YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 8:16-22

ဟေရှာယ 8:16-22 JBMLE

ဤ​သက်​သေ​ခံ​ချက်​ကို ငါ့​တ​ပည့်​တို့​တွင် ထုပ်​ထား၍၊ ပ​ညတ်​တ​ရား​ကို တံ​ဆိပ်​ခတ်​လော့​ဟု မိန့်​တော်​မူ၏။ ယာ​ကုပ်​အ​မျိုး​သား​တို့​တွင် မျက်​နှာ​တော်​ကို ကွယ်​ထား​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို ငါ​သည် ဆိုင်း​ငံ့​လျက် မျှော်​လင့်​မည်။ ငါ​မှ​စ၍ ငါ့​အား ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော သူ​ငယ်​တို့​သည် ရှိ​ကြ၏။ ဇိ​အုန်​တောင်​ပေါ်​မှာ ကျိန်း​ဝပ်​တော်​မူ​သော ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​က၊ ဣ​သ​ရေ​လ​အ​မျိုး၌ ပု​ပ္ပ​နိ​မိတ်​နှင့် အံ့​ဖွယ်​သော​အ​ရာ ဖြစ်​စေ​ခြင်း​ငှာ ပေး​တော်​မူ​သ​တည်း။ တိုး​တိုး​ပြော၍ မ​န္တန်​သ​ရ​ဇ္ဈာယ်​တတ်​သော နတ်​ဝင်​နှင့် စုန်း​တို့၌ ဆည်း​ကပ်​ကြ​လော့​ဟု သင်​တို့​အား ဆို​လျှင်​မူ​ကား၊ လူ​တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင်၌ မ​ဆည်း​ကပ်​အပ်​သ​လော။ အ​သက်​ရှင်​သော​သူ၏​အ​မှု​မှာ အ​သက်​သေ​သော​သူ၌ ဆည်း​ကပ်​အပ်​သ​လော။ တ​ရား​တော်​ကို​လည်း​ကောင်း၊ သက်​သေ​ခံ​တော်​မူ​ချက်​ကို​လည်း​ကောင်း နား​ထောင်​ကြ​ကုန်။ သူ​တို့​ပြော​သော​စ​ကား​သည် နှုတ်​က​ပတ်​တော်​နှင့်​မ​ညီ​လျှင်၊ သူ​တို့၌ အ​ရုဏ်​မ​တက်​သေး။ ပင်​ပန်း​ခြင်း​နှင့် မွတ်​သိပ်​ခြင်း​ကို​ခံ​လျက် လွန်​သွား​ရ​ကြ​လိမ့်​မည်။ မွတ်​သိပ်​သော​အ​ခါ​လည်း ကိုယ်​ကို​ကိုယ်​နှောင့်​ယှက်၍၊ မိ​မိ​တို့ ရှင်​ဘု​ရင်​နှင့် မိ​မိ​တို့​ဘု​ရား​သ​ခင်​ကို ကျိန်​ဆဲ​ကြ​လိမ့်​မည်။ အ​ထက်​သို့ မျှော်​သည်​ဖြစ်​စေ၊ မြေ​ကြီး​ကို ကြည့်​သည်​ဖြစ်​စေ၊ ဒု​က္ခ​ဆင်း​ရဲ​နှင့် မှောင်​မိုက်​အ​တိ​ရှိ​ပါ၏။ ထူ​ထပ်​သော​မှောင်​မိုက်​နှင့် တွေ့၍၊ အ​လင်း​ကွယ်​ပျောက်​ရာ​သို့ နှင်​ထုတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။