YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 2:1-6

တရားသူကြီး 2:1-6 JBMLE

ထာ​ဝ​ရ​ဘု​ရား၏ တ​မန်​တော်​သည်၊ ဂိ​လ​ဂါ​လ​မြို့​မှ ဗော​ခိမ်​မြို့​သို့​လာ၍၊ သင်​တို့ ဘိုး​ဘေး​တို့​အား ငါ​ကျိန်​ဆို​သော​ပြည်​သို့ အဲ​ဂု​တ္တု​ပြည်​မှ သင်​တို့​ကို ငါ​ဆောင်​ခဲ့​ပြီ။ သင်​တို့​နှင့် ငါ​ဖွဲ့​သော​ပ​ဋိ​ညာဉ်​ကို ငါ​မ​ဖျက် အ​စဉ်​အ​မြဲ​စောင့်​မည်။ သင်​တို့​သည် ဤ​ပြည်​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​မ​ဖွဲ့​ရ။ သူ​တို့​ယဇ်​ပ​လ္လင်​တို့​ကို လှဲ​ချ​ရ​မည်​ဟု ငါ​ဆို​သော်​လည်း၊ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်​ကြ။ အ​ဘယ်​ကြောင့် ဤ​သို့​ပြု​ကြ​သ​နည်း။ တစ်​ဖန် ငါ​ဆို​သည်​ကား၊ ဤ​ပြည်​သား​တို့​ကို သင်​တို့​ရှေ့​မှ ငါ​မ​နှင်​ထုတ်။ သူ​တို့​သည် သင်​တို့​တစ်​ဖက်၌ မု​ဆိုး​လုပ်​လျက်၊ သူ​တို့​ဘု​ရား​တို့​သည်​လည်း သင်​တို့၌ ကျော့​ကွင်း​ဖြစ်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၏ တ​မန်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ဤ​သို့​မိန့်​တော်​မူ​သော​အ​ခါ၊ လူ​များ​တို့​သည် အ​သံ​ကို​လွှင့်၍ ငို​ကြွေး​ကြ၏။ ထို​အ​ရပ်​ကို ဗော​ခိမ်​အ​မည်​ဖြင့်​မှည့်၍ ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ကြ၏။ အ​ထက်​က ယော​ရှု​သည် လူ​များ​တို့​ကို လွှတ်​လိုက်​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​အ​မွေ​ခံ​ရာ​မြေ​ကို သိမ်း​ယူ​ခြင်း​ငှာ သွား​ကြ၏။