YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 11:18-40

တရားသူကြီး 11:18-40 JBMLE

နောက်​တစ်​ဖန် တော​ကို​လျှောက်​လျက်၊ ဧ​ဒုံ​ပြည်​နှင့် မော​ဘ​ပြည်​ကို ဝိုင်း၍ မော​ဘ​ပြည်​အ​ရှေ့​ဘက်​သို့ ရောက်​ပြီး​မှ အာ​နုန်​မြစ်​တစ်​ဖက်၌ တပ်​ချ​ကြ၏။ ထို​အ​ခါ မော​ဘ​ပြည်​နယ်​အ​တွင်း​သို့ မ​ဝင်​ကြ။ အာ​နုန်​မြစ်​သည် မော​ဘ​ပြည်​အ​ပိုင်း​အ​ခြား ဖြစ်​သ​တည်း။ တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သည် အာ​မော​ရိ​အ​မျိုး ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင် ရှိ​ဟုန်​ထံ​သို့ သံ​တ​မန်​ကို​စေ​လွှတ်၍၊ ငါ​တို့​နေ​ရာ​သို့ ရောက်​အံ့​သော​ငှာ မင်း​ကြီး​ပြည်​ကို လျှောက်​သွား​ပါ​ရ​စေ​ဟု အ​ခွင့်​တောင်း​သော်​လည်း၊ ရှိ​ဟုန်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို မ​ယုံ၊ မိ​မိ​ပြည်​ကို လျှောက်​သွား​စေ​ခြင်း​ငှာ အ​ခွင့်​မ​ပေး​သည်​သာ​မ​က၊ မိ​မိ​လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၍၊ ယာ​ဟတ်​မြို့၌ တပ်​ချ​ပြီး​လျှင် ဣ​သ​ရေ​လ​အ​မျိုး​ကို စစ်​တိုက်​လေ၏။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ရှိ​ဟုန်​မင်း​နှင့်​တ​ကွ သူ၏​လူ​အ​ပေါင်း​တို့ ဣ​သ​ရေ​လ​အ​မျိုး​လက်၌ အပ်​တော်​မူ၍၊ သူ​တို့​ကို လုပ်​ကြံ​သ​ဖြင့် ထို​ပြည်၌​နေ​သော အာ​မော​ရိ​လူ​တို့၏ မြေ​တစ်​လျှောက်​လုံး​ကို သိမ်း​ယူ​ကြ၏။ အာ​မော​ရိ​ပြည် နယ်​မြေ​တစ်​လျှောက်​လုံး​ကို အာ​နုန်​မြစ်​မှ​စ၍ ယ​ဗ္ဗုတ်​ချောင်း​တိုင်​အောင်​လည်း​ကောင်း၊ တော​မှ​စ၍ ယော်​ဒန်​မြစ်​တိုင်​အောင်​လည်း​ကောင်း သိမ်း​ယူ​ကြ၏။ ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ အာ​မော​ရိ​လူ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​ရှေ့​မှာ သူ​တို့​ပြည်​ကို နုတ်​တော်​မူ​သည်​ဖြစ်၍၊ သင်​သည် သိမ်း​ယူ​ရ​မည်​လော။ သင်၏​ဘု​ရား ခေ​မု​ရှ​အ​ပိုင်​ပေး​သော​မြေ​ကို သင်​သိမ်း​ယူ​ရ​သည် မ​ဟုတ်​လော။ ထို​အ​တူ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား နှင်​ထုတ်​တော်​မူ​သော သူ​တို့၏​မြေ​ကို ငါ​တို့​သည်​သိမ်း​ယူ​ရ၏။ သင်​သည် မော​ဘ​ရှင်​ဘု​ရင် ဇိ​ဖော်​မင်း၏​သား ဗာ​လက်​ထက်​သာ၍ မြတ်​သ​လော။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​နှင့် ရန်​တွေ့​ဖူး​သ​လော။ စစ်​တိုက်​ဖူး​သ​လော။ ဣ​သ​ရေ​လ​အ​မျိုး​သည် ဟေ​ရှ​ဘုန်​မြို့​ရွာ​တို့၌​လည်း​ကောင်း၊ အာ​ရော်​မြို့​ရွာ​တို့၌​လည်း​ကောင်း၊ အာ​နုန်​မြစ်​နား​မှာ​ရှိ​သော မြို့​ရွာ​အ​လုံး​စုံ​တို့၌​လည်း​ကောင်း အ​နှစ်​သုံး​ရာ​ပတ်​လုံး​နေ​စဉ်​တွင် အ​ဘယ်​ကြောင့် သင်​တို့​သည် မ​ရ​ပြန်​သ​နည်း။ သင့်​ကို ငါ​မ​ပြစ်​မှား။ သင်​သည် စစ်​တိုက်၍ ငါ့​ကို ညှဉ်း​ဆဲ၏။ ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သူ​ကြီး​လုပ်၍ ဣ​သ​ရေ​လ​အ​မျိုး​သား၊ အ​မ္မုန်​အ​မျိုး​သား​တို့ စပ်​ကြား​မှာ ယ​နေ့ တ​ရား​စီ​ရင် ဆုံး​ဖြတ်​တော်​မူ​ပါ​စေ​သော​ဟု မှာ​လိုက်​လေ၏။ သို့​သော်​လည်း ယေ​ဖ​သ​မှာ​လိုက်​သော​စ​ကား​ကို အ​မ္မုန်​ရှင်​ဘု​ရင်​သည် နား​မ​ထောင်​ဘဲ​နေ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် ယေ​ဖ​သ​အ​ပေါ်​မှာ သက်​ရောက်၍၊ သူ​သည် ဂိ​လဒ်​ပြည်၊ မ​နာ​ရှေ​ပြည်​ကို​လျှောက်​လျက် ဂိ​လဒ်​ပြည် မိ​ဇ​ပါ​မြို့​ကို လွန်၍ အ​မ္မုန်​လူ​တို့​ရှိ​ရာ​သို့ ချီ​သွား​လေ၏။ ယေ​ဖ​သ​သည် ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​က​တိ​ထား​လျက်၊ အ​ကယ်၍ ကိုယ်​တော်​သည် အ​မ္မုန်​အ​မျိုး​သား​တို့​ကို အ​ကျွန်ုပ်​လက်၌ အပ်​တော်​မူ​လျှင်၊ အ​ကျွန်ုပ်​သည် အ​မ္မုန်​အ​မျိုး​သား​တို့​ရှိ​ရာ​မှ ငြိမ်​ဝပ်​စွာ ပြန်​လာ​သော​အ​ခါ၊ အ​ကျွန်ုပ်​ကို ခ​ရီး​ဦး​ကြို ပြု​အံ့​သော​ငှာ အ​ကျွန်ုပ်​အိမ်​တံ​ခါး​ဝ​မှ ထွက်​လာ​သော​သူ မည်​သည်​ကို ထာ​ဝ​ရ​ဘု​ရား​အား အ​မှန်​ဆက်​သ၍ မီး​ရှို့​ရာ​ယဇ် ပူ​ဇော်​ပါ​မည်​ဟု သ​စ္စာ​က​တိ​ထား​ပြီး​မှ၊ အ​မ္မုန်​အ​မျိုး​သား​တို့​ကို တိုက်​ခြင်း​ငှာ ချီ​သွား၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ယေ​ဖ​သ​လက်၌ အပ်​တော်​မူ​သ​ဖြင့်၊ အာ​ရော်​မြို့​မှ​စ၍ မိ​န္နိတ်​မြို့​တိုင်​အောင်​လည်း​ကောင်း၊ အာ​ဗေ​လ​ခေ​ရ​မိမ်​မြို့​တိုင်​အောင်​လည်း​ကောင်း၊ မြို့​နှစ်​ဆယ်​တို့​ကို ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​အား​ဖြင့် သူ​တို့​ကို တိုက်​သတ်​လေ၏။ ထို​သို့ အ​မ္မုန်​အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ရှေ့​မှာ ရှုံး​ရ​ကြ၏။ ယေ​ဖ​သ​သည် မိ​ဇ​ပါ​မြို့ မိ​မိ​အိမ်​သို့ ရောက်​လာ​သော​အ​ခါ၊ မိ​မိ​သ​မီး​သည် ပတ်​သာ​တီး​လျက်၊ က​လျက် ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထွက်​လာ၏။ သူ​သည် တစ်​ယောက်​တည်း​သော​သ​မီး​ဖြစ်၍၊ သူ​မှ​တစ်​ပါး သား​သ​မီး​မ​ရှိ။ ယေ​ဖ​သ​သည် သူ့​ကို​မြင်​လျှင်၊ မိ​မိ​အ​ဝတ်​ကို​ဆုတ်၍၊ အို ငါ့​သ​မီး၊ သင်​သည် ငါ့​ကို အ​လွန်​နှိမ့်​ချ​ပြီ​တ​ကား။ ငါ့​ကို နှောင့်​ယှက်​သော​သူ​တစ်​ယောက် ဖြစ်​ပါ​သည်​တ​ကား။ ထာ​ဝ​ရ​ဘု​ရား​အား ငါ​လျှောက်​ထား​ပြီ။ နုတ်​ရ​သော​အ​ခွင့်​မ​ရှိ​ဟု ဆို​သော်၊ သ​မီး​က၊ ခ​မည်း​တော်​သည် ထာ​ဝ​ရ​ဘု​ရား​အား လျှောက်​ထား​လျှင်၊ လျှောက်​ထား​သည်​အ​တိုင်း ကျွန်​မ၌​ပြု​ပါ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ခ​မည်း​တော်၏​ရန်​သူ အ​မ္မုန်​အ​မျိုး​သား​တို့၌ ခ​မည်း​တော်၏​စိတ်​ပြေ​စေ​ခြင်း​ငှာ အ​ပြစ်​ပေး​တော်​မူ​ပြီ။ သို့​ရာ​တွင် ကျွန်​မ​သည် အ​ပေါင်း​အ​ဖော်​တို့​နှင့်​တ​ကွ တောင်​ရိုး​ပေါ်​မှာ လှည့်​လည်၍၊ ကျွန်​မ၏ အ​ပျို​က​ညာ​ဖြစ်​ခြင်း​ကို ငို​ကြွေး​မြည်​တမ်း​ရ​မည်​အ​ကြောင်း၊ နှစ်​လ​ပတ်​လုံး အ​လွတ်​နေ​ပါ​ရ​စေ​ဟု အ​ဘ​အား အ​ခွင့်​တောင်း​သည်​အ​တိုင်း၊ အ​ဘ​က၊ သွား​လေ​တော့​ဟု​ဆို​လျက် နှစ်​လ​ကို​ချိန်း​ချက်၍ လွှတ်​လိုက်​လျှင်၊ အ​ပေါင်း​အ​ဖော်​တို့​နှင့်​တ​ကွ​သွား၍ တောင်​ရိုး​ပေါ်​မှာ မိ​မိ​အ​ပျို​က​ညာ​ဖြစ်​ခြင်း​ကို ငို​ကြွေး​မြည်​တမ်း​လေ၏။ နှစ်​လ​စေ့​သော​အ​ခါ အ​ဘ​ထံ​သို့ ပြန်​လာ၍၊ အ​ဘ​သည် သ​စ္စာ​က​တိ​ရှိ​သည်​အ​တိုင်း​ပြု​လေ၏။ ထို​မိန်း​မ​သည် ယောက်ျား​နှင့် မ​ဆက်​ဆံ​သော​သူ​ဖြစ်၏။ ထို​နောက်​မှ ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တို့​သည်၊ ဂိ​လဒ်​အ​မျိုး​သား ယေ​ဖ​သ၏​သ​မီး​ကြောင့် တစ်​နှစ်​တစ်​နှစ်​လျှင် လေး​ရက်​ပတ်​လုံး ငို​ကြွေး​မြည်​တမ်း​ခြင်း​ငှာ​သွား​ရ​သော ဣ​သ​ရေ​လ​ထုံး​စံ​ဓ​လေ့​ဖြစ်​လေ၏။