YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 63:11-14

ဟေရှာယ 63:11-14 JBMLE

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ လူ​တို့​သည် ရှေး​ကာ​လ၊ မော​ရှေ၏​ကာ​လ​ကို အောက်​မေ့​ကြ၏။ မိ​မိ​လူ​တို့​ကို သိုး​ထိန်း​နှင့်​တ​ကွ ပင်​လယ်​ထဲ​က ထုတ်​ဆောင်​သော​ဘု​ရား​သည် အ​ဘယ်​မှာ ရှိ​တော်​မူ​သ​နည်း။ မိ​မိ​လူ​တို့​အ​ထဲ၌ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို သွင်း​လျက်၊ မော​ရှေ၏​လက်​ယာ​နား​မှာ ဘုန်း​ကြီး​သော လက်​ရုံး​တော်​ကို သွင်း၍၊ အ​သ​ရေ​တော်​ကို အ​စဉ် ထင်​ရှား​စေ​ခြင်း​ငှာ၊ သူ​တို့​ရှေ့​မှာ ရေ​ကို​ခွဲ​သ​ဖြင့်၊ လွင်​ပြင်၌ မြင်း​ကို​နှင်​သ​ကဲ့​သို့၊ အ​ဆီး​အ​တား​မ​ရှိ​ဘဲ နက်​နဲ​ရာ​အ​ရပ်၌ သူ​တို့​ကို ဆောင်​သွား​သော​ဘု​ရား​သည် အ​ဘယ်​မှာ ရှိ​တော်​မူ​သ​နည်း။ ချိုင့်​ထဲ​သို့​သိုး​နွား ဆင်း​သွား​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ငြိမ်​ဝပ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ထို​သို့ အ​သ​ရေ​တော်​ကို ထင်​ရှား​စေ​ခြင်း​ငှာ၊ ကိုယ်​တော်၏​လူ​တို့​ကို ဆောင်​သွား​တော်​မူ​ပါ​ပြီ။