YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ် 5:1-11

ရှင်ယာကုပ် 5:1-11 JBMLE

အ​ချင်း​သူ​ဌေး၊ သူ​ကြွယ်​တို့၊ ယ​ခု​လာ​ကြ၊ သင်​တို့​အ​ပေါ်၌ ရောက်​လ​တ္တံ့​သော ဆင်း​ရဲ​ဒု​က္ခ​ဝေ​ဒ​နာ​ကြောင့် ငို​ကြွေး​အော်​ဟစ်​ကြ။- သင်​တို့​ဥ​စ္စာ​ပ​စ္စည်း​သည် ပုပ်​စပ်​လျက်​ရှိ၏။ အ​ဝတ်​ကို​လည်း ပိုး​ကိုက်​စား​လေ​ပြီ။- ရွှေ​ငွေ​လည်း အ​ချေး​တက်၍ ပျက်​ကုန်​ပြီ။ ထို​အ​ချေး​သည် သင်​တို့​တစ်​ဖက်၌ သက်​သေ​ဖြစ်၍၊ မီး​ကဲ့​သို့ သင်​တို့​အ​သား​ကို စား​လိမ့်​မည်။ နောက်​ဆုံး​သော နေ့​ရက်​ကာ​လ​အ​ဖို့ ဘ​ဏ္ဍာ​ကို ဆည်း​ပူး​ကြ​ပြီ​တ​ကား၊- နား​ထောင်​ကြ။ သင်​တို့​လယ်​ကွက်၌ ရိတ်​သော​သူ​တို့​ကို လှည့်​စား၍၊ အ​ခ​မ​ပေး​ဘဲ​နေ​သော​ကြောင့်၊ ထို​အ​ခ​သည် ကြွေး​ကြော်​လေ၏။ ရိတ်​သော​သူ​တို့၏ အော်​ဟစ်​ခြင်း​အ​သံ​သည်​လည်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ နား​တော်​ထဲ​သို့​ဝင်​လေ​ပြီ။- သင်​တို့​သည် မြေ​ကြီး​ပေါ်​မှာ ကာ​မ​ဂုဏ်​ခံ​စား၍ အ​လွန်​ပျော်​မွေ့​ကြ​ပြီ။ သတ်​ရ​သော​နေ့၌​ကဲ့​သို့၊ မိ​မိ​တို့​နှ​လုံး​ကို မွေး​မြူ​ကြ​ပြီ။- ဖြောင့်​မတ်​သော​သူ​ကို အ​ပြစ်​စီ​ရင်၍ ကွပ်​မျက်​ကြ​ပြီ။ သူ​သည်​လည်း သင်​တို့​ကို မ​ဆီး​တား။ ထို​ကြောင့်၊ ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား ကြွ​လာ​တော်​မူ​သည်​တိုင်​အောင် သည်း​ခံ​လျက် စောင့်​နေ​ကြ​လော့။ အ​ကယ်၍ လယ်​လုပ်​သော​သူ​သည် အ​ရင်​မိုး၊ နောက်​မိုး​ကို​ရ​သည်​တိုင်​အောင်၊ အ​ဖိုး​ထိုက်​သော မြေ​အ​သီး​ကို သည်း​ခံ​လျက် စောင့်​နေ၍ မျှော်​လ​င့်​တတ်၏။- သင်​တို့​သည်​လည်း သည်း​ခံ​လျက် စောင့်​နေ​ကြ​လော့။ ကိုယ်​စိတ်​နှ​လုံး​ကို မြဲ​မြံ​စေ​ကြ​လော့။ သ​ခင်​ဘု​ရား ကြွ​လာ​တော်​မူ​သော​အ​ချိန် ရောက်​လု​နီး​ပြီ။- ညီ​အစ်​ကို​တို့၊ စစ်​ကြော​စီ​ရင်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ အ​ချင်း​ချင်း ငြင်း​ခုံ​ပြစ်​တင်​ခြင်း​ကို မ​ပြု​ကြ​နှင့်။ တ​ရား​စီ​ရင် ပိုင်​သော​သူ​သည် တံ​ခါး​နား​မှာ ရှိ​တော်​မူ၏။- ငါ့​ညီ​အစ်​ကို​တို့၊ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို အ​မှီ​ပြု၍ ဟော​ပြော​သော ပ​ရော​ဖက်​တို့​သည် ဆင်း​ရဲ​ဒု​က္ခ​တွေ့​ခြင်း၊ သည်း​ခံ​ခြင်း၏ ပုံ​သက်​သေ​ကို ပြ​ကြ​ပြီ​ဟု မှတ်​ကြ​လော့။- သည်း​ခံ​နိုင်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​သော​သူ​ဟူ၍ ငါ​တို့​သည် ခေါ်​ကြ၏။ ယော​ဘ​သည် သည်း​ခံ​ကြောင်း​ကို သင်​တို့​ကြား​ရ​ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​အ​မှု​ကို လက်​စ​သတ်​တော်​မူ​ရာ​မှာ အ​လွန်​သ​နား စုံ​မက်​တော်​မူ​ကြောင်း​ကို​လည်း သိ​မြင်​ရ​ကြ​ပြီ။