YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 4:1-24

တရားသူကြီး 4:1-24 JBMLE

ဧ​ဟု​ဒ​သေ​သော​နောက်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တစ်​ဖန် ဒု​စ​ရိုက်​ကို​ပြု​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဟာ​ဇော်​မြို့၌ မင်း​ပြု​သော ခါ​နာန်​ရှင်​ဘု​ရင် ယာ​ဘိန်၌ ရောင်း​တော်​မူ၏။ သူ​ခန့်​ထား​သော ဗိုလ်​ချုပ်​မင်း​ကား၊ ဂေါ​အိမ်​ပြည် ဟာ​ရော​ရှက်​မြို့၌ နေ​သော​သိ​သ​ရ​တည်း။ ထို​မင်း၌ သံ​ရ​ထား​ကိုး​ရာ​ရှိ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အ​နှစ်​နှစ်​ဆယ်​ပတ်​လုံး အ​လွန်​ညှဉ်း​ဆဲ​သော​ကြောင့်၊ သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​ကြ၏။ ထို​ကာ​လ​အ​ခါ လ​ပိ​ဒုတ်​မယား ပ​ရော​ဖက်​မ​ဒေ​ဗော​ရ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို​အုပ်​စိုး၏။ သူ​သည် ဧ​ဖ​ရိမ်​တောင်​ပေါ်၊ ရာ​မ​မြို့​နှင့် ဗေ​သ​လ​မြို့​စပ်​ကြား၊ ဒေ​ဗော​ရ စွန်​ပ​လွံ​ပင်​အောက်​မှာ​နေ၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထို​ပ​ရော​ဖက်​မ၏ စီ​ရင်​ခြင်း​ကို​ခံ​အံ့​သော​ငှာ ရောက်​လာ​တတ်​ကြ၏။ တစ်​ဖန် ဒေ​ဗော​ရ​သည် လူ​ကို​စေ​လွှတ်၍၊ နဿ​လိ​ခ​ရိုင် ကေ​ဒေ​ရှ​မြို့​မှာ​နေ​သော အ​ဘိ​နောင်၏​သား ဗာ​ရက်​ကို ခေါ်​ပြီး​လျှင်၊ သင်​သည် နဿ​လိ​အ​မျိုး၊ ဇာ​ဗု​လုန်​အ​မျိုး​ထဲ​က လူ​တစ်​သောင်း​ကို​သွေး​ဆောင်၍ တာ​ဗော်​တောင်​သို့ သွား​လော့။ ငါ​သည်​လည်း ယာ​ဘိန်​မင်း၏​ဗိုလ်​ချုပ် သိ​သ​ရ​နှင့် ရ​ထား​ဗိုလ်​ပါ​များ​ကို သင်​ရှိ​ရာ​ကိ​ရှုန်​မြစ်​သို့ သွေး​ဆောင်၍ သင့်​လက်၌​အပ်​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​ဟု ဆင့်​ဆို​လေ၏။ ဗာ​ရက်​က​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​နှင့်​အ​တူ​ကြွ​လျှင် အ​ကျွန်ုပ်​သွား​ပါ​မည်။ ကြွ​တော်​မ​မူ​လျှင်​မူ​ကား မ​သွား​ပါ​ဟု လျှောက်​သော်၊ ဒေ​ဗော​ရ​က၊ ငါ​သည် သင်​နှင့်​အ​တူ အ​မှန်​သွား​မည်။ သို့​သော်​လည်း သင်​သွား​ရာ​လမ်း၌ ဂုဏ်​အ​သ​ရေ​ကို မ​ရ​ရာ။ ထာ​ဝ​ရ​ဘု​ရား​သည် သိ​သ​ရ​ကို မိန်း​မ၌ ရောင်း​တော်​မူ​မည်​ဟု​ဆို​ပြီး​မှ ထ၍ ဗာ​ရက်​နှင့်​အ​တူ ကေ​ဒေ​ရှ​မြို့​သို့ သွား​လေ၏။ ဗာ​ရက်​သည် နဿ​လိ​အ​မျိုး​သား၊ ဇာ​ဗု​လုန်​အ​မျိုး​သား​တို့​ကို ကေ​ဒေ​ရှ​မြို့​သို့​ခေါ်၍ လိုက်​သော​သူ တစ်​သောင်း​နှင့်​တ​ကွ ဒေ​ဗော​ရ​ပါ​လျက် တက်​လေ၏။ မော​ရှေ၏​ယော​က္ခ​မ ဟော​ဗတ်၏​သား​မြေး​အ​ဝင်၊ ကေ​နိ​အ​မျိုး​သား​ဟေ​ဗာ​သည်၊ ကေ​နိ​လူ​တို့​နှင့်​ခွာ၍ ကေ​ဒေ​ရှ​မြို့​အ​နား၊ ဇာ​နိမ်​သ​ပိတ်​ပင်​ခြေ​ရင်း၌ တဲ​ကို​ဆောက်​လျက် နေ​နှင့်​သ​တည်း။ အ​ဘိ​နောင်၏​သား ဗာ​ရက်​သည် တာ​ဗော်​တောင်​ပေါ်​သို့ တက်​ကြောင်း​ကို သိ​သ​ရ​အား ကြား​ပြော​လျှင်၊ သိ​သ​ရ​သည် မိ​မိ​ရ​ထား​ရှိ​သ​မျှ​တည်း​ဟူ​သော သံ​ရ​ထား​ကိုး​ရာ​နှင့် ဂေါ​အိမ်​ပြည် ဟာ​ရော​ရှက်​မြို့​မှ​စ၍ ကိ​ရှုန်​မြစ်​တိုင်​အောင် မိ​မိ​လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၏။ ဒေ​ဗော​ရ​က​လည်း ထ​လော့။ ယ​နေ့​ကား ထာ​ဝ​ရ​ဘု​ရား​သည် သိ​သ​ရ​ကို သင့်​လက်၌ အပ်​တော်​မူ​သော​နေ့ ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ရှေ့​မှာ ကြွ​တော်​မူ​ပြီ မ​ဟုတ်​လော​ဟု ဆို​လေ​သော်၊ ဗာ​ရက်​သည် လူ​တစ်​သောင်း​နှင့်​တ​ကွ တာ​ဗော်​တောင်​ပေါ်​က ဆင်း​လေ၏။ ထာ​ဝ​ရ​ဘု​ရား​သည် သိ​သ​ရ​မှ​စ၍ သူ၏​ရ​ထား​များ​နှင့် ဗိုလ်​ပါ​စစ်​သည်​များ အ​ပေါင်း​တို့​ကို ဗာ​ရက်​ရှေ့​မှာ ဓား​ဖြင့် ရှုံး​စေ​တော်​မူ​သော​ကြောင့်၊ သိ​သ​ရ​သည် မိ​မိ​ရ​ထား​မှ​ဆင်း၍ ခြေ​ဖြင့်​ပြေး​လေ၏။ ဗာ​ရက်​သည် ရ​ထား​များ၊ ဗိုလ်​ပါ​စစ်​သည်​များ​ကို ဂေါ​အိမ်​ပြည် ဟာ​ရော​ရှက်​မြို့​တိုင်​အောင် လိုက်၍၊ သိ​သ​ရ​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် တစ်​ယောက်​မျှ မ​ကျန်​ကြွင်း ဓား​နှင့် သေ​ကြ​ကုန်၏။ သိ​သ​ရ​သည် ကေ​နိ​အ​မျိုး​သား ဟေ​ဗာ၏​မ​ယား ယေ​လ၏​တဲ​သို့ ခြေ​ဖြင့်​ပြေး၏။ ထို​ကာ​လ၌ ဟာ​ဇော်​ရှင်​ဘု​ရင်​ယာ​ဘိန်​သည် ဟေ​ဗာ​အ​မျိုး​သား​ချင်း ကေ​နိ​လူ​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​လျက် ရှိ​သ​တည်း။ ယေ​လ​သည် သိ​သ​ရ​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ ထွက်၍၊ သ​ခင်​ဝင်​ပါ၊ ကျွန်​မ​ဆီ​သို့ ဝင်​ပါ။ စိုး​ရိမ်​တော်​မ​မူ​ပါ​နှင့်​ဟု ခေါ်​သည်​အ​တိုင်း၊ သူ​သည် ယေ​လ​နေ​ရာ​တဲ​ထဲ​သို့​ဝင်၍ ယေ​လ​သည် သူ့​ကို စောင်​နှင့်​ခြုံ​လေ၏။ သူ​က​လည်း၊ ငါ​ရေ​ငတ်​သည်၊ ရေ​အ​နည်း​ငယ်​ကို​ပေး​ပါ​ဟု တောင်း​လျှင်၊ မိန်း​မ​သည် နွား​နို့​ဘူး​ကို​ဖွင့်၍ သောက်​စေ​ပြီး​မှ တစ်​ဖန် ခြုံ​လေ၏။ သူ​က​လည်း၊ တဲ​တံ​ခါး​ဝ၌ နေ​ပါ။ လူ​တစ်​စုံ​တစ်​ယောက်​က ယောက်ျား​ရှိ​သ​လော​ဟု လာ၍​မေး​လျှင် မ​ရှိ​ကြောင်း​ကို ပြော​လော့​ဟု မှာ​ထား​လေ၏။ ထို​အ​ခါ ဟေ​ဗာ​မ​ယား​ယေ​လ​သည် သိ​သ​ရ​မော​လျက် အိပ်​ပျော်​စဉ်​တွင်၊ တဲ​တံ​သင်​တစ်​ချောင်း​နှင့် လက်​ရိုက်​ကို​ကိုင်​လျက် သူ့​ထံ​သို့ တိတ်​ဆိတ်​စွာ​သွား၍ တံ​သင်​ကို မြေ၌​စွဲ​စေ​သည်​တိုင်​အောင် သူ၏​နား​ပန်း​ထဲ​သို့ ရိုက်​သွင်း​သ​ဖြင့် သိ​သ​ရ​သည် သေ၏။ ဗာ​ရက်​သည် သိ​သ​ရ​ကို လိုက်​ရှာ​သော​အ​ခါ၊ ယေ​လ​ထွက်၍ ကျွန်​မ​ဆီ​သို့ ဝင်​ပါ။ ရှာ​သော​သူ​ကို ပြ​ပါ​မည်​ဟု ကြို​ဆို​လျှင်၊ ဗာ​ရက်​သည် တဲ​ထဲ​သို့​ဝင်၍ သိ​သ​ရ​သေ​လျက်၊ နား​ပန်း၌ တံ​သင်​စူး​လျက်​ရှိ​သည်​ကို မြင်​လေ၏။ ထို​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည် ခါ​နာန်​ရှင်​ဘု​ရင်​ယာ​ဘိန်​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှာ နှိမ့်​ချ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ထို​ရှင်​ဘု​ရင်​ကို မ​ဖျက်​ဆီး​မီ​တိုင်​အောင် အ​စဉ်​အောင်​လျက်​နေ​ကြ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။