YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ် 4:4-10

ရှင်ယာကုပ် 4:4-10 JBMLE

မ​တ​ရား​သော​မေ​ထုန်၌​မှီ​ဝဲ​သော ယောက်ျား​မိန်း​မ​တို့၊ လော​ကီ​မိတ်​သ​ဟာ​ယ​သည် ဘု​ရား​သ​ခင်​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​သည်​ကို မ​သိ​ကြ​သ​လော။ ဤ​လော​က​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​လို​သော​သူ​သည် ဘု​ရား​သ​ခင်၏ ရန်​သူ​ဖြစ်၏။- ကျမ်း​စာ​ချက် အ​ချည်း​နှီး​သက်​သက် ဖြစ်​သည်​ဟူ၍​လည်း​ကောင်း၊ ငါ​တို့၌ တည်​နေ​သော ဝိ​ညာဉ်​တော်​သည် ငြူ​စူ​စေ​ချင်​သော သ​ဘော​ရှိ​သည် ဟူ၍​လည်း​ကောင်း၊ ထင်​ကြ​သ​လော။- ထို​ဝိ​ညာဉ်​တော်​သည် သာ၍​များ​သော ကျေး​ဇူး​ကို ပြု​တော်​မူ၏။ ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ​လာ​သည်​ကား၊ ထောင်​လွှား​စော်​ကား​သော​သူ​တို့​ကို ဘု​ရား​သ​ခင် ဆီး​တား​တော်​မူ၏။ စိတ်​နှိမ့်​ချ​သော သူ​တို့​အား ကျေး​ဇူး​ပြု​တော်​မူ၏​ဟု လာ​သ​တည်း။ ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏​အ​လို​တော်​သို့ လိုက်​ကြ​လော့။ မာရ်​နတ်​ကို ဆီး​တား​ကြ​လော့။ သို့​ပြု​လျှင်၊ သူ​သည် သင်​တို့​ထံ​က ပြေး​သွား​လိမ့်​မည်။- ဘု​ရား​သ​ခင်၌ ချဉ်း​ကပ်​ကြ​လော့။ သို့​ပြု​လျှင်၊ သင်​တို့၌ ချဉ်း​ကပ်​တော်​မူ​လိမ့်​မည်။ အ​ပြစ်​ရှိ​သော​သူ​တို့၊ သင်​တို့​လက်​ကို စင်​ကြယ်​စေ​ကြ​လော့။ စိတ်​နှစ်​ခွ​ရှိ​သော​သူ​တို့၊ သင်​တို့​စိတ်​နှ​လုံး​ကို သန့်​ရှင်း​စေ​ကြ​လော့။- ဆင်း​ရဲ​ငြို​ငြင်​ခြင်း၊ စိတ်​မ​သာ​ညည်း​တွား​ခြင်း၊ ငို​ကြွေး​မြည်​တမ်း​ခြင်း ရှိ​ကြ​လော့။ သင်​တို့​ရယ်​ခြင်း​ကို စိတ်​မ​သာ​ညည်း​တွား​ခြင်း ဖြစ်​စေ​ကြ​လော့။ ဝမ်း​မြောက်​ခြင်း​ကို​လည်း ဝမ်း​နည်း​ခြင်း​ဖြစ်​စေ​ကြ​လော့။- ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ကိုယ်​ကို​ကိုယ် နှိမ့်​ချ​ကြ​လော့။ သို့​ပြု​လျှင်၊ သင်​တို့​ကို ချီး​မြှောက်​တော် မူ​လိမ့်​မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။