YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 9:1-7

ဟေရှာယ 9:1-7 JBMLE

သို့​သော်​လည်း၊ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​ကို​ခံ​ရ​သော​ပြည်​သည် နောက်​မှ မှောင်​မိုက်​နှင့် ကင်း​လွတ်​လိမ့်​မည်။ ဇာ​ဗု​လုန်​ခ​ရိုင်​နှင့် နဿ​လိ​ခ​ရိုင်​ကို အ​ထက်​က ရှုတ်​ချ​တော်​မူ​သော်​လည်း၊ နောက်​တစ်​ဖန် အိုင်​နား​လျှောက်​သော​လမ်း၊ ယော်​ဒန်​မြစ်​တစ်​ဖက်၊ တစ်​ပါး​အ​မျိုး​သား​နေ​ရာ ဂါ​လိ​လဲ​ပြည်​ကို ဂုဏ်​အ​သ​ရေ​နှင့် ပြည့်​စုံ​စေ​တော်​မူ၏။ မှောင်​မိုက်​ထဲ​မှာ သွား​လာ​သော လူ​များ​တို့​သည် ကြီး​စွာ​သော​အ​လင်း​ကို မြင်​ရ၍၊ သေ​မင်း၏​နိုင်​ငံ​အ​ရိပ်​တွင်​ရှိ​နေ​သော​သူ​တို့၌ အ​လင်း​ပေါ်​ထွန်း​လျက်​ရှိ၏။ ကိုယ်​တော်​သည် အ​မျိုး​သား​တို့​ကို များ​ပြား​စေ၍၊ သူ​တို့၏​ဝမ်း​မြောက်​ခြင်း​ကို တိုး​ပွား​စေ​တော်​မူ၏။ စ​ပါး​ကို​စု​သိမ်း​ရာ​ကာ​လ၌ ဝမ်း​မြောက်​သ​ကဲ့​သို့​လည်း​ကောင်း၊ လု​ယူ​သော​ဥ​စ္စာ​ကို​ဝေ​သော​သူ ဝမ်း​မြောက်​သ​ကဲ့​သို့​လည်း​ကောင်း၊ ရှေ့​တော်၌​သူ​တို့​သည် ဝမ်း​မြောက်​ကြ​ပါ၏။ အ​ကြောင်း​မူ​ကား၊ မိ​ဒျန်​လက်​ထက်၌ ပြု​တော်​မူ​သ​ကဲ့​သို့၊ ကိုယ်​တော်​သည် သူ​တို့​ထမ်း​ရ​သော​ထမ်း​ပိုး၊ ကျော၌​ခံ​ရ​သော တုတ်​ကို​လည်း​ကောင်း၊ ညှဉ်း​ဆဲ​သော​သူ၏ လှံ​တံ​ကို​လည်း​ကောင်း ချိုး​တော်​မူ​ပြီ။ စစ်​တိုက်​သော​သူ​ရဲ၏​ခြေ​စွပ်​နှင့် အ​သွေး​လှ​သော အ​ဝတ်​တန်​ဆာ​ရှိ​သ​မျှ​တို့​သည် မီး​ရှို့​ဖို့​မီး​စာ ဖြစ်​ရ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​အ​ဖို့ သူ​ငယ်​ကို​ဖွား​မြင်၏။ ငါ​တို့​အား သား​ကို​သ​နား​တော်​မူ၏။ ထို​သူ​သည် အုပ်​စိုး​ခြင်း​အာ​ဏာ​စက်​ရှိ​လိမ့်​မည်။ နာ​မ​တော်​မူကား အံ့​ဩ​ဖွယ်၊ တိုင်​ပင်​ဘက်၊ တန်​ခိုး​ကြီး​သော​ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​အ​ဘ၊ ငြိမ်​သက်​ခြင်း​အ​ရှင်​ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို ခံ​တော်​မူ​လိမ့်​မည်။ ဒါ​ဝိဒ်​မင်း၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်၍၊ နိုင်​ငံ​တော်​ကို နောင်​ကာ​လ​အ​စဉ်​မ​ပြတ်၊ တ​ရား​တော်​အ​တိုင်း ဖြောင့်​မတ်​စွာ​စီ​ရင်၍ အ​မြဲ​တည်​စေ​တော်​မူ​မည်​အ​ကြောင်း၊ အာ​ဏာ​တော်​တိုး​တက်​ခြင်း​နှင့် ငြိမ်​သက်​တော်​မူ​ခြင်း​သည် နိ​စ္စ​အ​မြဲ​ရှိ​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် အ​လို​တော်​အား​ကြီး၍၊ ထို​အ​မှု​ကို ပြီး​စီး​စေ​တော်​မူ​လိမ့်​မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။