ အ​ရှေ့​ပြည်​သား​အ​ပေါင်း​တို့​သည် စည်း​ဝေး​သ​ဖြင့်၊ ယေ​ဇ​ရေ​လ​ချိုင့်​သို့ ကူး​သွား၍ တပ်​ချ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ဂိ​ဒေါင်​အ​ပေါ်​မှာ သက်​ရောက်၍၊ သူ​သည် တံ​ပိုး​မှုတ်​သ​ဖြင့် အ​ဗျေ​ဇာ​သား​တို့​သည် လိုက်​ကြ၏။ တ​မန်​တို့​ကို မ​နာ​ရှေ​ခ​ရိုင်​တစ်​လျှောက်​လုံး​သို့ စေ​လွှတ်၍၊ မ​နာ​ရှေ​အ​မျိုး​သား​တို့​သည် လိုက်​ကြ၏။ တစ်​ဖန် အာ​ရှာ​ခ​ရိုင်၊ ဇာ​ဗု​လုန်​ခ​ရိုင်၊ နဿ​လိ​ခ​ရိုင်​သို့ တ​မန်​တို့​ကို စေ​လွှတ်၍၊ ထို​ခ​ရိုင်​သား​တို့​သည်​လည်း စု​ဝေး​ရာ​သို့ လာ​ကြ၏။ ဂိ​ဒေါင်​သည်​လည်း ဘု​ရား​သ​ခင်​အား၊ ကိုယ်​တော်​သည် မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အ​ကျွန်ုပ်​အား​ဖြင့် ကယ်​တင်​တော်​မူ​မည်​မှန်​လျှင်၊ အ​ကျွန်ုပ်​သည် သိုး​တစ်​ကောင်၏​အ​မွေး​ကို တ​လင်း၌ ထား​ပါ​မည်။ သိုး​မွေး​သည် နှင်း​စို၍၊ မြေ​တစ်​ပြင်​လုံး သွေ့​ခြောက်​လျှင်၊ မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အ​ကျွန်ုပ်​အား​ဖြင့် ကယ်​တင်​တော်​မူ​မည်​ကို အ​ကျွန်ုပ်​သိ​ပါ​မည်​ဟု တောင်း​လျှောက်​သည်​အ​တိုင်း ဖြစ်​လေ၏။ နံ​နက်​စော​စော​ထ၍ သိုး​မွေး​ကို​ညှစ်​သ​ဖြင့် နှင်း​ရည်​သည် အင်​တုံ​အ​ပြည့် ရှိ​လေ၏။ တစ်​ဖန် ဂိ​ဒေါင်​က၊ အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ တစ်​ကြိမ်​သာ​လျှောက်​ပါ​ဦး​မည်။ သိုး​တစ်​ကောင်၏​အ​မွေး​နှင့် ယ​ခု​တစ်​ကြိမ်​သာ စုံ​စမ်း​ရ​သော အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ မြေ​တစ်​ပြင်​လုံး​သည် နှင်း​စို၍ သိုး​မွေး​သွေ့​ခြောက်​ပါ​စေ​ဟု ဘု​ရား​သ​ခင်​အား တောင်း​လျှောက်​သည်​အ​တိုင်း၊ ထို​ည၌​လည်း ဘု​ရား​သ​ခင်​ပြု​တော်​မူ​သ​ဖြင့်၊ မြေ​တစ်​ပြင်​လုံး​သည် နှင်း​စို၍ သိုး​မွေး​သွေ့​ခြောက်​လျက်​ရှိ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။