YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 9:18-21

ဟေရှာယ 9:18-21 JBMLE

အ​ဓ​မ္မ​သည် မီး​ကဲ့​သို့ လောင်​တတ်၏။ ဆူး​ပင်​အ​မျိုး​မျိုး​ကို ကျွမ်း​စေ​မည်။ တော​အုပ်​ကို​လည်း မီး​ရှို့​သ​ဖြင့်၊ အ​ပင်​တို့​သည် မီး​ခိုး​နှင့်​တ​ကွ လွင့်​တက်​ကြ​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​ကြောင့်၊ မြေ​သည်​မီး​လောင်၍၊ မြေ​သား​တို့​သည် မီး​မွှေး​ဖို့ ထင်း​ဖြစ်​ကြ​လိမ့်​မည်။ ညီ​အစ်​ကို​ချင်း တစ်​ယောက်​ကို​တစ်​ယောက် မ​နှ​မြော​ရ။ လက်​ယာ​ဘက်၌ ခုတ်​ဖြတ်​သော်​လည်း၊ ငတ်​မွတ်​လိမ့်​မည်။ လက်​ဝဲ​ဘက်၌ ကိုက်​စား​သော်​လည်း မ​ဝ​ရ။ အိမ်​နီး​ချင်း​အ​သား​ကို လူ​တိုင်း ကိုက်​စား​ရ​လိမ့်​မည်။ မ​နာ​ရှေ​အ​မျိုး​သည် ဧ​ဖ​ရိမ်​အ​မျိုး​ကို​လည်း​ကောင်း၊ ဧ​ဖ​ရိမ်​အ​မျိုး​သည် မ​နာ​ရှေ​အ​မျိုး​ကို​လည်း​ကောင်း ကိုက်​စား​ကြ​လိမ့်​မည်။ ထို​နှစ်​မျိုး​တို့​သည် ယု​ဒ​အ​မျိုး​ကို တ​ညီ​တ​ညွတ်​တည်း ရန်​ပြု​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ အ​မျက်​တော်​သည်​မ​ငြိမ်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး၏။