YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 64:1-11

ဟေရှာယ 64:1-11 JBMLE

ကိုယ်​တော်​သည် မိုး​ကောင်း​ကင်​ကို ဖွင့်​လှစ်၍၊ ဆင်း​သက်​တော်​မူ​ပါ​စေ​သော။ ရှေ့​တော်၌ တောင်​တို့​သည် လှုပ်​ကြ​ပါ​စေ​သော။ မီး​သည် အ​မှိုက်​ကို​လောင်​သ​ကဲ့​သို့​လည်း​ကောင်း၊ ရေ​ကို ဆူ​စေ​သ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ပါ​စေ​သော။ သို့​ဖြစ်​လျှင်၊ ကိုယ်​တော်၏ ရန်​သူ​တို့​သည် နာ​မ​တော်​ကို​သိ၍၊ ရှေ့​တော်၌ လူ​အ​မျိုး​မျိုး​တို့​သည် တုန်​လှုပ်​ကြ​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​တို့ မျှော်​လင့်​သည်​ထက်၊ အံ့​ဖွယ်​သော အ​မှု​တို့​ကို ပြု​တော်​မူ​သော​အ​ခါ၊ ဆင်း​သက်​တော်​မူ၍ တောင်​တို့​သည် ရှေ့​တော်၌ လှုပ်​ကြ​ပါ၏။ ကိုယ်​တော်​ကို မျှော်​လင့်​သော သူ​တို့​အ​ဖို့​အ​လို​ငှာ ကျေး​ဇူး​ပြု​တော်​မူ​သော​ဘု​ရား၊ ကိုယ်​တော်​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​သ​ခင်​ကို က​မ္ဘာ​ဦး​မှ​စ၍ အ​ဘယ်​သူ​မျှ မ​ကြား​မ​သိ​ပါ။ နား​ဖြင့်​မ​ကြား၊ မျက်​စိ​ဖြင့် မ​မြင်​စ​ဖူး​ပါ။ ဝမ်း​မြောက်​သော​စိတ်​နှင့် ဖြောင့်​မတ်​စွာ ကျင့်​သော​သူ၊ တ​ရား​တော်​လမ်း​တို့၌ ကိုယ်​တော်​ကို အောက်​မေ့​သော​သူ​တို့​နှင့် ကိုယ်​တော်​သည် မိတ်​သ​ဟာ​ယ​ဖွဲ့​တော်​မူ၏။ ထို​လမ်း​တို့​မှ အ​ကျွန်ုပ်​တို့​သည် အ​စဉ်​လွှဲ​တတ်​သော​ကြောင့် အ​မျက်​ထွက်​တော်​မူ၏။ ကယ်​တင်​ခြင်း​သို့ ရောက်​ရ​ကြ​ပါ​မည်​လော။ အ​ကျွန်ုပ်​တို့​ရှိ​သ​မျှ​သည် စင်​ကြယ်​ခြင်း​မ​ရှိ​ပါ။ ပြု​ဖူး​သ​မျှ​သော ကု​သိုလ်​ကောင်း​မှု​တို့​သည် ညစ်​သော​အ​ဝတ်​နှင့် တူ​ကြ​ပါ၏။ အ​ကျွန်ုပ်​တို့ ရှိ​သ​မျှ​သည် သစ်​ရွက်​ကဲ့​သို့ ညှိုး​နွမ်း​လျက်​ရှိ၍၊ ကိုယ်​အ​ပြစ်​တို့​သည် လေ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို တိုက်​သွား​ပါ​ပြီ။ နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​သော​သူ၊ ကိုယ်​တော်​ကို​မှီ​ဝဲ​ခြင်း​ငှာ ကိုယ်​ကို​ကိုယ် နှိုး​ဆော်​သော​သူ တစ်​ယောက်​မျှ​မ​ရှိ​ပါ။ အ​ကြောင်း​မူ​ကား၊ မျက်​နှာ​တော်​ကို​လွှဲ၍ အ​ကျွန်ုပ်​တို့​ကို ဒု​စ​ရိုက်​အ​ပြစ်​အား​ဖြင့် ဆုံး​ရှုံး​စေ​တော်​မူ​ပြီ။ သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​အ​ဘ ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့​သည် အိုး​မြေ​ဖြစ်​ပါ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့၏ အိုး​ထိန်း​ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့​ရှိ​သ​မျှ​သည် လက်​တော်​နှင့် ဖန်​ဆင်း​သော​အ​ရာ​ဖြစ်​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ပြင်း​စွာ​အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ ပြစ်​မှား​မိ​သော​အ​ပြစ်​တို့​ကို အ​စဉ်​မ​ပြတ် အောက်​မေ့​တော်​မ​မူ​ပါ​နှင့်။ ကြည့်​ရှု​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​ရှိ​သ​မျှ​သည် ကိုယ်​တော်၏​လူ​ဖြစ်​ကြ​ပါ၏။ သန့်​ရှင်း​သော​မြို့​တော်​တို့​သည် တော​ဖြစ်​ကြ​ပါ​ပြီ။ ဇိ​အုန်​တောင်​လည်း တော​ဖြစ်​ပါ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​လည်း ပျက်​စီး​ပါ​ပြီ။ ကိုယ်​တော်​ကို ဘိုး​ဘေး​တို့​ချီး​မွမ်း​ရာ​အ​ရပ်၊ အ​ကျွန်ုပ်​တို့၏ သန့်​ရှင်း​တင့်​တယ်​သော ဗိ​မာန်​တော်​ကို မီး​လောင်​ပါ​ပြီ။ အ​ကျွန်ုပ်​တို့ နှစ်​သက်​ဖွယ်​သော အ​ရာ​ရှိ​သ​မျှ​တို့​သည် သုတ်​သင်​ပယ်​ရှား​လျက် ရှိ​ကြ​ပါ၏။

​ဟေရှာယ 64:1-11 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။