YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 13:2-22

တရားသူကြီး 13:2-22 JBMLE

ဒန်​အ​မျိုး၊ ဇော​ရာ​မြို့​သား မာ​နော်​အ​မည်​ရှိ​သော သူ​တစ်​ယောက်​ရှိ၏။ သူ၏​မ​ယား​သည် မြုံ​သော​ကြောင့် သား​မ​ဖွား။ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထို​မိန်း​မ​အား ကိုယ်​ထင်​ရှား၍၊ သင်​သည် မြုံ​သော​ကြောင့် သား​မ​ဖွား​သော်​လည်း၊ ယ​ခု ပ​ဋိ​သ​န္ဓေ​ယူ၍ သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။ သို့​ဖြစ်၍ သ​တိ​ပြု​လော့။ စ​ပျစ်​ရည်​ကို မ​သောက်​နှင့်။ သေ​ရည်​သေ​ရက်​ကို မ​သောက်​နှင့်။ မ​စင်​ကြယ်​သော​အ​စာ​ကို မ​စား​နှင့်။ အ​ကြောင်း​မူ​ကား၊ ပ​ဋိ​သ​န္ဓေ​ယူ၍ ဖွား​မြင်​လ​တ္တံ့​သော သား​ယောက်ျား​သည် ဆံ​ပင်​ရိတ်​ခြင်း​ကို မ​ခံ​ဘဲ၊ အ​မိ​ဝမ်း​ထဲ​မှ​စ၍ ဘု​ရား​သ​ခင်၏​နာ​ဇ​ရိ​လူ ဖြစ်​ရ​လိမ့်​မည်။ သူ​သည်​လည်း ဣ​သ​ရေ​လ​အ​မျိုး​ကို ဖိ​လိ​တ္တိ​လူ​တို့​လက်​မှ ကယ်​နုတ်​စ​ပြု​လိမ့်​မည်​ဟု ဆို၏။ ထို​မိန်း​မ​သည်​လည်း မိ​မိ​ခင်​ပွန်း​ထံ​သို့ သွား၍ ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​မျက်​နှာ​ကဲ့​သို့ ကြောက်​မက်​ဖွယ်​သော မျက်​နှာ​ရှိ​သော ဘု​ရား​သ​ခင်၏ လူ​တစ်​ယောက်​သည် အ​ကျွန်ုပ်​ဆီ​သို့ လာ၏။ အ​ဘယ်​က​လာ​သ​နည်း​ဟု အ​ကျွန်ုပ်​လည်း မ​မေး။ သူ​သည်​လည်း မိ​မိ​အ​မည်​ကို​မ​ပြော။ သူ​က​လည်း၊ သင်​သည် ပ​ဋိ​သ​န္ဓေ​ယူ၍ သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။ စ​ပျစ်​ရည်​ကို မ​သောက်​နှင့်။ သေ​ရည်​သေ​ရက်​ကို မ​သောက်​နှင့်။ မ​စင်​ကြယ်​သော​အ​စာ​ကို မ​စား​နှင့်။ အ​ကြောင်း​မူ​ကား၊ ထို​သူ​ငယ်​သည် အ​မိ​ဝမ်း​ထဲ​မှ​စ၍ သေ​သော​နေ့​တိုင်​အောင် ဘု​ရား​သ​ခင်၏​နာ​ဇ​ရိ​လူ​ဖြစ်​ရ​လိမ့်​မည်​ဟု အ​ကျွန်ုပ်​အား မိန့်​မြွက်​ကြောင်း​ကို ပြော​ဆို​လေ၏။ ထို​အ​ခါ မာ​နော်​က၊ အို​ဘု​ရား​ရှင်၊ အ​ကျွန်ုပ်​တို့​သည် ဖွား​မြင်​လ​တ္တံ့​သော သူ​ငယ်၌ အ​ဘယ်​သို့​ပြု​ရ​မည်​ကို ဘု​ရား​သ​ခင်၏​တ​မန်​တော်​သည် တစ်​ဖန်​လာ၍ သွန်​သင်​စေ​တော်​မူ​ပါ​ဟု ထာ​ဝ​ရ​ဘု​ရား​အား တောင်း​လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​သည် မာ​နော်​စ​ကား​ကို နား​ထောင်​တော်​မူ၍၊ ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​သည် လယ်​လုပ်​ရာ​အ​ရပ်၌ ထိုင်​လျက်​ရှိ​သော ထို​မိန်း​မ​ဆီ​သို့ လာ​ပြန်၏။ ထို​အ​ခါ ခင်​ပွန်း​မာ​နော်​မ​ရှိ။ မိန်း​မ​သည် မိ​မိ​ခင်​ပွန်း​ထံ​သို့ အ​လျင်​အ​မြန်​ပြေး၍၊ တစ်​နေ့​က​လာ​သော​သူ​သည် ယ​ခု​လာ​ရောက်​ပြီ​ဟု ကြား​ပြော​လျှင်၊ မာ​နော်​သည်​ထ၍ မ​ယား​နှင့်​အ​တူ ထို​သူ​ထံ​သို့ သွား​ပြီး​လျှင်၊ သင်​သည် ဤ​မိန်း​မ​အား​ပြော​သော​သူ မှန်​သ​လော​ဟု မေး​သော်၊ မှန်​သည်​ဟု ဆို၏။ မာ​နော်​က​လည်း၊ ကိုယ်​တော်၏​စ​ကား ပြည့်​စုံ​ပါ​စေ​သော။ သူ​ငယ်​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​ပါ​လိမ့်​မည်​နည်း။ သူ၌ အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း​ဟု​မေး​သော်၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​က၊ ငါ​ပြော​သ​မျှ​ကို မိန်း​မ​ရှောင်​ရ​မည်။ စ​ပျစ်​ပင်​မှ ဖြစ်​သ​မျှ​ကို မ​စား​ရ။ စ​ပျစ်​ရည်​မှ​စ၍ သေ​ရည်​သေ​ရက်​ကို မ​သောက်​ရ။ မ​စင်​ကြယ်​သော​အ​ရာ​ကို မ​စား​ရ။ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း စောင့်​ရှောက်​ရ​မည်​ဟု မာ​နော်​အား ပြော​ဆို၏။ မာ​နော်​က​လည်း၊ ကိုယ်​တော်​အ​ဖို့ ဆိတ်​သ​ငယ်​ကို မ​ပြင်​ဆင်​မီ​တိုင်​အောင် ကိုယ်​တော်​ကို ဆီး​တား​ပါ​ရ​စေ​ဟု ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​အား ဆို​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​က၊ ငါ့​ကို ဆီး​တား​သော်​လည်း သင်၏​စား​စ​ရာ​ကို ငါ​မ​စား။ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​လို​လျှင် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရ​မည်​ဟု မာ​နော်​အား ဆို​ပြန်၏။ သူ​သည် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​ဖြစ်​သည်​ကို မာ​နော် မ​သိ​သေး။ မာ​နော်​က​လည်း ကိုယ်​တော်​စ​ကား​ပြည့်​စုံ​သော​အ​ခါ၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ရ​မည်​အ​ကြောင်း၊ ကိုယ်​တော်၏​အ​မည်​ကား အ​ဘယ်​သို့​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​အား​မေး​သော်၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​က၊ အံ့​ဩ​ဖွယ်​ဖြစ်​သော ငါ့​အ​မည်​ကို အ​ဘယ်​ကြောင့်​မေး​သ​နည်း​ဟု ဆို၏။ မာ​နော်​သည် ဆိတ်​သ​ငယ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ယူ၍ ကျောက်​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​လေ၏။ ထို​အ​ခါ မာ​နော်​လင်​မ​ယား​တို့​သည် ကြည့်၍ မြင်​ရ​သော အံ့​ဩ​ဖွယ်​ဟူ​မူ​ကား၊ မီး​လျှံ​သည် ယဇ်​ပ​လ္လင်​ပေါ်​က မိုး​ကောင်း​ကင်​သို့ တက်​စဉ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ယဇ်​ပ​လ္လင်​မီး​လျှံ၌ တက်​လေ၏။ မာ​နော်​လင်​မ​ယား​တို့​သည် ကြည့်၍​မြင်​လျှင် မြေ​ပေါ်​မှာ ပျပ်​ဝပ်​လျက်​နေ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည်၊ မာ​နော်​လင်​မ​ယား​တို့​အား တစ်​ဖန်​မ​ပေါ်​လာ။ ထို​အ​ခါ မာ​နော်​သည် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​ဖြစ်​သည်​ကို သိ၏။ မာ​နော်​က​လည်း၊ ငါ​တို့​သည် ဘု​ရား​သ​ခင်​ကို မြင်​သော​ကြောင့်၊ ဆက်​ဆက်​သေ​တော့​မည်​ဟု မ​ယား​အား​ပြော​သော်၊